Trend

အောင်မြင်သူတွေနဲ့ လက်ပတ်နာရီအကြောင်း

အောင်မြင်တဲ့သူတိုင်းမှာ သေသေချာချာ လေ့ကျင့်ပျိုးထောင်ထားတဲ့ အမူအကျင့်လေးတွေ ရှိတတ်ကြပါတယ်။

တချို့ဆိုရင် အိပ်ရာစောစောထတဲ့ အလေ့အကျင့်မျိုး၊ စာဖတ်တာ စတဲ့ အမူအကျင့်တွေ အပြင် အချိန်ကို လေးလေးစားစား ရှိတယ် ဆိုတာ အောင်မြင်သူတို့အတွက် အရေးအကြီးဆုံးထဲက အမူအကျင့်တခုပါ။ အောင်မြင်သူတိုင်း အချိန်ကို လေးစားကြပါတယ်။ အချိန်ကို တန်ဖိုးထားကြပါတယ်။

အချိန်ကိုတန်ဖိုးထားတတ်တဲ့ အောင်မြင်သူတိုင်းဟာ လက်ပတ်နာရီ ဝတ်ဆင်လေ့ ရှိကြပါတယ်။ အောင်မြင်သူတွေရဲ့ ၃၀ရာခိုင်နှုန်းလောက်ဟာ ဘယ်သန်တွေဖြစ်လို့ လက်ပတ်နာရီ ဝတ်ဆင်တဲ့အခါ ညာဘက်လက်မှာ ဝတ်ဆင်လေ့ရှိပါတယ်။ လူအများစုက ညာသန်တွေ ဖြစ်တာကြောင့် နာရီကိုဝတ်ဆင်တဲ့အခါ ဘယ်လက်မှာ ဝတ်ဆင်လေ့ရှိကြပါတယ်။

များသောအားဖြင့် ဘယ်ဘက်လက်မှာ လက်ပတ်နာရီကိုဝတ်ဆင်တာက ပိုပြီး သက်သောင့်သက်သာဖြစ်စေ သလို စာရေးတဲ့အခါ ၊ စာရိုက်တဲ့အခါ အနှောက်အယှက်မဖြစ် စေတာကြောင့်ပါ။ ဘယ်သန်တွေက လက်ပတ်နာရီကို ညာဘက်မှာဝတ်ဆင်ပြီး၊ ညာသန်တွေက ဘယ်ဘက်လက်မှာ ဝတ်ဆင်ခြင်းက နာရီဝတ်ဆင်ခြင်းရဲ့ ပုံစံအမှန်ပါ။

သို့သော်လည်း သူများနဲ့ မတူဘဲ နာရီကို ညာဘက်မှာဝတ်ဆင်ကြသူတွေဟာ အများနဲ့မတူ တမူ ထူးခြားတဲ့ အောင်မြင်သူတွေပါ။ နာရီကိုညာဘက်မှာ ဝတ်လေ့ရှိသူတွေကတော့ David Beckham, Hrithik Roshan, Aishwarya Rai, Sharuk Khan စတဲ့သူတွေပဲ ဖြစ်ကြပါတယ်။

နာရီကို ညာလက်မှာ ဝတ်ဆင်သူတွေက ပိုပြီးသက်သောင့်သက်သာဖြစ်သလို နေ့စဉ် အသုံးပြုရလွယ်ကူတယ်လို့ မှတ်ချက်ပြုကြပါတယ်။ ဒါဆိုရင် သင်ကကော နာရီကို ဘယ်ဘက်မှာ ဝတ်လေ့ရှိတဲ့သူလား ညာဘက်မှာ ဝတ်လေ့ရှိတဲ့သူလား။

Loading