Trend

အင်းဆက်ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်မယ့် သဘာဝနည်းလမ်းကောင်းများ

Want create site? Find Free WordPress Themes and plugins.

အိမ်တွင်းက အင်းဆက်ပိုးမွှားတွေကို ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ပိုးသတ်ဆေးတွေရဲ့ အကူအညီနဲ့ နှိမ်နှင်းနိုင်တယ်ဆိုပေမယ့် ဓာတုပစ္စည်းတွေပါဝင်တဲ့ ပိုးသတ်ဆေးတွေကို ရေရှည်အသုံးပြုမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတတယ်။

ဒါကြောင့်မို့လို့ အင်းဆက်ပိုးမွှားတွေကို သဘာဝပစ္စည်းတွေ အသုံးပြုပြီး နှိမ်နင်းနိုင်မယ့် နည်းလမ်း ကောင်းတွေ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

(၁) ပုရွက်ဆိတ်

မီးဖိုချောင်၊ ထမင်းစားပွဲနဲ့ အိမ်ရဲ့နေရာအနှံ့မှာ တွေ့ရတတ်တဲ့ ပုရွက်ဆိတ်တွေကိုတော့ သူတို့ လာတတ်တဲ့ နေရာတဝိုက်မှာ သခွားသီးစိတ်လေးတွေ ထားပေးခြင်းအားဖြင့် ဝေးဝေးပြေးစေနိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် နည်းလမ်းကောင်းတခုကတော့ သစ်ကြံပိုးခေါက်မှုန့် အနည်းငယ်ကို ပုရွက်ဆိတ်တွေရှိတဲ့ နေရာတဝိုက်မှာ ဖြူးပေးထားခြင်းအားဖြင့်လည်း နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။

(၂) ပိုးဟပ်

ပိုးဟပ်တွေက အန္တရာယ်များတဲ့ ကူးစက်ရောဂါတွေကို သယ်ယူလာနိုင်တဲ့ အင်းဆက်တမျိုး ဖြစ်တာကြောင့် အထူး သတိထားသင့်ပါတယ်။ သခွားသီးစိတ်လေးတွေကို ပိုးဟပ်တွေ လာတတ်တဲ့ နေရာတွေမှာ ထားပေးခြင်းအားဖြင့် နှိမ်နင်းနိုင်သလို ပိုးဟပ်တွေရှိတဲ့ နေရာ တဝိုက်ကို ဆပ်ပြာ အရည်ဖျော်ပြီး လောင်းချပေးခြင်းအားဖြင့်လည်း နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။

(၃) ဆန်ပိုး

ဆန်ပုံးထဲက ဆန်တွေ ခဏခဏ ပိုးတက်လို့ စိတ်ညစ်နေရတဲ့ အိမ်ရှင်မတွေ အနေနဲ့ ဆန်ပုံးထဲကို လေးညှင်းပွင့် ဒါမှမဟုတ် ကရဝေးရွက်တို့ကို ထည့်ပြီး နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။

(၄) ယင်ကောင်

အစားအစာတွေမှာ နားတတ်တဲ့ ယင်ကောင်တွေဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိလှတဲ့ အင်းဆက်တမျိုး ဖြစ်ပြီး ယင်ကောင်တွေကို နှိမ်နင်းနိုင်ဖို့ နည်းလမ်းကောင်းကတော့ ယူကလစ်ဆီ အနည်းငယ်ကို ချည်ထည် အဝတ်စတခုပေါ်မှာ အနည်းငယ် အစက်ချ ထည့်ပေးပြီး ယင်ကောင်တွေ ရှိတဲ့ နေရာတဝိုက်မှာ ထားပေးခြင်းအားဖြင့် နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။

Ref : dengarden.com

Did you find apk for android? You can find new Free Android Games and apps.
Loading