Marvel Studio ရဲ့ အောင်မြင်ကျော်ကြားတဲ့ စူပါဟီးရိုးတဦးဖြစ်တဲ့ Captain America ဇာတ်ကောင်အတွက် မင်းသား Chris Evans ဟာ နာရီပေါင်းများစွာ လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ရတဲ့အပြင် နေ့စဉ် စားသောက်မှုပုံစံကိုလည်း ပြင်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။
အခု ဖော်ပြပေးမှာက မင်းသား Chris Evans အနေနဲ့ Captain America လို ခန္ဓာကိုယ် အချိုးအစားမျိုး ရရှိဖို့အတွက် စားသောက်ခဲ့ရတဲ့ အစားအစာ စာရင်းပဲ ဖြစ်ပါတယ်။
(၁) ဆန်လုံးညို
ဆန်လုံးညိုဟာ ခန္ဓာကိုယ်ကြွက်သားတွေ ကျစ်လစ်သန်မာစေဖို့အတွက် အကောင်းဆုံးသော အစားအစာဖြစ်ပြီး သူ့မှာပါဝင်တဲ့ ဗီတာမင်ဘီ၊ သံဓာတ်နဲ့ Fatty acid တို့ဟာ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်း ပေးနိုင်စွမ်းရှိတာကြောင့် အဖြူရောင်ဆန်အစား ဆန်လုံးညိုကိုသာ စားခဲ့တယ်လို့ မင်းသားက ဆိုပါတယ်။
(၂) ပန်းသီး
ပန်းသီးဟာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အသီးတမျိုးဖြစ်တဲ့အပြင် ဓာတ်တိုး ဆန့်ကျင်သတ္တိလည်း ရှိတာကြောင့် Captain America ဇာတ်ကောင်အတွက် ပြင်ဆင်နေစဉ် အတောအတွင်းမှာ Chris Evans ဟာ အဆာပြေ မုန့်ပဲသရေစာအဖြစ် ပန်းသီးကိုသာ စားသုံးခဲ့ပါတယ်။
(၃) ငါး
ငါးမှာ ပါဝင်တဲ့ ဗီတာမင်ဘီနဲ့ omega-3 fatty acid ဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် အာဟာရဓာတ်တွေ အလုံအလောက်ပေးနိုင်တာကြောင့် တပတ်မှာ ငါးကို နှစ်ကြိမ်ခန့် စားသုံးခဲ့ရတယ်လို့ မင်းသား Chris Evans ဟာ အင်တာဗျူးတခုမှာ ဖြေကြားခဲ့ဖူးပါတယ်။
(၄) အမဲသား
အမဲသားဟာ ပရိုတင်းဓာတ်ကို တခြားသော အသားတွေထက် အလုံအလောက် ဖြည့်ပေးနိုင်တဲ့အပြင် ကြွက်သားတွေကို ကျစ်လျစ်သန်မာစေတာကြောင့် နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ မပါမဖြစ်စားသုံးခဲ့တယ်လို့ ဆိုပါတယ်။
(၅) Chicken Salad
နေ့လည်စာအဖြစ် ကြက်သားနဲ့ ဟင်းသီးဟင်းရွက်များများပါဝင်တဲ့ Chicken Salad (ကြက်သားသုပ်) ကို ပရိုတင်းဓာတ်ဖြည့်တင်း ပေးနိုင်ဖို့အတွက်ရော ခွန်အားတွေ တိုးတက်လာစေဖို့အတွက်ပါ စားသုံးခဲ့တယ်လို့ သူကဆိုပါတယ်။
(၆) သစ်ကြားသီး
အဆာပြေ မုန့်ပဲသရေစာတွေထဲမှာ သစ်ကြားသီးဟာ အာဟာရလည်း ပြည့်ဝသလို ပရိုတင်းဓာတ်နဲ့ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ အဆီဓာတ်လည်းပါဝင်တာကြောင့် မကြာခဏဆိုသလို စားသုံးဖြစ်တယ်လို့ မင်းသား Chris Evans က ဆိုပါတယ်။
Ref : www.ehow.com