Trend

အာရှတိုက်မှာသာ မြင်တွေရမယ့် ထူးဆန်းထွေလာများ

Want create site? Find Free WordPress Themes and plugins.

အာရှတိုက်ဆိုတာ ကမ္ဘာပေါ်က တိုက်ကြီးတွေထဲမှာ အကြီးဆုံးနဲ့ လူဦးရေအများဆုံး တိုက်တခုပါ။ လူဦးရေ ပျမ်းမျှ ၄ ဒဿမ ၄၆ ဘီလီယံကျော် ရှိတယ်လို့ သိရပါတယ်။ တခြားကမ္ဘာတဖက်ခြမ်းက တိုက်တွေနဲ့ မတူကွဲပြားတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ ဘာသာစကားတွေ၊ အစားအသောက်တွေနဲ့ တခြားစိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေ အများဆုံး မြင်တွေ့နိုင်မယ့်နေရာပါ။

ဒီဆောင်းပါးမှာ အာရှတိုက်အနှံ့ နိုင်ငံတွေကိုလေ့လာရင်း ထူးဆန်းအံ့သြစရာကောင်းပြီး ကမ္ဘာ့တခြားနေရာ ဒေသတွေနဲ့ မတူ ကွဲပြားနေတဲ့ အကြောင်းအရာတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

(၁) တရုတ်နိုင်ငံက အကြီးဆုံး QR Code ပန်းခြံကြီး

အကြီးဆုံးသော QR Code ပုံစံ ဖန်တီးထားတဲ့ ပန်းခြံကြီးကို တရုတ်နိုင်ငံမှာ မြင်တွေ့ရမှာပါ။ သစ်ပင်ပေါင်း ၁ သိန်း ၃ သောင်းကျော်နဲ့ ပုံစံဖော်ထားပြီး ကောင်းကင်မြင်ကွင်းကနေပဲ အကုန်လုံးကို ခြုံပြီးမြင်တွေ့နိုင်မှာပါ။

(၂) အစားအသောက်တွေကို ပလတ်စတစ်အိတ်နဲ့ ထည့်ပေးခြင်း

စားသောက်ဆိုင်တွေကနေ အစားအစာကို ထုပ်ယူသွားတဲ့အခါမျိုးမှာ အာရှနိုင်ငံတော်တော်များများမှာ ပလတ်စတစ် အိတ်နဲ့ ထည့်ပေးကြပါတယ်။ ဒါဟာ အာရှတိုက်သားတွေအတွက်တော့ ပုံမှန်လုပ်ရိုးလုပ်စဉ် အလေ့အထ တခုပါ။

(၃) ရထားလမ်းဘေးက ဈေးဆိုင်များ

ထိုင်းနိုင်ငံက မဲခေါင်ရထားလမ်းတလျှောက်က လမ်းဘေးတွေမှာ ဈေးရောင်းတဲ့ဈေးသည်တွေကို အစီအရီ တွေ့ရမှာပါ။ ရထားလာတဲ့အခါ ဈေးဗန်းတွေ၊ ဈေးခြင်းတွေ မလွတ်မှာဆိုးလို့ ဖယ်ပေးရတာမျိုးက သူတို့အတွက် အထူးအဆန်း မဟုတ်တော့ပါဘူး။

(၄) ကလေးခုံလေးတွေ တပ်ထားပေးတဲ့ ဂျပန်က အိမ်သာများ

ကလေးမိခင်တွေ အိမ်သာဝင်ချင်တဲ့အခါ အလွယ်တကူ ဝင်နိုင်အောင် အိမ်သာတံခါးတွေမှာ ကလေးကို ခဏချထား လို့ရတဲ့ ခုံလေးတွေ ဂျပန်က အိမ်သာတိုင်းမှာ မြင်တွေ့ရမှာပါ။ မိခင်တွေ အိမ်သာတက်နေတဲ့အချိန် ကရိကထ မများအောင် အဆင်ပြေအောင် လုပ်ပေးထားတာပါ။ ဒါ့အပြင် အိမ်သာထဲဝင်ရင် စီးဖို့ အိမ်သာစီးဖိနပ်ကိုပါ ချထားလေ့ ရှိပါတယ်။

(၅) အနုပညာဆန်ဆန် ဖန်တီးထားတဲ့ ရေမြောင်းဖုံးများ

ဂျပန်နိုင်ငံမှာ နောက်ထပ် အံ့သြသင့်စရာ အချက်ကတော့ ရေမြောင်းအဖုံးတွေကို အနုပညာမျက်စိနဲ့ လှပအောင် ခြယ်သထားတာကိုပါ။ ရေမြောင်းအဖုံးလို့ ထင်ရက်စရာ မရှိလောက်အောင် အနုပညာမြောက်လွန်းလို့ လာလည်တဲ့ ဧည့်သည်တိုင်း အမှတ်တရပုံတွေ ရိုက်လေ့ရှိကြပါတယ်။

(၆) အမြဲလူလျှံနေတဲ့ ဘင်္ဂလားဒေ့ရှ်ရထားများ

နိုင်ငံတော်တော်များများမှာ ရုံးဆင်းရုံးတက်ချိန်ဆို ရထားတွေအမြဲပြည့်ကြပ်နေလို့ စိတ်ညစ်ဖူးကြမှာပါ။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်မှာတော့ ရထားတစီးလုံး ပြည့်ကြပ်ရုံတင် မကဘဲ ခေါင်းမိုးပေါ်၊ ဘေးတွဲ၊ အရှေ့တွဲတွေအထိ ပြည့်လျှံနေတာကို မြင်လိုက်ရရင် သင်ဒီလို စိတ်ညစ်မိမှာ မဟုတ်တော့ပါဘူး။

(၇) ပီကေစားရင် ဒဏ်ရိုက်မယ်

အများပြည်သူရှေ့ ဆေးလိပ်သောက်တာ၊ အရက်သေစာ သောက်မူးယစ်တာမျိုးကို ဒဏ်ငွေရိုက်လေ့ရှိကြပေမယ့် စင်ကာပူမှာတော့ “ပီကေ မစားရ” နေရာတွေကိုပါ သတ်မှတ်ထားပါတယ်။ အကယ်၍မျာ းစားမိခဲ့ရင် စင်ကာပူ ဒေါ်လာ ၁,၀၀၀ ဒဏ်ငွေ ဆောင်ရပါမယ်။

(၈) ခိုစာကျွေးရင် ဒဏ်ရိုက်မယ်

စင်ကာပူနိုင်ငံရဲ့ သူမတူတဲ့ တားမြစ်ချက်တွေထဲက နောက်တခုကတော့ လမ်းပေါ်ခိုစားကျွေးရင် ဒဏ်ရိုက်တာပါ။ ဒါကြောင့် အလည်သွားတဲ့အခါ ကိုယ်နိုင်ငံမှာလိုထင်ပြီး မလုပ်မိကြဖို့ သတိပေးလိုက်ပါတယ်။

(၉) တရုတ်နိုင်ငံမှာ မြင်တွေ့နိုင်မယ့် တံဆိပ်အတုများ

တရုတ်နိုင်ငံက ဈေးတွေမှာဆိုရင် ဘယ်နိုင်ငံမှာမှ မမြင်တွေ့နိုင်တဲ့ တံဆိပ်အတု ပေါင်းစုံကို တွေ့ရမှာပါ။ Apple တံဆိပ်က ဖိနပ်တံဆိပ်ဖြစ်လို့ဖြစ်၊ တခြားနာမည်ကြီး ဘရန်းတွေကို စာလုံးပေါင်းဆင်တူရိုက်ပြီး ရောင်းတာမျိုးတွေပါ တွေ့ကြရမှာပါ။

(၁၀) အထပ်မြင့်တွေအပေါ်ထပ် နောက်ထပ် အဆောက်အအုံများ

လူဦးရေ အထူထပ်ဆုံးဖြစ်တဲ့ တရုတ်နိုင်ငံမှာ တိုးပွားလာတဲ့ လူဦးရေကို ကာမိအောင် အထပ်မြင့်အဆောက်အဦတွေရဲ့ အပေါ်ထပ်မှာ နောက်ထပ်အိမ်တွေ ဆောက်ပြီး နေကြပါတယ်။

(၁၁) ဂျပန်နိုင်ငံရဲ့ နာမည်ကျော် ကျည်ဆန်ရထား

ဂျပန်နိုင်ငံရဲ့ နာမည်ကျော် ကျည်ဆန်ရထားကို မသိသူရှားပါလိမ့်မယ်။ ဂျပန်နိုင်ငံဟာ ကျည်ဆန်ရထားတွေကို ခေတ်မီသထက် မီအောင် တီထွင်ကြံဆလာရာကနေ အမြန်ဆုံးဆိုတဲ့ ကျည်ဆန်ရထားခရီးစဉ်တွေလည်း ရှိလာပါပြီ။ ကျည်ဆန်တတောင့်လို မြန်နှုန်းမြင့်ပေမယ့် ရထားအတွင်းပိုင်းမှာတော့ အကြွေစေ့လေ့ ထောင်ထားရင်တောင် လဲမကျဘဲ ငြိမ်သက်နေတာကို မြင်တွေ့ရမှာပါ။

Ref: Birghtside Me

Did you find apk for android? You can find new Free Android Games and apps.
Loading