စက်တင်ဘာလထုတ် Vogue မဂ္ဂဇင်းကာဗာမော်ဒယ် Beyonce, British Vogue ကာဗာ Rihanna နဲ့ Spring 2019 New York Fashion Week Show တို့အတွက် ပြင်ဆင်ထားတဲ့ ဆံပင်စတိုင်ဟာ ပရိသတ်တွေအကြား ရေပန်းစား လို့လာပါ တယ်။
ပန်းအစစ်ကို ဆံပင်မှာ ထိုးထားတဲ့ပုံစံမျိုးပါဘဲ။ ထူးဆန်းတာက ဆံပင်ကို ပန်းအိုးပုံစံဖန်တီးလို့ ပန်းပွင့်လေး ထိုးစိုက်ထား တာဖြစ်ပြီး အမျိုးသမီးတွေကြား ဒီစတိုင်ဟာ ရေပန်းစားနေပါတယ်။
ဟောင်ကောင်မှာနေထိုင်တဲ့ ကနေဒါလူမျိုး Taylor R ဟာ ဘလော့ဂါတဦးဖြစ်ပြီး အင်စတာဂရမ်မှာ ပန်းအိုးပုံ ဆံပင်ဖန်တီး ပြီး တင်လိုက်ပါတယ်။ သူမရဲ့ရှည်လျားတဲ့ဆံပင်တွေကို ပန်းအိုးပုံဖန်တီးဖို့ ပလတ်စတစ်ဘူးခွံသုံးခဲ့ပြီး အပေါ်မှာတော့ အရောင်စုံပန်းတွေစိုက်ထိုးထားပါတယ်။
ပန်းအိုးခိုင်စေဖို့ သားရေကွင်းတွေအများကြီးကိုတော့ အသုံးပြုထားရပါတယ်။ သူမလို အဆန်းတွေဖန်တီးချင်တဲ့သူ တွေအတွက် ဒီဆံပင်စတိုင်ဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ challenge တခုဖြစ်လု့ိလာပါတယ်။
Taylor က ဒီပုံကို စတင်ပြီးတဲ့အခါမှာတော့ အင်စတာဂရမ်အသုံးပြုသူတွေအကြား စူးစမ်းချင်စိတ်နဲ့ လိုက်လုပ်ကြည့်ဖို့ အကြံပေးလိုက်သလိုပါပဲ။ သူမလိုပဲ ဟောင်ကောင်က ဓားရေးကစားတဲ့အဖွဲ့က Moonie Chu ကလည်း ဒီဆံပင်စတိုင်ကို လိုက်လုပ်ကြည့်ခဲ့ပါတယ်။
“ရေဘူးပုလင်းအသေးကို ခေါင်းမှာတင်ပြီး ဆံပင်တွေနဲ့ပတ်ကာ ပန်းအိုးပုံစံပုံဖော်ခဲ့ရတယ်။ ပြီးတော့ သားရေကွင်း အများကြီးနဲ့ ခိုင်ခံအောင်လုပ်ပြီး ပန်းပွင့်လေးထိုးစိုက်ရတာပေ့ါ” လို့ သူမက ဆိုပါတယ်။
သူမလိုမျိုးပဲ ဝါသနာပါတဲ့ နော်ဝေက Thomas ဆိုတဲ့ အမျိုးသားကလည်း လိုက်လုပ်ကြည့်ခဲ့ပါတယ်။ သူကတော့ ပလတ်စတစ်ဘူအစား တကယ့်ပန်းအိုးအစစ်ကို သုံးခဲ့ပါတယ်တဲ့။
မလေးရှားက vblogger Anthea Peter ကလည်းဒီ Flowervasehair challenge ကိုစမ်းကြည့်ခဲ့ပါတယ်။ သူတို့လို အဆန်းထွင်ချင်တဲ့ အင်စတာဂရမ်အသုံးပြုသူတွေကလည်း ဒီ challenge ကိုလိုက်လုပ်ကြည့်ကာ ပုံတွေတင်ခဲ့ကြပါတယ်။
ဒါဆိုရင် စာဖတ်သူတို့လည်း အင်စတာဂရမ်မှာ ဘာပုံတင်ရင်ကောင်းမလဲအကြံအိုက်နေရင် ဒီ challenge လိုက်လုပ်လို့ ရပါတယ်။ သူငယ်ချင်းတွေနဲ့ အတူလုပ်ကြည့်မယ်ဆိုရင်တော့ ရယ်နေရမှာ အမှန်ပါပဲ။
www.allure.com