နိုင်ငံတနိုင်ငံရဲ့ လွတ်လပ်ခြင်း၊ မလွတ်လပ်ခြင်းဟာ အဲဒီနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးစတဲ့ အချက်တွေကို အခြေခံထားတာပဲဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့်နိုင်ငံတွေကတော့ Freedom House ရဲ့ ၂၀၁၇ခုနှစ် စစ်တမ်းတွေအရ ကမ္ဘာပေါ်မှာ လွတ်လပ်မှုအရှိဆုံးနိုင်ငံတွေပဲဖြစ်ပါတယ်။
(၁) Norway , Sweden , Finland
လွတ်လပ်မှုအပြည့်အဝရှိတဲ့ နိုင်ငံတွေအဖြစ် ထိပ်ဆုံးမှာရပ်တည်နေတဲ့ မြောက်ဥရောပနိုင်ငံတွေပဲ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုရင်တော့ ဒီနိုင်ငံတွေမှာ သတင်းလွတ်လပ်ခွင့်ရှိခြင်း ၊ နိုင်ငံသားတွေအပေါ် ကာကွယ်စောင့်ရှောက်မှု ပေးစွမ်းခြင်း ၊ အချိန်မရွေး အစိုးရနဲ့ပတ်သက်တဲ့ သတင်းများကို သိရှိနိုင်ခြင်းနဲ့ ဘာသာရေး လွတ်လပ်ခွင့်ရှိခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။
(၂) Canada , Netherlands
မြောက်အမေရိကနိုင်ငံဖြစ်တဲ့ Canada နိုင်ငံနဲ့ အနောက်ဥရောပနိုင်ငံဖြစ်တဲ့ Netherlands နိုင်ငံတို့ဟာ လွတ်လပ်မှု ပြည့်ဝတဲ့ နိုင်ငံများစာရင်းမှာ ဒုတိယနေရာကို ရရှိထားပါတယ်။ ဘာလို့လဲဆိုရင်တော့ Canada နိုင်ငံမှာ အဂတိ လိုက်စားမှုမရှိခြင်း ၊ မီဒီယာ လွတ်လပ်ခွင့်ရှိခြင်းတို့ကြောင့်ဖြစ်ပြီး Netherlands နိုင်ငံမှာတော့ နိုင်ငံသားနဲ့ သတင်းသမားတွေအပေါ်မှာ လုံလောက်တဲ့ စောင့်ရှောက်မှုတွေ ပေးအပ်ထားလို့ပဲဖြစ်ပါတယ်။
(၃) Uruguay , Australia , New Zealand
Australia , New Zealand နိုင်ငံတွေနဲ့အတူ တောင်အမေရိကနိုင်ငံတနိုင်ငံဖြစ်တဲ့ Uruguay ပါဝင်လာတာကတော့ စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ Uruguay နိုင်ငံမှာ လွတ်လပ်တဲ့နိုင်ငံရေးသဘောထားကွဲလွဲမှုနဲ့ ပါတီချင်းယှဉ်ပြိုင်မှုတွေကို ခွင့်ပြုထားတဲ့အပြင် အဂတိလိုက်စားမှုလည်း နည်းပါးတာဖြစ်တယ်လို့ စစ်တမ်းများ အရ သိရှိရပါတယ်။
Australia နိုင်ငံမှာတော့ အင်တာနက်မြန်နှုန်းနဲ့အတူ အခြား အသုံးအဆောင်ပစ္စည်းတွေကလည်း အဆင့်အတန်းမြင့်လို့ ပဲဖြစ်ပါတယ်။ New Zealand နိုင်ငံကတော့ သတင်းနဲ့မီဒီယာ လွတ်လပ်ခွင့်ဟာ အခြားသော အချက်တွေထက် ပိုပြီး ထင်ရှားနေတာကြောင့်ပဲဖြစ်ပါတယ်။
ဆက်စပ်ဖတ်ရှုရန် – ကမ္ဘာပေါ်က မပျော်ရွှင်ဆုံးနိုင်ငံများ
Ref: www.worldatlas.com