Trend

ဧရာဝတီသတင်းဌာန ၂၅ နှစ်ပြည့်အတွက် ချမ်းမင်းရဲထွဋ်ရဲ့ ဆုတောင်းစကား

ဧရာဝတီသတင်းဌာန၏ ၂၅နှစ်မြောက်အထိမ်းအမှတ် နှစ်ပတ်လည်နှင့် ပတ်သက်ပြီး “ည” ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်များရဲ့ အားပေးချစ်ခင်မှုကို ရရှိခဲ့တဲ့ သရုပ်ဆောင် ချမ်းမင်းရဲထွဋ်ရဲ့ ဆုတောင်းစကားကို ဖော်ပြပေးလိုက်ပါတယ်။

“ဒီဧရာဝတီ သတင်းဌာနက အခုဆိုရင် ၂၅ နှစ်တောင် ပြည့်သွားပြီ။ မြန်မာနိုင်ငံအတွက် သတင်းတွေ အများကြီး ပေးနိုင်တဲ့ သတင်းဌာနဖြစ်တဲ့အတွက် ကျနော် ဂုဏ်ယူတယ်။ ဝမ်းသာတယ်။ ရှေ့ဆက်ပြီးတော့လည်း ဒီလို သတင်းကောင်းတွေ အများကြီး ပရိသတ်တွေကို ဗဟုသုတွေ အများကြီးပေးနိုင်တဲ့ ဧရာဝတီ သတင်းဌာန၊ အများကြီး အောင်မြင်ပါစေ” လို့ ချမ်းမင်းရဲထွဋ်က ဆုတောင်းပေးပါတယ်။

ချမ်းမင်းရဲထွဋ်က အနုပညာရှင် တယောက်အနေနဲ့ ယခုလို မီဒီယာတွေ၊ သတင်းဌာနတွေရှိမှ ရပ်တည်လို့ရတယ်ဆိုတဲ့ အကြောင်းကိုလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။

“မီဒီယာတွေ ၊ သတင်းဌာနတွေ ရှိမှပိုပြီးတော့ ရပ်တည်လို့ရတာပါ။ အဲဒါကြောင့် မီဒီယာတွေ၊ စာနယ်ဇင်းတွေ အကုန်လုံးကို ချစ်ခင်ပါတယ်။ လေးစားပါတယ်လို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ချမ်းမင်းရဲထွဋ်ကတော့ မကြာခင်မှာ ရုံတင်ပြသတော့မယ့် “သမ္မတကြီးထံပေးစာ” ရုပ်ရှင်မှာ ပါဝငသရုပ်ဆောင်ထားပြီး မကြာခင်မှာလည်း “ကံ့ကော်နီ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဧရာဝတီသတင်းဌာနကို ၁၉၉၃ခုနှစ် စတင်တည်ထောင်ခဲ့ပါတယ်။ ထိုအချိန်မှစ၍ ဧရာဝတီဟာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် မြန်မာနှင့် အရှေ့တောင်အာရှရေးရာ သတင်း ၊ သတင်းဆောင်းပါး၊ သတင်းသုံးသပ်ချက်နှင့် အယ်ဒီတာ့အာဘော်များဖြင့် စာဖတ်ပရိသတ်၏ ယုံကြည်ကိုးစားသော သတင်းဌာနဖြစ်လာခဲ့ပါတယ်။

Loading