ကမ္ဘာပေါ်က ကြောက်စရာ အကောင်းဆုံးအိမ်ကြီးအဖြစ် သတ်မှတ်ထားကြတဲ့ McKamey အိမ်ကြီးဟာဆိုရင်တော့ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီရေဂိုမှာ တည်ရှိပြီး Russ McKamey ဆိုသူက ပိုင်ဆိုင်တာပဲ ဖြစ်ပါတယ်။
ဒီအိမ်ကြီးထဲက ကြောက်စရာကောင်းတဲ့ အတွေ့အကြုံတွေကို သွားရောက် လည်ပတ်ခံစားဖို့အတွက် စောင့်စားနေရသူ အရေအတွက်ကတော့ ၂၄၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။
ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံးအိမ်ကြီး McKamey မှာ လာရောက်လည်ပတ်သူတွေကို သည်းထိတ်ရင်ဖို အတွေ့အကြုံအတွက် အသုံးပြုတဲ့ ပစ္စည်းတွေဟာ တကယ့်ပစ္စည်းအစစ်တွေဖြစ်ပြီး သရဲကားတွေထဲကလို တကယ် ဖြစ်နေသလိုမျိုး ခံစားရစေဖို့အတွက် ဒီလိုမျိုးပစ္စည်းအစစ်တွေကိုသာ အသုံးပြုတာဖြစ်တယ်လို့ အိမ်ပိုင်ရှင် Russ McKamey ကဆိုပါတယ်။
ရုပ်ရှင်တွေမှာ အသုံးပြုတဲ့ special effects တွေ၊ အမွှေးထူပင့်ကူတွေနဲ့ ကြွက်တွေကိုတော့ တကယ့်အစစ်အမှန် တွေကိုသာ အသုံးပြုထားတာဖြစ်ပါတယ်။
ဒီအိမ်ကြီးကို သွားရောက်လည်ပတ်ဖို့ စာရင်းသွင်းထားသူတွေအနေနဲ့ heart attack လို ရုတ်တရက် ဝေဒနာတွေ မဖြစ်ပေါ်စေဖို့ ဆေးစစ်ဆေးမှုတွေ ကြိုတင်ပြုလုပ်ရပြီး နှလုံးရောဂါအခံ မရှိသူတွေမှ လာရောက် လည်ပတ်ခွင့်ပြုတယ်လို့လည်း သိရပါတယ်။
တချို့သောသူတွေကတော့ အိမ်ကြီးအတွင်းမှာ တွေ့ကြုံရတဲ့ ထိတ်လန့်ဖွယ်အဖြစ်အပျက်တွေကြောင့် အပြီးထိ ဆက်လက် မနေနိုင်ဘဲ ကြောက်ရွံ့တုန်လှုပ်ကာ ငိုကြွေးရတဲ့အထိတောင် ဖြစ်ခဲ့ကြပါတယ်။
McKamey အိမ်ကြီးရဲ့ ထိတ်လန့်သည်းဖိုဖြစ်ရပ်တွေကို mini-movie အနေနဲ့ ရိုက်ကူးပြီး Youtube မှာ ထုတ်လွှင့်ခဲ့ရာ ကြည့်ရှုသူ ၃၉ သန်းကျော်ခန့်ရှိပြီး ဒီအိမ်ကြီးရဲ့ အဓိကလှည့်စားမှုကတော့ သည်းထိတ်ရင်ဖိုကြိုက်သူတွေရဲ့ စိတ်ကို ထွေပြားသွားအောင် ပစ္စည်းအစစ်တွေကို အသုံးပြုကာ လှည့်စားထားတာဖြစ်ပြီး တချို့သောပစ္စည်းတွေကတော့ အစစ်နဲ့ တထပ်တည်းကျအောင် ပြုလုပ်ထားတာတွေသာ ဖြစ်တယ်လို့ အိမ်ပိုင်ရှင် Russ McKamey ကဆိုပါတယ်။
ဒီအိမ်ကြီးကို လာရောက်လည်ပတ်သူတွေဆီက ရရှိတဲ့ဝင်ငွေတွေကိုတော့ ကိုယ်ကျိုးအတွက်အသုံးမပြုဘဲ ခွေးဂေဟာတွေ ကို လှူဒါန်းဖို့သာ ရည်ရွယ်ပြီး ဖွင့်လှစ်နေတာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
Ref : www.boldsky.com