Ulzzang style ဆိုတာနဲ့ ကိုရီးယားကို တန်းမြင်ကြမှာပါ။ ရုပ်ရှင်မင်းသမီ းမဟုတ်တဲ့ အွန်လိုင်းကြော်ငြာသူလေးတွေကို ulzzang girl လို့ခေါ်ကြပြီး သူတို့ဟာ ချစ်စရာကောင်းပြီး ပြစ်မျိုး မှဲ့မထင် လှပတဲ့ အသွင် ရှိကြပါတယ်။ Ulzzang fashion, ulzzang make up တွေဟာလည်း လှပပြီးချစ်စရာကောင်းတဲ့အသွင် ဖန်တီးပေးပါတယ်။
သင့်နဂိုရုပ်ကို ပိုလှပစေပြီး မိန်းမဆန်တဲ့ အသွင်လိုချင်တယ်ဆိုရင်တော့ ဒီမိတ်ကပ်ကို ပြင်ဆင်သင့်ပါတယ်။ ဒါဆိုရင် ဘယ်လိုပြင်ရမလဲဆိုတာ ပြောပြပေးသွားပါမယ်။
– အရင်ဆုံးအောက်ခံကိုသေချာပြင်ဆင်ပါ။ ချွေးပေါက်တွေကိုဖုံးအုပ်ပေးနိုင်တဲ့ primer သုံးပါ။ ပြီးရင် ဖောင်ဒေးရှင်းပါးပါးလေး လိမ်းပါ။ ဘရပ်(သို့) make up sponge ကို အသုံးပြုပါ။ ဖောင်ဒေးရှင်းရွေးချယ်တဲ့အခါ matte type ထက် အသားလင်းစေမယ့် dewy, glow ဖြစ်တာမျိုးကိုရှာပါ။ ဖောင်ဒေးရှင်းနဲ့ အုပ်လို့မရတဲ့ မျက်နှာက အနာအဆာတွေအတွက် concealer ကောင်းကောင်းသုံးပါ။
– မျက်ခုံး
မျက်ခုံးမည်းမည်း နက်နက်ထူထူကြီးတွေက ulzzang ပုံစံ မဟုတ်ပါဘူး။ သင့်ဆံပင်အရောင်ထက်ပိုလင်းတဲ့ အရောင်ကိုအသုံးပြုပါ။ ပထမဆုံ းခဲတံနဲ့ အနားသတ်ပေးပြီး ဘရပ်ရှ်နဲ့ခြယ်ပါ။ ပုံထဲမှာ သေချာကြည့်လို့ ရပါတယ်။
– မျက်လုံး
မျက်လုံးကိုလည်း မည်းမည်းနက်နက်ခြယ်စရာ မလိုပါဘူး။ ပထမဆုံး ပေါင်ဒါအရင်လိမ်းပါ။ ပြီးရင်မျက်လုံးကို ဝိုင်းသွားအောင်ပုံထဲအတိုင်းခြယ်ပေးပါ။ ပုံထဲမှာ တဆင့်ပြီးတဆင့် ကြည့်ပါ။ သတိထားရမှာက အရမ်းကြီးခြယ်သထားတာမျိုး မဖြစ်ရပါဘူး။
– ပါးနီ
ပါးနီသုံးတော့မယ်ဆိုရင် cream type ကိုရွေးပါ။ ပြီးတော့ အနောက်တိုင်းမိတ်ကပ်တွေလို contouring လုပ်ဖို့ မလိုအပ်ပါဘူး။ သင့်ပါးတစ်ဝိုက်ကိုပဲ ဘရပ်ရှ် (သို့) လက်နဲ့ပုတ်ပေးပါ။ ပါးကနေ နားထင်စပ်ထိပါးပါးလေး ဆွဲပြီးလိမ်းနိုင်ပါတယ်။ ပြီးရင်တော့ transculant powder လေး ထပ်အုပ်ရုံပါဘဲ။
– နှုတ်ခမ်းနီ
ဒီလိုမိတ်ကပ်အတွက် အသုံးများတာက tint ပါဘဲ။ အရောင်နုနုလေးတွေကိုမှ နှုတ်ခမ်းအလယ်မှာ ရဲနေစေပြီး တဖြည်းဖြည်း ဖျော့သွားတဲ့ပုံစံမျိုးပါ။ မသိရင်မုန့်စားထားလို့ နှုတ်ခမ်းလေးရဲနေသလိုပေ့ါ။
– ဆံပင်
ဆံပင်ကလည်း ကပိုကရို စတိုင်လ်ဖြစ်ဖို့ လိုပါတယ်။ မျက်နှာမှာ အကုန်အပြောင်ရှင်းမထားဘဲ ဆံမျှင်လေး တွေကျနေပါစေ။ ulzzang ရဲ့ ဖက်ရှင်က ငယ်ရွယ်၊ လှပပြီး မိန်းမဆန်တဲ့အသွင်ကို ရယူရမှာပါ။
ဆံပင်စည်းထားချင်တယ်ဆိုရင်တော့ ပြေလျော့လျော့လေးစည်းပါ။ နက်မှောင်တဲ့ ဆံပင်ထက် ကာလာဆိုးထားတဲ့ ဆံပင်လေးတွေက Ulzzang ရဲ့ စတိုင်လ်ပိုပေါ်စေပါတယ်။
ကဲ ထင်သလောက် မခက်တာမို့ အခုပဲ ဒီပုံစံလေးပြင်ကြည့်ရအောင်။
Ref ; ph.priceprice.com