ချစ်ခဲ့ဖူးသူတယောက်ကို သူငယ်ချင်းအနေနဲ့ ပြန်နေသင့်လား။ ဒီမေးခွန်းမျိုးကို ချစ်ခဲ့ကြတဲ့ ချစ်သူတိုင်း လက်မလွတ်ချင်တဲ့အခါ သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်ထဲ ပြန်ဆွဲသွင်းချင်တဲ့ အချိန်မျိုးမှာ လုပ်လေ့ရှိပါတယ်။ အမြဲတမ်း ချစ်နေချင်တဲ့စိတ်၊ ချစ်ခဲ့ဖူးတဲ့ဆိုတဲ့စိတ်တွေကို အမှတ်ရနေချင်တာ တခုတည်းနဲ့ ကိုယ်နဲ့အတူရှိလို့ သူပျော်ပျော်၊ မပျော်ပျော် ကိုယ်ဘက် ခံစားချက်တခုတည်းနဲ့ ဒီလို လုပ်ပစ်တယ်ဆိုတာ မဖြစ်သင့်ပါဘူး။
ချစ်သူအဖြစ် မဟုတ်တော့လည်း သူငယ်ချင်းအနေနဲ့ပဲ အနီးဝန်းကျင်မှာ ရှိနေတဲ့အချက်က ဖြစ်နိုင်ရဲ့လား။ သူ့ဘက်က နေမယ်ဆိုတာတောင် စိတ်ထဲ အစိုင်အခဲတွေနဲ့ ကြာလာရင် ပြဿနာတက်ကြမှာပဲလေ။ လေ့လာချက်တွေအရ ပြတ်စဲသွားတဲ့ ချစ်သူနဲ့ သူငယ်ချင်းအဖြစ် ဆက်နေချင်သူတွေဟာ တခြား လူမှုရေးကိစ္စတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
နာမည်ကျော်စုံတွဲတွေ ပြတ်စဲသွားတဲ့အခါ မိတ်ဆွေအဖြစ် နေသွားမှာပါဆိုပြီး ပြောတတ်ကြပေမယ့် တကယ် တမ်းတော့ ပြတ်စဲသွားတဲ့ချစ်သူနဲ့ ဘာခံစားချက်မှ မရှိဘဲ အရင်လိုပြန်နေဖို့ဆိုတာ လွယ်ပါ့မလား။ နောက်ထပ် လေ့လာချက် တရပ်မှာတော့ ဒီလို ပြတ်စဲသွားတဲ့ ချစ်သူနှစ်ဦးမှာ သူငယ်ချင်းလို ပြန်နေချင်တဲ့သူဆိုတာ စိတ်ရောဂါသည်လို့ သတ်မှတ်ပါတယ်။
အော့ကလန်တက္ကသိုလ်က လေ့လာချက်မှာ လူပေါင်း ၈၆၁ ယောက်ကို အခြေခံပြီး ဒီအဖြေ ထွက်လာတာပါ။ မေးခွန်းတွေ မေးမြန်းပြီး ခုချိန်ထိ အဆက်ဟောင်းကို သူငယ်ချင်းအဖြစ် လက်ခံနေသေးတဲ့သူတွေကို စိတ်ပိုင်းဆိုင်ရာ မေးခွန်းတွေ ဆက်မေးခဲ့ကြပါတယ်။ ထွက်လာတဲ့ အဖြေတွေကို ဆန်းစစ်ကြည့်တဲ့အခါ သူငယ်ချင်းအဖြစ် ဆက်နေချင်သူတွေဟာ စိတ်ရောဂါရှိတယ်လို့ သတ်မှတ်ပါတယ်။
ဒါ့အပြင် အဆက်ဟောင်းဆီက တခုခုသိချင်နေတာမျိုး၊ တခုခုလိုချင်နေတာမျိုး ရှိနေသေးလို့ သူငယ်ချင်းအဖြစ် နေနေတာလည်း ဖြစ်နိုင်တယ်ဆိုပေမယ့် များသောအားဖြင့် ဒီလိုစိတ်ရောဂါသည်တွေဟာ နောက်ထပ် တယောက်ကို ချစ်သူအဖြစ်ထားဖို့ထက် အရင်ချစ်သူကပဲ သူတို့အပေါ် စိတ်ပြန်လည်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သနားချင်ယောင်၊ ကြင်နာချင်ယောင်ဆောင်ပြီး တဖက်သားကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နေကြတာပါပဲ။
သူတို့နဲ့ ချစ်သူအဖြစ် ရှေ့မဆက်ချင်တော့တာကို လက်မခံနိုင်ဘဲ တဖက်သတ်အမြင်နဲ့ ဘေးကနေ သူငယ်ချင်းလိုလည်း ဖြစ်တယ်ဆိုပြီး တွယ်ကပ်နေတာမျိုးက အဆင်မပြေပါဘူး။ တဖက်သားလည်း ကိုယ့်ကြောင့် စိတ်ညစ်ရတာတောင် နားလည်မပေးနိုင်ရင် စိတ္တဇရောဂါ ဖြစ်နေတာ ကျိန်းသေနေပါပြီ။ နှစ်ဦးနှစ်ဖက်မှာ တယောက်ရဲ့ ခံစားချက်ကို နားလည်မှု မပေးဘဲ ကိုယ်ဖြစ်ချင်တာလုပ်ပြီး တဖက်သားကို နာကျင်အောင်လုပ်နေတဲ့ အကျင့်က စိတ်ဝေဒနာသည်ဖြစ်ကြောင်း သိသာစေတဲ့ အချက်ပါပဲ။
Ref: I heart intelligence