လူရယ်လို့ ဖြစ်လာရင် ပတ်ဝန်းကျင်နဲ့ ကင်းလို့မရတာတော့ အမှန်ပါ။ တခါတလေ ပတ်ဝန်းကျင်ကြောင့် ပိုမြင့်မားတဲ့ ဘဝရနိုင်သလို ပတ်ဝန်းကျင်ကြောင့်ပဲ လူ့လောကမှာ နေချင်စိတ် မရှိလောက်အောင်ခံစားဖူးကြမှာပါ။ သင့်စံနှုန်းအတိုင်း ရပ်တည်သွားဖို့က အရေးကြီးပါတယ်။ မလိုအပ်ဘဲ ပတ်ဝန်းကျင်ကို လိုက်ခံစား ဂရုစိုက်နေမယ်ဆိုရင် သင်ဟာ အားနည်းသွားပါလိမ့်မယ်။
ဒါကြောင့် လူတိုင်းရဲ့အမြင်ပေါ် လိုက်ခံစားမနေသင့်တဲ့ အကြောင်းအရင်းတွေကို အဓိက ဖော်ပြပေးချင်ပါတယ်။
(၁) လူတွေက တယောက်မဟုတ် တယောက် အတင်းပြောဖို့ ရှာဖွေနေကြပါတယ်
ကဲ အပြောခံနေရတာ သင်တယောက်တည်းပဲလို့ မသတ်မှတ်လိုက်ပါနဲ့။ ချီးမွမ်း ၇ ရက်၊ ကဲ့ရဲ့ ၇ ရက်ဆိုတဲ့အတိုင်း သင့်အကြောင်း ဝေဖန်ပြီးရင် နောက်ထပ် ပြောစရာလူတွေကို ရှာဖွေနေကြမှာပါပဲ။ ဒါကြောင့် သူတို့ရဲ့ စကားတွေအပေါ် လိုက်ခံစားပြီး စိတ်ဓာတ် ကျမနေပါနဲ့။
(၂) သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်းနေထိုင်မှ တန်ဖိုးရှိတာမဟုတ်ပါဘူး
ငယ်ငယ်က စာတော်မှ လူကြီးစကား နားထောင်မှ တော်တယ်၊ လိမ္မာတယ် ဆိုတာမျိုးတွေ ကြုံဖူူးကြမှာပါ။ သင်ဖြတ်သန်းလာရတဲ့ အခြေအနေ၊ အခက်အခဲတွေကို သူတို့မသိပါဘူး။ လူတွေ သတ်မှတ်ထားတဲ့စံနှုန်းနဲ့ မညီလို့ သင့်ကိုယ်သင် မကောင်းဘူးလို့ မထင်ပါနဲ့။ လူတွေက မကြိုက်လေ ပိုပြောလေဖြစ်တာကြောင့် သူတို့ ဘယ်လို ထင်တယ်၊ ဘာတွေပြောတယ် ဆိုတာကို မေ့ထားလိုက်ပါ။
(၃) သင့်ဇာတ်ကြောင်းကို လူတွေ သေချာ မသိပါဘူး
သားအဖ နှစ်ယောက်နဲ့ မြည်းတကောင် ပုံပြင်ထဲကလိုပေ့ါ။ ဘယ်သူပဲ မြည်းကိုစီးစီး လူတွေက အပြစ်တင်မှာဖြစ်သလို မစီးပြန်တော့လည်း ဦးနှောက် မရှိဘူးရယ်လို့ ကဲ့ရဲ့ကြသလိုပါပဲ။ သင့်ရဲ့ ဘဝဇာတ်ကြောင်းကို သူတို့ သေချ ာမသိတဲ့အတွက် သူတို့ဝေဖန်တိုင်း ဝမ်းနည်းနေစရာ မလိုပါဘူး။
(၄) ကိုယ့်ကိုယ်ကိုယ် ယုံပါ
သင့်စိတ်က ဒီလူဟာ တကယ်ကောင်းတယ်၊ သင့်အပေါ် ခင်မင်တယ်ဆိုရင် ခင်လိုက်ပါ။ လူတွေကမကောင်းဘူးလို့မြင်တိုင်း သင်က လိုက်မြင်စရာ မလိုပါဘူး။ လူတွေရဲ့အပြောထက် သင့်ခံစားချက်ကိုယုံပါ။ သူများကို အားကိုးတာထက် သင့်ကိုယ်သင် အားကိုးလိုက်ပါ။
(၅) လူတိုင်းကို ပျော်အောင် မလုပ်နိုင်ပါဘူး
လူတိုင်းနဲ့ အဆင်ပြေချင်ပေမယ့်လည်း သင်နဲ့ မကိုက်ညီတဲ့ လူနဲ့တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်အပေါ် လူတိုင်းကို အကောင်းမမြင်စေချင်ပါနဲ့။ လူတွေက မကောင်းမြင် ကဲ့ရဲ့လို့လည်း စိတ်ဓာတ်ကျစရာ မလိုပါဘူး။
(၆) နာကျင်မှုတွေက ပိုတန်ဖိုး ရှိပါတယ်
သင်သွားနေတဲ့လမ်းမှာ လူတွေရဲ့ ကဲ့ရဲ့မှုရှုံ့ချမှုတွေကို ဂရုမစိုက်ပါနဲ့။ သင့်ကို မကြိုက်တဲ့သူတွေကတော့ဘာလုပ်လုပ် အပြစ်မြင်နေမှာပါ။ နေရာတခုကို ရောက်လာတဲ့အခါ ဒီလိုအရာတွေကို လျစ်လျူရှုလိုက်တာက သင့်အတွက် ဘယ်လောက်တောင် ကောင်းမွန်သလဲဆိုတာ ခံစားမိလာမှာပါ။
Ref ; www.wanderlustworker.com