အမျိုးသမီးတွေဟာ သူတို့ရဲ့လက်တွဲဖော်တွေထက် အရင်းနှီးဆုံး အချစ်ဆုံးသူငယ်ချင်းတွေကို ပိုသံယောဇဉ် တွယ်ကြတယ်လို့ စစ်တမ်းတရပ်မှာ ထုတ်ဖော်ပြောလိုက်ပါတယ်။
အချစ်ဆုံး သူငယ်ချင်းတွေဆိုတာ ကိုယ်ပျော်ရွှင်နေတဲ့အချိန်၊ ဝမ်းနည်းနေတဲ့အချိန်တွေမှာ အမြဲအတူတူ ဘေးနားမှာ ပိုရှိပေးနိုင်လို့ အခုလို စစ်တမ်းထွက် လာတာလို့လည်း ဆိုပါတယ်။ နေ့စဉ်ဘဝရဲ့ ခံစားချက်မျိုးစုံကို မျှဝေအပေးနိုင်ဆုံး သူတွေက အရင်းနီးဆုံး သူငယ်ချင်းတွေမို့ အမျိုးသမီးတွေ သံ ယောဇဉ်တွယ်ကြတာလည်း အထူးအဆန်း မဟုတ်ပါဘူး။
ဒီစစ်တမ်းဟာ အမျိုးသမီးပေါင်း ၁၅၀၀ ကျော်ကို မေး မြန်းထားပြီး ထက်ဝက်ကျော်လောက်က သူတို့ရဲ့ လက်တွဲဖော်တွေထက် အချစ်ဆုံးသူငယ်ချင်းတွေနဲ့ အချိန်အတူ ကုန်ဆုံးရတာကို ပိုနှစ်သက်တယ်လို့ ဆိုပါတယ်။
လူတော်တော်များများကတော့ ရင်းနှီးမှု အတိုင်းအတာကို သတ်မှတ်တဲ့နေရာမှာ သဘောထားကွဲလွဲမှုတွေ ရှိနိုင်ပေမယ့် တကယ့်ကို အတွင်းကျကျ ခံစားချက်တွေကို မျှဝေတဲ့သူတွေက ထူးဆန်းစွာ အိမ်ထောင်ဖက်တွေ မဟုတ်ဘဲ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်နေကြတာပါ။
ဒီစစ်တမ်း ရလဒ်ကို အမျိုးသမီးတော်တော်များများ လက်ခံကြပါတယ်။ အမျိုးသမီးတွေရဲ့ အတွင်းကျကျ ခံစားချက်ကို အိမ်ထောင်ဖက်ကို မျှဝေပြောရတာထက် အချစ်ဆုံ းသူငယ်ချင်းဖြစ်သူကို ဝေမျှရတာ ပိုလွတ်လပ် ပေါ့ပါးသလို မိန်းကလေးချင်းမလို့ ခံစားချက်ကို ပိုနားလည်တာလည်း ဖြစ်နိုင်ပါတယ်။
ဒုတိယတချက်က ကိုယ့်အိမ်ထောင်ဖက်က ကိုယ်နဲ့ အမြဲအတူ ရှိနေနိုင်တယ်ဆိုပေမယ့် ကိုယ်ပြောသမျှကို အချိန်ပေးပြီး နားထောင်ပေးဖို့ မလွယ်ပါဘူး။ မနက်မိုးလင်း မိုးချုပ် အလုပ်လုပ်နေရသူမလို့ ပြန်လာတော့လည်း ပင်ပန်းတဲ့စိတ်ကြောင့် အချိန်မပေးနိုင်တဲ့အခါ အရင်းနှီးဆုံး သူငယ်ချင်းတွေက အကောင်းဆုံး နားထောင်ပေးနိုင်သူတွေ ဖြစ်လာကြတာပါ။
တခါတလေတော့လည်း ကိုယ့်အိမ်ထောင်ဖက်ကို ဖွင့်မပြောသင့်တဲ့ အကြောင်းအရာလေးတွေ ရှိပါတယ်။ ဒီလို မပြောနိုင်တဲ့ အကြောင်းအရာတွေကို အချစ်ဆုံးသူငယ်ချင်းကို တိုင်ပင်ပြောနိုင်တာကြောင့်လည်း ရင်းနှီးမှုတွေ ပိုလာကြတာပါ။
စစ်တမ်းမှာ ၃၉ ရာခိုင်နှုန်းက အချစ်ဆုံး သူငယ်ချင်းတွေဆိုတာ ရယ်လည်း အတူတူ၊ ငိုလည်း အတူတူလို့ လက်ခံထားသလို၊ ၂၉ ရာခိုင်နှုန်းက သူတို့ကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာတယ် ၊၂၅ ရာခိုင်နှုန်းက ဒီလို ထုတ်ပြောလိုက်တဲ့အခါ အချစ်ဆုံးသူငယ်ချင်းနဲ့ တူညီတာတွေ တွေ့လာတယ်လို့ ဖြေကြပါတယ်။
အဆုံးသတ် ကောက်ချက်ချရရင် ကိုယ်တနေ့တာ ခံစားချက်မျိုးစုံကို အများဆုံး ဝေမျှဖြစ်တဲ့သူက အရင်းနှီးဆုံး သူငယ်ချင်းဖြစ်နိုင်သလို၊ ကိုယ့်လက်တွဲဖော်လည်း ဖြစ်နိုင်ပါတယ်။ လူတယောက်ရဲ့ ခံယူချက်က ကွဲပြားတာမလို့ အကောင်းဆုံးကတော့ ကိုယ်နဲ့ ဝေမျှပေးနိုင်သူကို တန်ဖိုးထားဖို့ပဲ လိုအပ်ပါတယ်။
Ref: Go Social