Trend

New York Bridal Fashion Week က အလှဆုံး သတို့သမီး ဝတ်စုံများ

၂၀၁၉ အတွက် New York Bridal Fashion Week ကနေ အလှဆုံ းသတို့သမီးဝတ်စုံတွေကို လှစ်ဟ ပြလိုက်ပါပြီ။ ဒီဖက်ရှင်ပွဲမှာ နာမည်ကြီး ဒီဇိုင်နာတွေဖြစ်တဲ့ Vera Wang, Elie Saab, Carolina Herrera တို့အပြင် တက်သစ်ဒီဇိုင်နာတွေဖြစ်တဲ့ Monique Lhuillier တို့ရဲ့လက်ရာတွေကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

သူတို့ဖန်တီးထားတဲ့ သတို့သမီးဝတ်စုံလေးတွေဟာ လှပလွန်းတာကြောင့် သင်ကိုယ်တိုင်မင်္ဂလာဆောင်ချင်စိတ် ပေါက်သွားစေမှာပါ။

Vera Wang ဟာ “Bridal Queen” လို့ ခေါ်ရလောက်အောင် သတို့သမီးဝတ်စုံတွေ ဖန်တီးတဲ့နေရာမှာ နာမည်ကြီးပါပဲ။ နာမည်ကြီး ဆယ်လီတွေဖြစ်တဲ့ Ivanka Trump, George.W.Bush ရဲ့ သမီးဖြစ်သူ Barbara Bush, Sofia Vergara တို့အတွက်လည်း ဒီဇိုင်းတွေဆွဲပေးခဲ့တာ ဖြစ်ပါတယ်။

အခုသူ့ရဲ့ သတို့သမီးဝတ်စုံလေးဟာ သင့်ကို ခံစားချက်တခု ပေးစွမ်းနေတယ်မလား။ လူဝီ ၁၄ ရဲ့ ဖက်ရှင် ဒီဇိုင်းပေါ်အခြေခံလို့ ပေါ့ပေါ့ပါးပါး ဂါဝန်ကို လက်ဝတ်ရတနာအကြီးနဲ့ ဒီဇိုင်းဆင်ထားတာက gothic ဆန်နေပါတယ်။

ဒီဇိုင်နာ Tadashi Shji ရဲ့ ဝတ်စုံတွေကတော့ ဂန္ထဝင်ဆန်ပြီး ရိုးရှင်းတာကို ဦးစားပေးထားပါတယ်။ ဇာတွေ၊ ပိုးဖဲသားလေးတွေနဲ့ တည်ငြိမ်ပြီး အေးဆေးတဲ့အလှကို ပုံဖော်ပေးနေတဲ့ ဝတ်စုံဒီဇိုင်းတွေပဲဖြစ်ပါတယ်။

ဖိလစ်ပိုင်-အမေရိကန်ဒီဇိုင်နာတဦးဖြစ်သူ Monique Huillier ကတော့ပန်းခင်းထဲရောက်သွားစေမယ့် ခံစားမှုမျိုးဖော်ထုတ်နိုင်တဲ့ သတို့သမီးဝတ်စုံကို ဒီဇိုင်းပြင်ဆင်ထားပါတယ်။ ရွှေုအိုရောင်၊ ဆည်းဆာရောင်တွေကို ဖော်ကျူးပေးနိုင်မယ့် ပန်းပွင့် အရောင်တွေကို ရိုးရှင်းရှင်းအဖြူဂါဝန်မှာ ဖော်ပြထားပြီး ပခုံးနားတွေကို ဇာအဖြူလေးနဲ့ အနားသတ်ထားပါတယ်။

Viktor & Rolf ရဲ့ A လိုင်းဂါဝန်ဟာ ၁၉၂၀ ဆီက အငွေ့အသက်တွေခံစားရမှာဖြစ်ပြီး ဗွီပုံစံလည်ပင်းဒီဇိုင်းကိုမှ ခေါင်းမှာပဝါလေးနဲ့ ဆန်းသစ်ထားပါတယ်။

Justin Alexander ရဲ့ ဝတ်စုံကလည်း အထက်တန်းကျတဲ့အမျိုးသမီးတယောက်ရဲ့ခံစားမှုမျိုးပေးစွမ်းနေမှာပါ။

Elie Saab ရဲ့ ဝတ်စုံကတော့ ရိုးရှင်းပြီး လုံးကြီးပေါက်လှအမျိုးသမီးတွေနဲ့ သင့်တော်မယ့် ဒီဇိုင်းပဲဖြစ်ပါတယ်။

Marchesa ရဲ့သတို့သမီးဝတ်စုံနာမည်က blushing bride လို့ပေးထားပြီး နုပျိုလန်းဆန်းတဲ့ ချစ်စရာ သတို့သမီးအရွယ်လေးကို ပုံဖော်ပေးနေပါတယ်။

သူတို့ရဲ့ ဝတ်စုံတွေကတော့ လှပနေတာကြောင့် ကြည့်ရှုသူပရိသတ်တွေ သဘောကျခဲ့တာပဲ ဖြစ်ပါတယ်။

Ref ; www.scmp.com

Loading