Trend

အလှအပအတွက် အိန္ဒိယလူမျိုးတွေ အသုံးပြုကြတဲ့ ဟင်းခတ်အမွှေးအကြိုင်များ

အိန္ဒိယ ဟင်းခတ်အမွှေးအကြိုင်တွေဟာ ဟင်းလျာတွေချက်ပြုတ်ရာမှာ ထူးကဲတဲ့ အရသာပေးနိုင်တာကြောင့် ကမ္ဘာကျော် သလို အိန္ဒိယလူမျိုးတွေဟာရှေးယခင်ကတည်းက ဟင်းခတ်အမွှေးအကြိုင်တွေကို အသားအရေ အလှအပအတွက် အသုံးပြုခဲ့ကြပါတယ်။

(၁) ဂျင်း

ဂျင်းဟာ အသားအရေကို ပြန်လည်နုပျိုစေပြီး မျက်နှာအသားအရေ ကြမ်းတမ်းခြင်းတွေကို လျော့ပါးသက်သာ စေနိုင်ပါတယ်။ အိန္ဒိယပျိုမေတွေရဲ့ ဂျင်းကို အသုံးပြုပြီး အသားအရေထိန်းသိမ်းနည်းကတော့ ဂျင်းကို အမှုန့်ပြုလုပ်ကာ ရေနဲ့ ခပ်ပျစ်ပျစ်ဖျော်စပ်ပြီး အသားအရေမှာ လိမ်းကျံပေးတာပဲဖြစ်ပါတယ်။

(၂) နနွင်း

နနွင်းဟာအရေးအကြောင်းတွေကို လျော့ပါးစေပြီး အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင် တမျိုးပဲဖြစ်ပါတယ်။ ဝက်ခြံဖြစ်ပေါ်စေတဲ့ ရောဂါပိုးမွှားတွေကို သေစေနိုင်ပြီး အသားအရေကို ကြည်လင်တောက်ပ စေတာကြောင့် အိန္ဒိယလူမျိုးတွေဟာ နနွင်းကို ပျားရည်အနည်းငယ်နဲ့ ရောစပ်ကာ မျက်နှာပေါင်းတင်ဆေးအဖြစ် အသုံးပြုကြပါတယ်။

(၃) သစ်ကြပိုးခေါက်

သစ်ကြပိုးခေါက်မှုန့်ဟာ ဘတ်တီးရီးယားတွေကို သေစေနိုင်ပြီး ခန္ဓာကိုယ်သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ မျက်နှာပေါ်က ဆားဝက်ခြံနဲ့ ဝက်ခြံတွေကို သစ်ကြပိုးခေါက်မှုန့်ကို အသုံးပြုကာ ပျောက်ကင်းသက်သာအောင် ပြုလုပ်နိုင်ပါတယ်။

(၄) နံနံစေ့

နံနံစေ့ဟာ အသားအရေကို ချောမွေ့စေပြီး အေးမြတဲ့ အထိအတွေ့ကို ပေးနိုင်တာကြောင့် အိန္ဒိယပျိုမေတွေဟာ ရှေးယခင်ကတည်းက မျက်နှာသန့်စင်ဆေးအဖြစ် နံနံစေ့ကို အသုံးပြုကြပါတယ်။

နံနံစေ့ရဲ့ အေးမြတဲ့ အာနိသင်ကြောင့် မျက်နှာအသားအရေကို ကြည်လင်လန်းဆန်းစေပြီး အသားအရောင် မညီညာတာတွေကိုပါ သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။

Ref: m.timesofindia.com

Loading