မကြာခင် လက်ထပ်တော့မယ့် မင်္ဂလာစုံတွဲတွေအနေနဲ့ မြန်မာနိုင်ငံကနေ သိပ်မဝေးလှတဲ့ အာရှနိုင်ငံတွေ မှာ Pre-wedding ဓာတ်ပုံကောင်းတွေ သွားရိုက်ချင်ပေမယ့် နေရာအတွက် စဉ်းစားရခက်ခဲနေတယ် ဆိုရင်တော့ အခုဖော်ပြပေးမယ့် Pre-wedding ဓာတ်ပုံတွေ ရိုက်လို့ကောင်းတဲ့ အာရှနိုင်ငံတွေအကြောင်းကို ဖတ်ရှု ကြည့်သင့်ပါတယ်။
(၁) ဘာလီ (အင်ဒိုနီးရှား)
အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ဘာလီကျွန်းဟာဆိုရင် စုံတွဲတွေ ဟန်းနီးမွန်းအနေနဲ့ ရွေးချယ်ကြသလို Pre-wedding ဓာတ်ပုံတွေ ရိုက်လို့ကောင်းတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။ အနုပညာလက်ရာမြောက် ဘုရားကျောင်းတွေ၊ ကမ်းခြေရှုခင်းနဲ့ တောင်တန်း အလှအပတွေက Pre-wedding ရိုက်ကူးဖို့ ပြည့်စုံစေပါတယ်။
(၂) ရှန်ဟိုင်း (တရုတ်)
တရုတ်နိုင်ငံရဲ့ အကြီးဆုံးမြို့တမြို့ဖြစ်တဲ့ ရှန်ဟိုင်းမှာ ကိုလိုနီခေတ်လက်ကျန် အဆောက်အဦ နောက်ခံတွေနဲ့ Pre-wedding ပုံအကောင်းစားတွေကို ရိုက်ကူးနိုင်မှာဖြစ်သလို ရှုခင်းများစွာကိုလည်း ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
(၃) ဂျပန်
ဂျပန်နိုင်ငံဟာ လှပတဲ့ရှုခင်းပေါင်းများစွာ ရှိတာကြောင့် Pre- wedding ရိုက်ကူးချင်သူတွေ အကြိုက်တွေ့ကြတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ယဉ်ကျေးမှုနောက်ခံ အဆောက်အဦတွေကြောင့် ဟော့ကိုင်းဒိုးမှာရှိတဲ့ water chaple လို့ခေါ်တဲ့ ရေပေါ် ဘုရားကျောင်းနဲ့ ဆာကူရာပန်းတွေ နောက်ခံထားတဲ့ Romantic ဆန်တဲ့ Pre-wedding ဓာတ်ပုံကောင်းတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
(၄) တောင်ကိုရီးယား
ကိုရီးယားရုပ်ရှင်ဇာတ်ကား အများစုကို ကြည့်ဖူးရုံနဲ့ ကိုရီးယားနိုင်ငံမှာ Pre-wedding ဓာတ်ပုံကောင်းတွေ ရိုက်ကူးနိုင်ဖို့အတွက် နေရာတွေအများကြီး ရှိတယ်ဆိုတာကို သိကြမှာပါ။ ဟန်းနီးမွန်းအတွက် ရွေး ချယ်လေ့ရှိကြတဲ့ ဂျယ်ဂျူကျွန်းနဲ့ နှင်းတွေဖုံးလွှမ်းနေတဲ့ Nami ကျွန်းနေရာတွေမှာ တသက်တာ မမေ့လောက်မယ့် ဓာတ်ပုံကောင်းတွေကို ရိုက်ကူးနိုင်မှာပဲ ဖြစ်ပါတယ်။
(၅) ချင်းမိုင် (ထိုင်း)
ထိုင်းနိုင်ငံရဲ့ ရှေးဟောင်းမြို့တော်တခု ဖြစ်တဲ့ ချင်းမိုင်မြို့မှာဆိုရင်တော့ အနုပညာလက်ရာမြောက်တဲ့ ဘုရားကျောင်းတွေနဲ့ ရှေးဟောင်းအမွေအနှစ်နေရာတွေ များစွာရှိတာကြောင့် သူများနဲ့ မတူတဲ့ ထူးထူးခြားခြား ဓာတ်ပုံကောင်း ရိုက်ချင်သူတွေ အကြိုက်တွေ့စေမှာပါ။
Ref: www.bridestory.com