ကိုယ်အလေးချိန် လျှော့ချတဲ့အခါ ငြီးငွေ့စရာကောင်းတဲ့ Diet plan တွေ၊ ကိုယ်လက်လေ့ကျင့်ခန်းတွေက သင့်ကို ရုန်းကန်ရပါတယ်။ ဒီလိုအချိန်မှာ အခက်အခဲဆုံး ပြဿနာက ဝိတ်ကျစေမယ့် လေ့ကျင့်ခန်းတွေထက် စိတ်ရှုပ်စရာ Diet plan ပါတဲ့။
ကိုယ်အလေးချိန်ချတဲ့အခါ စိတ်ရှုပ်စရာတွေကြောင့် ငြီးငွေ့မသွားအောင် သက်သောင့်သက်သာနဲ့ လုပ်နိုင်မယ့်အပြင် ပုံမှန်ထက် အလွယ်တကူ ဝိတ်ကျစေမယ့် နည်းလမ်းတွေ ရှိပါတယ်။
(၁) ရေကို အချိန်တခု သတ်မှတ်ပြီး သောက်ပါ။
ကိုယ်အလေးချိန် လျှော့ချနေစဉ်မှာ ပုံမှန်ထက် ရေဓာတ် ပြန်ဖြည့်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မနက်နိုးနိုးချင်း လီမွန်အနည်းငယ် ညှစ်ထည့်ထားတဲ့ ရေ ၂ ခွက် သောက်ခြင်းနဲ့ စတင်လိုက်ပါ။ ဒီလို သောက်ပေးမယ်ဆိုရင် အစာအိမ်အတွက်လည်း အကျိုးရှိပါတယ်။
နေ့လယ်စာ မစားခင် ရေအပြည့်အဝ သောက်တာက သင့်ကို အစာတွေ အလွန်အကျွံ မစားဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ညနေ ၄ နာရီလာက်မှာ ရေမဖြစ်မနေ သောက်ပေးပါ။ နေ့လယ်စာနဲ့ ညစာကြား မှာ အချိန်တွေ ကွာဟနေလို့ ဒီလိုအချိန်မှာ ရေဓာတ်ပြည်ဖြည့်ပေးဖို့ လိုပါတယ်။ ညစာစားချိန်နဲ့ စားပြီးလောက်မှာ ရေသောက်ပေးတာက အစာခြေစနစ်ကို ပိုကောင်းစေပါတယ်။
(၂) ထမင်းမစားခင် ပန်းသီးစိမ်း (သို့မဟုတ်) ငှက်ပျောသီး စားပေးပါ။
ဒီအကြံဉာဏ်ကို ကြားလိုက်တဲ့အခါ ရယ်စရာဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် တကယ်အသုံးဝင်တဲ့ နည်းလမ်းပါ။ ပန်းသီးစိမ်းနဲ့ ငှက်ပျောသီးက ဆာလောင်မှုကို သက်သာစေပါတယ်။ ဒါကြောင့် အစားမစားခင် စားပေးရင် ထမင်းစားတဲ့အခါ အလွန်အကျွံ မစားမိအောင် ထိန်းပေးပါတယ်။
(၃) ညစာစားပြီးတဲ့အခါ ဗယ်နီလာအနံ့ ဖယောင်းတိုင် ထွန်းပါ။
ဒီအချက်က ပိုတောင် ရယ်စရာ ကောင်းနေပါဦးမယ်။ ဗယ်နီလာအနံ့ဆိုတာ အချိုပွဲတွေမှာ ကိတ်မုန့်တွေ၊ ရေခဲမုန့်တွေ၊ Pancakes တွေနဲ့ ပူတင်းတွေမှာ ဒီအနံ့အရသာ အမြဲရနေတာကို ဘာလို့ ဖယောင်းတိုင် ထွန်းခိုင်းလဲဆိုတာ အံ့သြနေမှာပေါ့။
တကယ်တော့ ဗယ်နီလာအနံ့က ကိုယ်အလေးချိန် လျော့ချနေသူအတွက် အလွန်ပဲ အထာက်အကူ ဖြစ်ပါတယ်။ အကြောင်းကတော့ ဗယ်နီလာအနံ့ထဲမှာ ဓာတ်ပြုထားတဲ့ ဓာတုပစ္စည်းတွေက အစာစားချင် စိတ် လျော့နည်းအောင် လုပ်ပေးနိုင်လို့ပါပဲ။
(၄) စားမယ့် အစားအစာကို မစားခင် ဓာတ်ပုံ အရင်ရိုက်ပါ။
ဒီအချက်ကိုလည်း ဝိတ်မချလည်း လုပ်နေကြတယ်လို့ အစောတလျင် မသတ်မှတ်လိုက်ပါနဲ့။ တကယ့်အကြောင်းရင်းက သင်စားမယ့်အစားအစာ ပမာဏကို သတိပြုမိစေချင်လို့ပါ။ ဒီအတိုင်း မျက်လုံး နဲ့ကြည့်ပြီး စားလိုက်တာထက် မစားခင် ဓာတ်ပုံရိုက်ပြီး ပြန်ကြည့်တဲ့အခါ စားနေတာ များနေပြီလား၊ အနေတော်ပဲလား ပိုသတိပြုမိတတ်ပါတယ်။
(၅) အစားအစာ ထည့်မယ့် ပန်းကန်ခွက်တွေကို အပြာရောင် သုံးပါ။
သင့်ရဲ့ ထမင်းစားခန်း ပတ်ပတ်လည်မှာ အပြာရောင် နံရံကပ်စက္ကူတွေ သုံးထားတာမျိုး၊ အစားအစာထည့်မယ့် ပန်းကန်ခွက်တွေကို အပြာရောင် သုံးတာမျိုးက ကိုယ်အလေးချိန်ကို အလျင်အမြန် ကျဆင်းစေပါတယ်။ လေ့လာချက်တွေအရ အပြာရောင်က အစားစားချင်စိတ်ကို လျော့ကျစေနိုင်စွမ်း ရှိပါတယ်။
(၆) မနက်ခင်းစာကို ကြက်ဥစားပြီး နေ့လည်စာကို ဟင်းအစပ်တွေစားပါ။
လေ့လာချက်တွေအရ မနက်ခင်းစာ ကို ကြက်ဥစားတာဟာ ကိုယ်အလေးချိန်ကျစေတယ်လို့ သက်သေပြနိုင်ခဲ့ပါတယ်။ ထပ်ပြီးတော့ အမြဲတမ်း စားရမယ် မဟုတ်ပေမယ့် မကြာခဏ နေ့လယ်စာကိုလည်း အစပ်များတဲ့ အစားအစာတွေစားရင် ကိုယ်အလေးချိန် သိသိသာသာကျစေပါတယ်။
(၇) အေးမြတဲ့အခန်းမှာ အိပ်ပါ။
အခန်းတွင်း အပူချိန် အေးမြနေတဲ့ အခန်းမှာ အိပ်တာက သင့်ကိုယ်အလေးချိန်ကို ကျဆင်းစေပါတယ်။ အကြောင်းကတော့ အခန်းတွင်းအပူချိန် အေးမြလေ၊ ကိုယ်တွင်းအပူချိန် ပူအောင် လုပ်ရတာမို့ ကယ်လိုရီတွေကို ပုံမှန်ထက် ပိုလောင်ကျွမ်းစေပါတယ်။
(၈) အစာကို ဖြည်းဖြည်းချင်း ဝါးစားပါ။
အစာကို ဖြည်းဖြည်းစားတာက အလောတကြီး စားတတ်တဲ့သူထက် ကိုယ်အလေးချိန်ပိုကျပါတယ်။ အနည်းဆုံး အစားစားတဲ့အခါ အချိန် မိနစ် ၂၀ လောက်ယူပြီး ဖြည်းဖြည်း ချင်းစားပါ။
Ref: Birghtside Me