တကျော့ပြန် ခေတ်စားလာတဲ့ ဖက်ရှင်တွေထဲမှာ စတိုင်ပန့်တွေကို ဖယ်ထားလို့ မရပါဘူး။ အရင်က စတိုင်ပန့်တွေကို ရုံးသွားတဲ့အခါသာ ဝတ်လေ့ဝတ်ထ ရှိပေမယ့် အခုအခါ ဖက်ရှင်တခုအနေနဲ့ ဝတ်ဆင်နေကြပါပြီ။ ပုံမှန်ဝတ်နေကျ ဂျင်းဘောင်းဘီထက် စတိုင်ပန့်က သင့်ကို ပိုအထာကျတဲ့ အမျိုးသမီးအဖြစ် ရှိစေမှာပါ။ ဒါဆိုရင် နိုင်ငံတကာက ဆယ်လီတွေကတော့ ဘယ်လိုမျိုး ဒီဇိုင်းနဲ့ ဝတ်ဆင်နေသလဲဆိုတာ ကြည့်ကြည့်ရအောင်။
(၁) Nude Color နဲ့ တွဲဖက်မယ်
ဖက်ရှင်မော်ဒယ် တယောက်လို အမိုက်စားဒီဇိုင်း ဖြစ်ချင်တယ်၊ တည်တည်ငြိမ်ငြိမ်နဲ့ အထာကျနေတယ်ဆိုရင် ငြိမ်တဲ့အရောင်မျိုးနဲ့ ခပ်တောက်တောက် ဘောင်းဘီအရောင်ကိုရွေးချယ်ပါ။ အပေါ်ကအကျီနဲ့ ဖိနပ်အရောင်ဟာ ဆင်တူဖြစ်ပြီး Nude Color ကိုမှ အရောင်တောက် စတိုင်ပန့်မျိုးနဲ့ တွဲဖက် ဝတ်ဆင်နိုင်ပါတယ်။
(၂) ခါးတိုလေးတွေနဲ့ တွဲဖက်မယ်
သင့်မှာရှိတဲ့ ခါးတို အင်္ကျီလေးတွေနဲ့လည်း စတိုင်ပန့်ကို တွဲဝတ်လို့ ရပါတယ်။ အရောင်လေးတွေကိုတော့ လိုက်ဖက်အောင် တွဲဖို့ လိုပါတယ်။
(၃) ကုတ်နဲ့ ဘွတ်ဖိနပ် တွဲစီးမယ်
စတိုင်ပန့်ကိုမှ အပေါ်ကုတ်နဲ့ Boots လှလှလေး တွဲကြည့်လို့ ရပါတယ်။ သင့်ပုံက Runway က မော်ဒယ်တယောက်လိုမျိုး လွင့်နေမှာပါ။
(၄) ဂျင်းကုတ်နဲ့ ဝတ်မယ်
Denim ဂျင်းနဲ့ အရောင်မှိန် စတိုင်ပန့်ကို ဝတ်မယ်ဆိုရင်တော့ ဖိနပ်ကို အမိုက်စား စီးကြည့်ပါ။ အသားပေးချင်တဲ့ ကြိုးသိုင်းဖိနပ် လှလှလေးရယ် ဒီလိုအပြင်ဆင်မျိုးရယ် ဝတ်ပြီး သူငယ်ချင်းတွေနဲ့ Night Out ထွက်မယ်ဆိုရင်တော့ လှနေမှာပါ။
(၅) Turtle neck အင်္ကျီနဲ့ အဖြူရောင် Sneaker
စတိုင်ပန့်နဲ့ နောက်ထပ် လိုက်ဖက်တဲ့ဒီဇိုင်းက Turtle neck လည်ပင်းပုံစံနဲ့ အင်္ကျီပါ။ ဖိနပ်ကိုတော့ နှစ်သက်ရာနဲ့ စီးနိုင်သလို Sneaker နဲ့ တွဲဖက်ကြည့်ရင်လည်း အမိုက်စား ဒီဇိုင်းရနိုင်ပါတယ်။
(၆) တီရှပ်
အပေါ်ပိုင်းအတွက် ထူးထူးထွေထွေ စဉ်းစားမနေချင်ဘူးဆိုရင် တီရှပ် (သို့မဟုတ်) ရှပ်အင်္ကျီ ဝတ်ကြည့်လို့ရပါတယ်။ ဒါဆိုရင်တော့ လေဒီရှူး ဒေါက်ချွန်လေး စီးဖို့ မမေ့ပါနဲ့။
(၇) ပိုးသားအင်္ကျီ
ပါတီပွဲ တက်မယ်၊ ညစာစားပွဲတွေ သွားတဲ့အခါမှာလည်း အပျော့သား ပိုးအင်္ကျီ ကြိုးတချောင်းရယ်၊ စတိုင်ပန့် တထည်ရယ်က သင့်ကို ခမ်းနားစေမှာပါ။
(၈) Off-shoulder အထည်
သင့်မှာရှိနေတဲ့ Off-shoulder နဲ့လည်း အမိုက်စား ဒီဇိုင်းလေး ဝတ်ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ အပေါ်က အရမ်းရှုပ်မနေဘဲ အရောင်ငြိမ်နေရင်ပိုပြီး လိုက်ဖက်စေပါတယ်။ ဒီလို ဒီဇိုင်းတွေနဲ့ ဖက်ရှင်ကျကျ လေဒီတယောက်အဖြစ် ကိုယ့်ကိုယ်ကို ဖန်တီးကြည့်နိုင်ပါတယ်။
Ref ; www.cosmo.ph