ဘာလိုလိုနဲ့ ၂၀၁၈ ခုနှစ် ကုန်ဖို့ နီးလာပါပြီ။ လူသစ်၊ စိတ်သစ်နဲ့ ပုံစံပြောင်းချင်တယ်ဆိုရင် အဓိကကျတာက ဆံပင်ပါပဲ။ ဒါကြောင့် နဂိုဆံပင်ကို အရောင်သွင်းပြီး အလန်းစားပုံစံ ပြောင်းဖို့အတွက် အောက်မှာ ဖော်ပြထားပါတယ်။ အခုဖော်ပြပေးမယ့် ဒီဇိုင်းတွေကို ကြည့်ရင်း ကိုယ်နဲ့လိုက်ဖက်မယ့် ပုံစံလေး ပြောင်းကြည့်ရအောင်။
(၁) Peacock Ombre
ဒေါင်းလိုမျိုး အရောင်စုံလှတဲ့ Ombre ပုံစံတွေကို ဆံပင်အဖြောင့်နဲ့ တွဲဖက်လို့ရပါတယ်။ ပုံထဲမှာသာ ကြည့်လိုက်ပါတော့။ စိတ်ကူးယဉ်ကမ္ဘာထဲက မင်းသမီးလေး ပုံစံပါပဲ။
(၂) Chocolate Brown Ombre
ဆံပင်ပျက်စီးမှာကြောက်လို့ အရောင် သိပ်မခြယ်ချင်သူတွေက အညိုရောင်နဲ့ တွဲဖက်ပြီး ဆိုးလို့ ရပါတယ်။ ခွေလိပ်နေတဲ့ အောက်ဖျားတွေကို အညိုရောင် ဆိုးလိုက်မယ်ဆိုရင် ရိုးရိုးလေးနဲ့ ဆန်းနေမှာပါ။
(၃) Blush Pink Ombre
လူငယ်ဆန်ဆန်နဲ့ အမိုက်စားလေးတွေအတွက် Pink ombre ရှိပါတယ်။ အသားဖြူဖြူလေးတွေနဲ့ဆို ချစ်ဖို့ကောင်းသလို အလန်းစား တယောက် ဖြစ်နေစေမှာပါ။
(၄) Storm-Silver Ombre
ဘဝမှာ တခါလောက်တော့ ငွေရောင် Ombre ကို စမ်းကြည့်သင့်ပါတယ်။ ဆံပင်အပေါ်က Jet black အရောင်နဲ့အောက်က Storm-silver ombre က လိုက်ဖက်ပါတယ်။ ဒီလိုပုံစံမျိုးကို စမ်းကြည့်သင့်တာက ကျောလယ်လောက်ရှိတဲ့ ဆံပင်ကောက်လေးတွေပါပဲ။
(၅) Green Ombre
နောက်ထပ်ဆံပင်ကို စမ်းကြည့်ချင်တယ်ဆိုရင်တော့ အောက်ဖျားမှာ စိမ်းသွားတဲ့အရောင်မျိုးပါပဲ။ ဆံပင်အဖြောင့်လေးနဲ့လိုက်ဖက်သလို Rich and Lustrous look ကို ရစေပါတယ်။
(၆) Ultraviolet ombre
သင့်ဆံပင်ကို ကြည့်လိုက်တိုင်း စကြာဝဠာကြီးကို ကြည့်နေရသလိုမျိုး ခံစားချက်ကို ဒီ Ultraviolet ombre အသွင်က ပေးနိုင်ပါတယ်။ အထပ်ထပ် ညှပ်ထားတဲ့ဆံပင်မှာ ဒီလိုအရောင်မျိုး စမ်းကြည့်ပါ။
အပေါ်က အရောင်စပ်လေးတွေကို ဆိုးထားတဲ့ ကောင်မလေးတွေကတော့ အလန်းစားလေးဖြစ်နေမှာ အမှန်ပါပဲ။ ဒါကြောင့် ဆံပင်ဆေးဆိုးဖို့ စဉ်းစားနေတယ်ဆိုရင် ဒီလိုပုံစံမျိုးတွေ စမ်းကြည့်ဖို့ အကြံပြုရေးသားလိုက်ပါတယ်။
Ref ; www.stylecraze.com