ဘာသာစကားအသစ်တွေ သင်ယူရတာဟာ ပျော်ရွှင်စရာကောင်းတဲ့အပြင် ယဉ်ကျေးမှုအလေ့အထ အသစ်တွေကို ဆက်လက် သိရှိနိုင်မှာဖြစ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း မိမိတတ်ကျွမ်းတဲ့ ဘာသာစကားရဲ့ အသုံးဝင်မှုအလျောက် များပြားလာမှာဖြစ်ပါတယ်။
သင်ယူရလွယ်ကူတဲ့ ဘာသာစကားတွေ ရှိသလို သင်ယူရခက်ခဲတဲ့ ဘာသာစကားတွေလည်းရှိတဲ့အတွက် ဗဟုသုတအနေနဲ့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။
(၁) တရုတ်
တရုတ်ဘာသာစကားဟာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ အသုံးပြုနေတဲ့ ဘာသာစကားတခု ဖြစ်တဲ့အပြင် နားလည်ဖို့ ခက်ခဲတဲ့ ဘာသာစကားတခုလည်း ဖြစ်ပါတယ်။ တကမ္ဘာလုံးရဲ့ ငါးပုံတပုံခန့်ဟာ တရုတ်ဘာသာစကားကို သုံးစွဲနေကြတာဖြစ်ပြီး သင်ယူဖို့ ခက်ခဲတဲ့ ဘာသာ စကားတခုလည်း ဖြစ်ပါတယ်။
တရုတ်ဘာသာစကားဟာ အပြောနဲ့အရေးမှာတောင် အလွန်ရှုပ်ထွေးလှတဲ့ ဆက်နွယ်မှုတွေ ရှိနေပြီး အသံ အနိမ့်အမြင့် စနစ်တွေကြောင့် မှတ်သားပြောဆိုဖို့ ခက်ခဲတဲ့ ဘာသာစကား တခု ဖြစ်ပါတယ်။
(၂) ဂျပန်
ဂျပန်ဘာသာစကားဟာ အရှေ့တောင်အာရှတဝိုက်မှာ အသုံးအများဆုံး ဘာသာစကားဖြစ်ပြီး စစ်တမ်းတွေအရ တရုတ်ဘာသာစကားရဲ့ ဝေါဟာရ တော်တော်မျာများဟာ ဂျပန်ဘာသာစကားကို လွှမ်းမိုးမှုတွေ ရှိတယ်လို့ သိရှိရပါတယ်။ ၁၉၄၅ ခုနှစ်ကတည်းက ဂျပန်ဘာသာစကားမှာ အင်္ဂလိပ်စကားလုံး တော်တော်များများကို နည်းပညာပိုင်းဆိုင်ရာတွေမှာ မွေးစား အသုံးပြုခဲ့တယ်လို့လည်း သိရှိရပါတယ်။
ဂျပန်ဘာသာစကားကို ခက်ခဲ့စေတဲ့ အဓိက အချက်ကတော့ တရုတ်ဘာသာစကားလိုပဲ အရေးနဲ့ အပြောမှာ အသုံးပြုတဲ့ သင်္ကေတတွေဟာ ကွဲပြားခြားနားနေလို့ပဲ ဖြစ်ပါတယ်။
(၃) ဂျာမန်ဘာသာစကား
ဂျာမန်ဘာသာစကားမှာတော့ အပြောရော အရေးမှာပါ ဒေသိယ စကားလုံးတွေ ပါဝင်ပြီး သရတွေကို သင်ယူဖို့ အခက်အခဲများစွာ ရှိနေမှာဖြစ်တဲ့ ဘာသာစကားတခု ဖြစ်ပါတယ်။ ဝါကျတကြောင်းကို ကြားလိုက်ရပေမယ့် အနက်အဓိပ္ပာယ် ဖွင့်ဆိုတဲ့အခါမှာ အချိန်ပေးဖို့လိုအပ်တဲ့အထိ ခက်ခဲတဲ့ ဘာသာစကားတခု ဖြစ်ပါတယ်။
(၄) ဗီယက်နမ်
ဗီယမ်နမ်နိုင်ငံမှာ လူမျိုးပေါင်းများစွာ နေထိုင်ကြတဲ့အထဲမှာမှ ဗီယက်နမ် ဘာသာစကားဟာ လူသုံးအများဆုံး ဘာသာစကားတခုဖြစ်တဲ့အပြင် ရုံးသုံးဘာသာစကားလည်း ဖြစ်ပါတယ်။ တမူထူးခြားတဲ့ သဒ္ဒါ အသုံးအနှုန်းတွေ၊ ခက်ခဲတဲ့ အသံထွက်တွေအပြင် မှတ်သားရခက်ခဲတဲ့ ဗီယက်နမ် အက္ခရာတွေကြောင့် ဗီယက်နမ်ဘာသာစကားဟာ အခက်ခဲဆုံး ဘာသာစကားတမျိုး ဖြစ်ပါတယ်။
(၅) ထိုင်း
ထိုင်းဘာသာစကားရဲ့ အက္ခရာအများစုဟာ ခမာ၊ ပါဋိနဲ့ သက္ကတ ဘာသာစကားတွေကနေ ဆင်းသက်လာတာဖြစ်ပြီး အသံထွက်မှာဆိုရင်လည်း ကွဲပြားခြားနားတဲ့ သရသံ သံတို၊ သံရှည်တွေကြောင့် သင်ယူရခက်ခဲတဲ့ ဘာသာစကားတမျိုး ဖြစ်ပါတယ်။
Ref: listaka.com