လူတဦးတယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ စိတ်နေစိတ်ထားတွေကို တချို့က နက္ခတ်တွေ၊ တားရော့တွေ ကြည့်ပြီ းတွက်ချက်ကြသလို သွေးအမျိုးအစားတွေကနေ တဆင့်လည်း ခန့်မှန်းနိုင်ပါတယ်။ တောင်ကိုရီးယားလို ခေတ်မီတိုးတက်တဲ့ နိုင်ငံကသူတွေကလည်း သွေးအမျိုးအစားပေါ် ကြည့်ပြီး တဖက်လူရဲ့ စိတ်ထားကို ခန့်မှန်းတာမျိုးလုပ်လေ့ ရှိပါတယ်။
သွေးအမျိုးအစားကနေ လူ့အမူအကျင့်ကို ခန့်မှန်းတာက ၁၀၀ ရာခိုင်နှုန်း မမှန်သလို၊ သိပ္ပံနည်းကျ မဟုတ်တာကြောင့် လက်မခံသူတွေရှိသလို တိုက်ဆိုင်မှုတွေကြောင့် တချို့ကလည်း မှန်တယ်လို့ ဆုံးဖြတ်ကြပါတယ်။ ဒါဆိုရင် သူတို့ဘယ်လိုမျိုး ခန့်မှန်းသလဲ ကြည့်ကြည့်ရအောင်။
(၁) အေသွေး
အေသွေးသမားတွေက သူများတွေထက် ရှေးရိုးစွဲပြီး သီးသန့်နေလေ့ ရှိပါတယ်။ လူတယောက်ကို ယုံကြည်ဖို့နဲ့ ခံစားချက်တွေကို ဖော်ပြတဲ့နေရာမှာလည်း အခက်အခဲတွေရှိသူတွေပါ။ သူတို့ဟာ အလွန်မှ စိတ်ရှည်ပြီး စိတ်ကူးဉာဏ်ကွန့်တဲ့ ပြီးပြည့်စုံသူတွေပါ။ အေသွေးသမားတွေကို ဘယ်အရာမဆို တိကျလွန်းတာကြောင့် ခေါင်းမာပြီး ပြောင်းလဲရခက်သူလို့ လူတွေက သတ်မှတ်ကြပါတယ်။
အေသွေးအမျိုးသားတွေက သူတို့ခင်မင်တဲ့ သူတွေအပေါ် အရမ်းကောင်းတတ်ကြပြီး ဘာလုပ်လုပ် အကောင်းဆုံး ဖြစ်ချင်ကြပါတယ်။ သူတို့ချစ်ခင်ရတဲ့ သူတွေအတွက်တော့ ဘယ်အရာမဆို ပေးဆပ်ဖို့ အသင့်ရှိနေတာကြောင့် အထိအရှမခံတဲ့ နှလုံးသားပိုင်ဆိုင်သူတွေဖြစ်ပြီး ဒီအရာကြောင့်ပဲ မကြာခဏ နာကျင် ခံစားရတတ်ပါတယ်။
အေသွေး အမျိုးသမီးတွေကတော့ လောဘကြီးသလို အလုပ်အပေါ် စိတ်ကျေနပ်တယ်ဆိုတာ နည်းပါးတာကြောင့် တခါတလေ ခံစားချက်မဲ့နေသလိုပါပဲ။ သို့သော်လည်း သူတို့တွေက လက်တွဲဖော်တွေအပေါ် သစ္စာရှိပြီး ဂရုစိုက်လွန်းတာကြောင့် သဝန်တိုခြင်း၊ စိတ်ထိခိုက်ခြင်းတွေကို ခံစားရပါတယ်။ အချိန်ဇယားတွေနဲ့ပဲ အလုပ်ရှုပ်ချင်ပြီး ဆက်တိုက် အလုပ်လုပ်နေရတာတွေကို နှစ်သက်ပါတယ်။
ကိုရီးယား ဆယ်လီတွေထဲက အေသွေးသမားတွေကတော့ GD, Sandra Park, Krystal နဲ့ Jay Park တို့ပဲ ဖြစ်ပါတယ်။
(၂) ဘီသွေး
ဘီသွေးသမား ၄ ယောက်မှာ ၁ ယောက်က စိတ်ကူးစိတ်သန်း ကောင်းပြီး စိတ်အားတက်ကြွသူတွေ ဖြစ်ပါတယ်။ လွတ်လပ်ပြီး ကိုယ့်ကိုယ်ကို ကန့်သတ်တာ မကြိုက်ကြပါဘူး။ ဘောင်အပြင်ကနေ တွေးတတ်သလို တခါတလေကျတော့ စိတ်မရှည်ဘဲ အလွယ်တကူ အရှုံးပေးတတ်ပါတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်လွန်းတာကြောင့် တခါတရံမှာ တာဝန်ယူမှု မရှိဘူးလို့ သတ်မှတ်ခံထားရသူတွေပါ။
ဘီသွေးအမျိုးသားတွေက သူတို့အောင်မြင်မှုတွေအပေါ် သာယာလွန်းတာကြောင့် သူတို့ အရည်အချင်းအပေါ် အထင်သေးသူတွေကို မုန်းပါတယ်။ သို့သော်လည်း စမတ်ကျပြီး ဟာသဉာဏ်ရွှင်တာကြောင့် ကောင်မလေးတွေကြား ရေပန်းစားပြီး စိတ်ဝင်စားမှုကတော့ ခဏလေးနဲ့ ကုန်တတ်ပါတယ်။ လိမ်တဲ့နေရာမှာ တော်ပြီး သူတို့ကို တစုံတခု လုပ်ခိုင်းရင်တော့ စိတ်ပျက်တတ်ပါတယ်။
ဘီသွေးအမျိုးသမီးတွေက စည်းမျဉ်းတွေနဲ့ ထိန်းချုပ်ထားတာကို မုန်းသလို တခြားသူတွေတွေးတာထက် ကိုယ်သဘောကျတာကိုပဲ လုပ်လေ့ ရှိပါတယ်။ အလွယ်တကူ ငြီးငွေ့တတ်ပြီး သူတို့အတွက် ဘဝမှာအရေးပါတဲ့ အရာတွေများတာကြောင့် အချစ်ရေးကို အကြာကြီးမထိန်းသိမ်းနိုင်ပါဘူး။ စိတ်တိုတတ်သူတွေ မဟုတ်ပေမယ့် ငြိမ်းချမ်းမှုကို ရှာဖို့အတွက်ကျ ခက်ခဲပြန်ပါတယ်။
နာမည်ကြီး ဘီသွေးဆယ်လီတွေကတော့ TOP, Jun Jihyun, Yoona, Jessica နဲ့ Lee Sanggi တို့ ဖြစ်ပါတယ်။
(၃) အိုသွေး
အိုသွေးသမားတွေကတော့ အကောင်းမြင်စိတ်ရှိသူ၊ သွက်လက်တက်ကြွသူတွေဖြစ်ပြီး ခေါင်းဆောင်ကောင်းတွေ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ခင်မင်တတ်တဲ့စိတ်ထားရှိတာကြောင့် ရည်မှန်းချက်ကြီးမားပြီး အောင်မြင်မှုကို လိုလားသူတွေ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို အောင်နိုင်သူလို့ သတ်မှတ်ပြီး ရှုံးတာကို မကြိုက်ပါဘူး။ တခါတရံ ခံစားလွယ်ပြီး၊ မာနကြီးသူ၊ ခံစားမှု မရှိသူတွေလည်း ဖြစ်ပါတယ်။
အိုသွေးအမျိုးသားတွေက စိတ်လှုပ်ရှားမှုလွယ်ပြီး အလွယ်တကူ ယုံတတ်ပါတယ်။ လူအစုအဖွဲ့တွေနဲ့ နေရတာ ကြိုက်နှစ်သက်ပြီး နားလည်မှုပေးနိုင်သလို ခေါင်းဆောင်မှု စွမ်းရည်နဲ့ တက်ကြွမှုတွေကတော့မွေးရာပါ အားသာချက်တွေပါ။ ခံစားချက်တွေကို ဖုံးကွယ်ဖို့ ခက်ခဲသလို ငြင်းခံရမှာစိုးတာကြောင့် ဖွင့်မပြောရဲတာလည်း သူတို့ပါပဲ။
အိုသွေးအမျိူးသမီးတွေက ခင်မင်ဖွယ်ကောင်းသလို ရဲရင့်ပြီး ခန့်မှန်းရခက်ပါတယ်။ စိတ်ဖိစီးမှုတွေကို မထိန်းချုပ်နိုင်တာကြောင့် အခြားသူတွေထက် နာကျင်လွယ်ပြီး အထီးကျန်တတ်ပါတယ်။ စိတ်ရှည်ပြီး ဂရုစိုက်တတ်သလို အခြားသူရဲ့ ပြဿနာကို ကိုယ့်ပြဿနာလိုပဲ ခံစားပေးတတ်ပါတယ်။ အပြင်ပန်းအရ သန်မာတယ်လို့ထင်ရပေမယ့် ထိခိုက်ခံစားလွယ်ပြီး အောင်မြင်မှုကို မမက်မောသူတွေလည်း ဖြစ်ပါတယ်။
နာမည်ကြီး အိုသွေးဆယ်လီတွေက Taeyeon, Kim Yuna, Hyuna, Kim Woobin တို့ဖြစ်ပါတယ်။
(၄) အေဘီသွေး
အဖွဲ့ထဲက ဉာဏ်ကြီးရှင်တွေဖြစ်ပြီး ဆိုက်ကိုသမားတွေလို့ ပြောလည်းရပါတယ်။ အပြင်ပန်းကြည့်ပြီး ခန့်မှန်းရခက်သလို အာရုံစူးစိုက်မှုကောင်းတဲ့ အတွေးသမားတွေ ဖြစ်ပါတယ်။ နှလုံးသားထက် ဦးနှောက် အားသာသူတွေပါ။ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့် မျက်နှာများသူ၊ အပြောင်းအလဲမြန်သူ၊ မယုံကြည်ရသူတွေလို့ သတ်မှတ်ခံရပါတယ်။
အေဘီသွေး အမျိုးသားတွေက အစမှာအေးတိအေးစက်လို့ ထင်ရပေမယ့် ပိုပြီးဂရုစိုက်တတ်၊ ခွင့်လွှတ်ပေးတတ်တဲ့သူတွေပါ။ အလွယ်တကူ အရှုံးပေးတတ်ပြီး အသစ်ရှာရင်လည်း မြန်ပါတယ်။ လူတွေက သူ့ကိုမယုံရဲကြပေမယ့် သူတို့ခင်မင်တဲ့ သူတွေအပေါ် ရိုးသားပြီး ရိုမန်တတ်ဆန်တတ်ပါတယ်။
အေဘီသွေး အမျိုးသမီးတွေကတော့ သူများအကြောင်း စိတ်ဝင်စားပြီး ကိုယ့်အကြောင်းပြောရမှာကိုတော့ မကြိုက်ကြပါဘူး။ တခါတလေ အလွန် ဂရုစိုက်ပြီး နားလည်ပေးပေမယ့် သံသယများပြီး၊ တကိုယ်ကောင်းဆန်တာလည်း သူတို့ပါပဲ။ ပတ်ဝန်းကျင်ကြောင့် ထိခိုက်ခံစားမှု နည်းပါးသူတွေဖြစ်ပြီး လွတ်လပ်ပေါ့ပါးကာ ကိုယ့်ခံစားချက်ကိုပဲ အရေးထားသူတွေပါ။
နာမည်ကြီး အေဘီသွေးသမားတွေက Taecyeon, Baekhyun, Kim Soohyun နဲ့ Girls Day’ Hyeri တို့ ဖြစ်ပါတယ်။
ကဲ သင်တို့နဲ့ကော သူတို့ခန့်မှန်းချက်တွေက တူရဲ့လား။
Ref ; http://seoulsync.com