Depression (စိတ်ဓာတ်ကျခြင်း) ဟာ အခုနောက်ပိုင်းမှာ တွေ့ရများလာတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါတမျိုး ဖြစ်ပါတယ်။ ရုပ်ဝတ္ထုတွေ တိုးတက်လာပေမယ့် လူတွေဟာ အရင်ကလောက် မပျော်တော့ဘဲ မွန်းကြပ်သလို ခံစားလာရပါတယ်။
စိတ်ဓာတ်ကျခြင်းဟာ လူတိုင်းနီးပါး ကြုံတွေ့ရတဲ့ အရာတခုဖြစ်ပြီး မတွန်းလှန်နိုင်တဲ့သူတွေကတော့ မိမိကိုယ့်ကို သတ်သေခြင်းနဲ့ အဆုံးသတ်လေ့ ရှိပါတယ်။ အခုဖော်ပြပေးမှာကတော့ နာမည်ကြီး ဆယ်လီတွေရဲ့ ကြုံတွေ့ရတဲ့ စိတ်ဒဏ်ရာနဲ့ သူတို့ခံစားရတဲ့ Depression အခြေအနေ တချို့ပါ။
(၁) Nadine Lustre
ဖိလစ်ပိုင် တက်သစ်စ မင်းသမီးလေးဖြစ်ပြီး Kathryn Bernardo နဲ့ ရုပ်ချင်းဆင်တာကြောင့် လူသိများပါတယ်။ သူမဟာလည်း ချောမောလှပတဲ့ အောင်မြင်သူတယောက် ဖြစ်ပေမယ့် စိတ်ဓာတ်ကျခြင်းကို ခံစားဖူးပါတယ်။
“ကျမ စိတ်ဓာတ်ကျတဲ့ ဝေဒနာကို အခုချိန်ထိ ခံစားနေရတယ်ဆိုတာ ရှင်တို့ယုံမှ ာမဟုတ်ဘူး။ ရေချိုးဇလုံထဲမှာ ထိုင်ပြီး ကိုယ်လုပ်နေတဲ့ အရာတွေကို မေးခွန်းထုတ်ဖူးတယ်။ ကြိုးစားပေမယ့် ရလဒ်အပေါ်မှာ အမြဲ စိတ်မကျေမနပ်ဖြစ်ပြီး မကောင်းတဲ့ အတွေးတွေ အမြဲဝင်နေတာကြောင့် လူရှေ့မှာတော့ ဟန်ဆောင်မျက်နှာဖုံးတပ်ထားရတယ်”လို့ သူမက ဆိုပါတယ်။
(၂) Kylie Versoza
“လွန်ခဲ့တဲ့ ၄ နှစ်က ကျမ စိတ်ကျရောဂါကို ခံစားခဲ့ရတယ်။ မိသားစုကလွဲလို့ ကျမ ဒီလိုခံစားနေရတယ် ဆိုတာကို ဘယ်သူမှ မသိဘူး။ တယောက်တည်း တိတ်ဆိတ်တဲ့နေရာမှာ အချိန်တော်တော်ကြာ ဖြုန်းခဲ့မိတယ်။ တခါတလေကျတော့ ကိုယ့်ကိုယ်ကိုယ်တောင် ရူးသွားပြီလို့ ထင်မိတယ်”လို့ သူမက ဖွင့်ဟခဲ့ပါတယ်။
(၃) Lilly Singh
“Depression ဆိုတာက လူတွေ အများကြီးရှိတဲ့ အခန်းထဲမှာတောင် သင်တယောက်တည်း အထီးကျန်နေတာမျိုးပါ”လို့ သူမက သတ်မှတ်ပါတယ်။
(၄) Cara Delevinge
“ကျမဟာ အိတ်တွေ ထုပ်ရင်းနဲ့ပဲ ဆက်မလုပ်ချင်တော့ဘူး။ တခါတလေ လျှောက်နေတဲ့လမ်းကိုပဲ ဆက်မသွားချင်တော့ဘူး။ တကြိမ်မှာတော့ သေဖို့ကိုပဲ စဉ်းစားနေသလောက် ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ သဘောပေါက် လာတယ်”လို့ ဆိုပါတယ်။
၅) Kathrine Langford
13 Reasons Why ဇာတ်လမ်းတွဲထဲက မင်းသမီးလေးက “ကျမတို့ အရွယ်ရောက်လာတာနဲ့ ဘာတွေခံစားနေရသလဲဆိုတာ မသိတော့ဘူး။ ဒီလို ခံစားနေရတာကိုလည်း ပွင့်ပွင့်လင်းလင်း မပြောပြချင်ဘူး။ အခုခေတ် အထက်တန်းကျောင်းက ဆယ်ကျော်သက် အများစုဟာ စိတ်ဓာတ်ကျတဲ့ရောဂါကို ခံစားနေရတယ်။ ကိုယ်တိုင်လည်း မကြုံဖူးသရွေ့ ဒါကိုသိမှာမဟုတ်ဘူး”လို့ ဆိုပါတယ်။
(၆) J.K.Rowling
ဟယ်ရီပေါ်တာစာအုပ်ကို ရေးသားခဲ့တဲ့ စာရေးဆရာမကတော့ “စိတ်ဓာတ်ကျတဲ့ အကြောင်း မသိတဲ့သူ တယောက်ကို သွားရှင်းပြလို့ မရဘူး။ စိတ်ဓာတ်ကျတယ်ဆိုတာ ဝမ်းနည်းတာ မဟုတ်ဘူး။ ဝမ်းနည်းတယ်ဆိုတာ ငိုလို့ရတယ်၊ ခံစားလို့ ရတယ်။ Depression ဆိုတာက ခံစားချက် မဲ့နေပြီး အထီးကျန်နေတာမျိုးပါ”လို့ ဆိုပါတယ်။
ကဲ သင်ကိုယ်တိုင်ကကော ဒီလိုမျိုးတွေကို ခံစားဖူးပါသလား။ ကိုယ့််ကိုယ်ကိုယ် ဒီလိုအခြေအနေတွေဖြစ်နေတယ်ဆိုတာ သတိပြုမိပြီဆိုရင် အချိန်မီပြန်ကုသဖို့ အရေးကြီးပါတယ်။
လက်မလျှော့ဘဲ ပျော်ရွှင်တဲ့နေရက်တွေဆီ ရောက်အောင်သွားဖို့ ကိုယ်ချစ်ခင်တဲ့သူတွေဆီကနေ အင်အားယူပါ။ တခြားကြုံဖူးတဲ့သူတွေဆီကနေ အကြံဉာဏ်ယူပါ။ အားပေးစကားနားထောင်ပါ။ ဘာသာရေး များများလုပ်ပါ။ ဒီလိုမျိုးနည်းလမ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင် ထားနိုင်ပါတယ်။