Trend

အဝတ်လျှော်စက်နဲ့ အဝတ်လျှော်သူတွေ ပြုလုပ်လေ့ရှိတဲ့ အမှားများ

အဝတ်လျှော်စက်တွေ ပေါ်လာတာဟာ လူတွေကို အားအင်ကုန်ခမ်းခြင်းကို လျော့ချပေးနိုင်ခဲ့ပါတယ်။ အချိန်ကုန်၊ လူပင်ပန်းသက်သာတာကြောင့် အိမ်တိုင်းနီးပါးမှာ အသုံးပြုနေကြတာကို တွေ့ရမှာပါ။ ဒါကြောင့် အဝတ်လျှော်စက် နဲ့ အဝတ်လျှော်သူတွေ ပြုလုပ်လေ့ရှိတဲ့ အမှားတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာ မသုံးခြင်း

သင့်မိသားစုဝင်တွေ တခါတလေမှာ ဖျားနာတာတွေ ရှိနိုင်ပါတယ်။ ဖျားနာပြီး ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေပြီးတော့ အဖျားပိုး ကူးစက်ခံထားရတဲ့ အဝတ်အစားတွေဟာ သာမန်အဝတ်လျှော်ဆပ်ပြာနဲ့ ပိုးမွှားတွေ မသေနိုင်ပါဘူး။ ဒါကြောင့် ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာကို သုံးရင်း ရောဂါပိုးကို ကာကွယ်ဖို့ တိုက်တွန်းချင်ပါတယ်။

(၂) အဝတ်လျှော်စက်ကို သန့်ရှင်းရေး မလုပ်ခြင်း

အဝတ်လျှော်စက်က ရေထည့်လိုက် ဆပ်ပြာထည့်လိုက် လုပ်နေတာ မှန်ပါတယ်။ ဒါပေမဲ့ ၁ လ တခါတော့ သန့်ရှင်းရေး လုပ်ပေးစေချင်ပါတယ်။ လည်ပတ်တဲ့နေရာနဲ့ အဝတ်ကို သန့်စင်ပေးတဲ့ နေရာတွေမှာ ကြေး(ဂျီး)တွေ ပိတ်နေတတ်လို့ သွားတိုက်တံနဲ့ ဖြစ်ဖြစ်၊ ရေနွေးနဲ့ ဖြစ်ဖြစ် သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။

(၃) အဝတ်ကို ပြောင်းပြန် လှန်လျှော်ပါ

သင့်ရဲ့ ဂျင်းဘောင်းဘီ၊ ဆွယ်တာ၊ အနွေးထည် စတာတွေကို လျှော်တဲ့အခါ ပြောင်းပြန်လှန်ပြီး လျှော်သင့်ပါတယ်။ အဝတ်အစားတွေဟာ အသားနဲ့ ထိပြီး အရေပြားပေါ်က ကြေး(ဂျီး)တွေ ကပ်နေနိုင်ပါတယ်။ ဒါကြောင့် အဝတ်လျှော်တဲ့အခါ ပြောင်းပြန်လှန်ဖို့ မမေ့ပါနဲ့။

(၄) အဝတ်အများကြီး ထည့်လျှော်တာကို ရှောင်ပါ

အဝတ်လျှော်စက်တွေဟာ ကြီးမားပြီး အဝတ်ထည့်စရာ နေရာ အကျယ်ကြီးပါတယ် ဆိုပေမယ့် ကျွမ်းကျင်သူတွေရဲ့ ပြောစကားအရ သင့်အဝတ်ကိုလည်း နေရာလွတ်ပေးဖို့ လိုပါတယ်။ ဒီလို နေရာလွတ်ပေးမှသာ သင့်အဝတ်တွေကို ကျယ်ကျယ်ဝန်းဝန်းနဲ့ လျှော်ဖွတ်နိုင်လို့ ပြောင်မှာ ဖြစ်ပါတယ်။

(၅) စည်းကမ်းတွေကို လိုက်နာပါ

သင့်အဝတ်လျှော်စက်ကို ကြာရှည်ခံစေချင်တယ် ဆိုရင်တော့ အဝတ်လျှော်စက် တခုအတွက် လိုက်နာရမယ့် စည်းကမ်းတွေကို လိုက်နာဖို့ လိုပါတယ်။ အဝတ်အခြောက်ခံတဲ့ အခါမှာလည်း စက်က သတ်မှတ်ထားတဲ့ အချိန်အတိုင်း အခြောက်ခံဖို့ လိုအပ်ပါတယ်။ ကလေးအရုပ်၊ တဘက် စတာတွေကို လျှော်ဖွတ်တဲ့အခါ စက်က ခံနိုင်ရည် ရှိသလောက်ကိုသာ ထည့်ပြီး လျှော်ဖွတ်သင့်ပါတယ်။ သင့်မှာ အဝတ်လျှော်စက် ရှိနေရက်နဲ့ ခေါင်းအုံးစွပ်၊ အိပ်ယာခင်း စတာတွေကို သေချာလျှော်ဖွတ်ဖို့ မမေ့ပါနဲ့လို့ သတိပေးချင်ပါတယ်။

Ref;Brightside.com

Loading