ဆီးနှင်းတွေဟာ တခုနဲ့တခုတူညီတယ်လို့ ထင်ပါသလား။ ရုပ်ရှင်တွေနဲ့ အခြား နှင်းကျတဲ့နိုင်ငံတွေမှာ ဆီးနှင်းတွေကို တွေ့မြင်နိုင်ပေမယ့် အချို့သော အပူပိုင်းဒေသနိုင်ငံတွေမှာတော့ ဆီးနှင်းတွေကို မတွေ့မြင်ရတတ်ပါဘူး။ ယခုဖော်ပြပေးမယ့် ဆီးနှင်းတွေအကြောင်းကတော့ လူသိနည်းလှတဲ့ သိပ္ပံပညာနဲ့ ဆက်စပ်မှတ်တမ်းတွေအပေါ် အခြေခံထားတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။
(၁) ဆီးနှင်းတွေဟာ အဖြူရောင် မဟုတ်ပါဘူး။ သူတို့ဟာ သန့်စင်ပြီး ရေခဲပုံဆောင်ခဲတွေနဲ့ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက်ကြောင့် အလင်းရောင်ဟာ သူတို့ရဲ့ ကိုယ်ထည်ကို ဖြတ်သန်းသွားတဲ့အခါမှာ သူ့ကိုယ်ထည် တခုလုံး အလင်းရောင်ဟာ ပြည့်နှက်သွားပြီး မျက်လုံးကို အလင်းပြန်တဲ့အတွက်ကြောင့် အဖြူရောင်ရှိတယ်လို့ ထင်ရခြင်းဖြစ်ပါတယ်။
(၂) ဆီးနှင်းတွေရဲ့ကိုယ်ထည်မှာ အနား ၆ နား ပါဝင်ပြီး သိပ္ပံပညာအရ ရေမော်လီကျူးနဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက်ကြောင့် ရလဒ်တခုအနေနဲ့ အနား ၆ နား ပါဝင်တဲ့ ဆီးနှင်းတခုဖြစ်သွားတာပဲ ဖြစ်ပါတယ်။ လူတွေ ပြုလုပ်ထားတဲ့ ဆီးနှင်းပုံ အလှဆင်ပစ္စည်းတွေမှာတော့ အနား ၅ နား ဒါမှမဟုတ် အနား ၈ နားပါဝင်တာကို တွေ့ရှိရမှာ ဖြစ်ပြီး ဒါဟာ သဘာဝရဲ့ နိယာမတွေကို အထင်မှားစေတာလည်း ဖြစ်ပါတယ်။
(၃) တချို့သောဆီးနှင်းတွေဟာ တူညီပါတယ်ဆိုတဲ့အကြောင်းကို ၁၉၈၈ ခုနှစ်မှာ Nancy Knight က တွေ့ရှိခဲ့ပါတယ်။ သူမဟာ Colorado မြို့ အမျိုးသားစင်တာမှာရှိတဲ့ လေထုသုတေသန သိပ္ပံပညာရှင်တဦးဖြစ်ပြီး Wisconsin မြို့ အနီးအနားက မုန်တိုင်းကြောင့် ကျလာတဲ့ ဆီးနှင်းတွေထဲက ဆီးနှင်းနှစ်ခုဟာ ပုံသဏ္ဍာန်ရော တည်ဆောက်ပုံပါ တူညီကြောင်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။
(၄) ၁၉၉၁ နဲ့ ၁၉၉၂ ခုနှစ်တွေမှာ New York ရဲ့ အဆိုးဝါးဆုံး ဆောင်းရာသီတွေပဲဖြစ်ပြီး ၁၆၂ လက်မထက် ပိုထူတဲ့ ဆီးနှင်းကျဆင်းမှုတွေနဲ့ ခရစ္စမတ်ပွဲတော် မတိုင်ခင်အထိ ကြုံတွေ့နေခဲ့ရတာဖြစ်ပါတယ်။ ဆီးနှင်းတွေဟာ တခါတရံမှာ လူတချို့အတွက်တော့ ကြောက်စရာကောင်းနေတတ်ပြီး နှင်းကြောက်ရောဂါ (Chionophobia)လို့ ဆေးပညာအရ ခေါ်ဆိုကြပါတယ်။
Ref: www.rd.com