ယနေ့ခေတ်မှာ လူငယ်တိုင်းရဲ့ လက်မှာ ဖုန်းတလုံး ကိုယ်စီနဲ့ ကိုယ်ပိုင်အမှတ်တရတွေကို ဖန်တီးနေကြပါပြီ။တနေ့တာရဲ့ အမှတ်တရတွေကို ဗီဒီယိုရိုက်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း စတာတွေနဲ့ ကိုယ့်သဘောကျ ကုန်ဆုံးနေတဲ့ လူတွေအများကြီးရှိသလို ဖုန်းတလုံးနဲ့ ကိုယ်ပိုင်အတွေးတွေ ရှိရင်တောင် ပိုက်ဆံရှာလို့ရတဲ့ အနေအထားတခုကို ရောက်ရှိနေပါပြီ။
ယခင် ၂၀ ရာစုက လူငယ်တွေမှာ ဒီလို အခွင့်အရေးတွေ မရှိခဲ့ပါဘူး။ ကင်မရာပိုင်ရှင်တွေ အမှတ်တရ ရိုက်ကူးခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၁၀၀ ခန့်က နိုင်ငံအသီးသီးမှာရှိတဲ့ လူငယ်များရဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဂျပန်
ဒီဓာတ်ပုံ ၂ ပုံကတော့ ၂၀ ရာစုအတွင်းက ဂျပန် အမျိုးသမီးငယ်များရဲ့ပုံ ဖြစ်ပါတယ်။ တပုံက ရိုးရာ ယဉ်ကျေးမှုအတိုင်း ကီမိုနိုကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတွေဖြစ်ပြီး နောက်တပုံကတော့ အနောက်တိုင်းယဉ်ကျေးမှု လွှမ်းမိုးခံ ဝတ်စုံများနဲ့ ဓာတ်ပုံ အရိုက်ခံခဲ့ကြတာ ဖြစ်ပါတယ်။
(၂) ဖိလစ်ပိုင်
ဖိလစ်ပိုင်ရဲ့ ရိုးရာဝတ်စုံတွေဟာ စပိန်လူမျိုးများရဲ့ လွှမ်းမိုးခြင်းကို အတော်ခံခဲ့ရပါတယ်။ အခုပုံမှာ ဖော်ပြထားတဲ့ ဝတ်စုံတွေနဲ့ အလှဝတ်ဆင်ထားတဲ့ အသုံးအဆောင်များဟာ ပန်းကို ဆူးနဲ့ ကုပ်ပြီး ချုပ်လုပ်ထားတာတွေ ဖြစ်တယ်လို့ သိရပါတယ်။
(၃) ပြင်သစ်
ပြင်သစ်လူငယ်တွေဟာ စာပေအနုပညာနဲ့ အားကစားကို ခုံမင်တတ်ကြသူတွေဖြစ်လို့ လူအထင်ကြီးခံရအောင် ဝတ်ဆင်လေ့ ရှိတာကို တွေ့ရပါတယ်။ ပုံမှာ ပါဝင်တဲ့ တင်းနစ်ဘတ်တံကို ကိုင်ထားတဲ့ လူငယ်ဟာ ပြင်သစ်ကိုယ်စားပြု ကမ္ဘာကျော် တင်းနစ်သမား Jean René Lacoste ဖြစ်ပြီး ကမ္ဘာကျော် Brand တခုဖြစ်တဲ့ Lacoste (the Crocodile) Company ကို စတင် တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။
(၄) ရုရှား
မျက်လုံးအရမ်းလှတယ်လို့ ကမ္ဘာမှာ နာမည် ကျော်ကြားတဲ့ ရုရှားနိုင်ငံသူတွေကတော့ ဓာတ်ပုံခေတ် မကောင်းစဉ်မှာတောင် သိသိသာသာ လှပနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ပုံမှာ ပါဝင်တဲ့ အမျိုးသမီးငယ်လေးတွေဟာ ၂၀ ရာစုနှစ်များမှာ ရုရှားနိုင်ငံရဲ့ ခေတ်အစားဆုံး ဝတ်စုံကို ဝတ်ဆင်ထားဖြစ်ပါတယ်။ တဖက်ပုံပါ အမျိုးသားငယ်တွေကတော့ လူကုံထံအသိုင်းအဝိုင်းမှ ကျောင်းဝတ်စုံနဲ့ ဓာတ်ပုံ မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။
(၅) စပိန်
ပုံမှာ ပါဝင်တဲ့ အမျိုးသမီးငယ်တွေဟာ Maria-Christina နဲ့ Beatrice ဖြစ်ပြီး သူတို့ နှစ်ယောက်ဟာ ဆင်တူ ဝတ်စုံနဲ့ ဓာတ်ပုံ ရိုက်ရတာကို ပျော်ရွှင်နေဟန် တူပါတယ်။ တဖက်ပုံကတော့ ကမ္ဘာကျော် ကဗျာဆရာ Federico García Lorca က သူ့ရဲ့ အကောင်းဆုံးဆိုတဲ့ ဝတ်စုံကို ဝတ်ဆင်ပြီး သူ့အသက် ၁၆ နှစ်မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
Ref ; historist.com