မျက်လုံးဟာလည်း လူတယောက်ရဲ့အလှကို ပုံဖော်တဲ့နေရာမှာ အရေးပါတဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ သင့်မျက်လုံးမှာ ခြယ်သထားတဲ့ အရောင်ပေါ် မူတည်ပြီး သင့်ရဲ့ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲသွားစေနိုင်ပါတယ်။
ဒါဆိုရင် အခုမှ မိတ်ကပ်စလိမ်းတဲ့ သူတွေအတွက် လွယ်ကူ ရိုးရှင်းပြီး သေသပ်လှပတဲ့မျက်လုံးတစုံကို ပုံဖော်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးသွားပါမယ်။
(၁) အောက်ခံကို ဂရုစိုက်ပါ
မိတ်ကပ်လိမ်းတဲ့အခါ မျက်နှာမှာ base ခံရသလိုပဲ မျက်လုံးခြယ်တဲ့ အခါမှာလည်း base ခံဖို့ လိုအပ်ပါတယ်။ ပထမဆုံးအနေနဲ့ မျက်လုံးတဝိုက်ကို သန့်ရှင်းအောင် ထားပါ။ ပြီးရင် Moisturizer (သို့မဟုတ်) Eye cream လိမ်းပါ။ အပေါ်က Eye shadow အရောင်ကြာရှည်ခံဖို့ Primer လိမ်းပါ။
တကယ်လို့ သင်က မျက်ကွင်းညိုတတ်တယ်ဆိုရင် သင့်မျက်လုံး အရောင်နဲ့ လိုက်ဖက်တဲ့ Concealer အရောင်ကို Primer သုံးပြီးတဲ့အခါ ခြယ်သပေးပါ။ Concealer ကို ဘရပ်ရှ်နဲ့ခြယ်သပြီး Translucent Powder နဲ့ အုပ်ပါ။ ဒီလိုလုပ်ခြင်းက သင့်မျက်လုံးက အရောင် မညီတာတွေကို လျှော့ချပေးပြီး ပိုကောင်းမွန်တဲ့ အရောင် ထွက်စေပါလိမ့်မယ်။
(၂) အရောင်ခြယ်မယ်
သင့်မျက်ခွံ၊ မျက်ရိုးနဲ့ မျက်ခုံးကြားက ထောင့်တွေမှာ ဘယ်လိုခြယ်သရမလဲဆိုတာ သိရင်တော့ ပိုအဆင်ပြေပါတယ်။ လူတယောက်နဲ့ တယောက် ပုံစံချင်း မတူတဲ့အတွက် ကိုယ့်အားသာချက်ကို သိပြီး ခြယ်သနိုင်ရင်တော့ အကောင်းဆုံးပါ။ မျက်လုံးခြယ်တော့မယ်ဆိုရင် ဆိုဒ်အစုံရှိတဲ့ ဘရပ်ရှ်တွေကလည်း အရေးပါတာကြောင့် ကြိုစုထားသင့်ပါတယ်။
မျက်ခွံရဲ့အလယ်ကို အရောင်တောက်တောက်လေး ခြယ်သပေးပြီး မျက်လုံးထောင့်တွေကိုတော့ မှောင်တဲ့အရောင်တွေ သုံးပါ။ ခြယ်တဲ့အခါ အလယ်ကနေ ဘေးဘက်ကို ယူပြီးခြယ်သပေးပါ။ ဘရပ်ရှ် မရှိတဲ့သူတွေက လက်လေးနဲ့ ပုတ်ပြီး ခြယ်သသင့်တယ်လို့ အကြံပြုထားပါတယ်။
(၃) Dark Shade စမယ်
မျက်လုံးနဲ့ မျက်ခုံးကြားက Layer ကို ခြယ်သဖို့အတွက် Deep brown, Black, Deep gray, Dark purple စတဲ့ အရောင်တွေ သုံးပါ။ V ပုံစံရအောင် အပြင်ဘက်ကနေ စခြယ်ပါ။ ပြီးမှ Blend လုပ်ပါ။ သင့်မျက်လုံးရဲ့ပုံကို သေချာပေါ်လွင်နေအောင် သတိပြုပါ။
(၄) မျက်လုံးအောက်ဘက် အရောင်ခြယ်ပါ
Water line လို့ ခေါ်တဲ့ မျက်ခမ်းစပ်နားတွေကို ခြယ်သတဲ့အခါ ပျက်လွယ် ပြန့်လွယ်ဖြစ်တဲ့ Pencil တွေ မသုံးပါနဲ့။ သင့်မျက်စိကို ပိုကြီးပြီး တောက်ပနေတယ် ထင်ရအောင် အောက်ဘက်တွေကို ခြယ်သသင့်ပါတယ်။
(၅) Eye liner ဆွဲမယ်
တိကျသပ်ရပ်တဲ့ မျက်လုံးလေးဖြစ်စေဖို့ Eye liner ဆွဲပေးပါ။ Eye liner ဆွဲတဲ့အခါ အပြင်ဘက်ကနေ အတွင်းကို ဆွဲပေးပါ။ မျက်လုံးလေး ပိုကြီးချင်တယ်ဆိုရင်တော့ Wing လေးဆွဲပေးလိုက်ပေ့ါ။
ကဲ ဒါဆိုရင်တော့ လှပတဲ့ မျက်လုံးတစုံကို ပုံဖော်နိုင်ပြီ ဖြစ်ပါတယ်။
Ref ; www.stylecraze.com