ပေါ့ပေါ့ပါးပါး ဖက်ရှင်နဲ့ လှပကျော့ရှင်းနေတဲ့ Suzy လို ပုံစံမျိုးကို ပြင်ဆင်ကြည့်ဖို့အတွက် အချိန်တွေ အများကြီး ပေးစရာ မလိုပါဘူး။ ဒီတပတ်မှာတော့ “While You were sleeping” ဇာတ်ကားထဲက သွက်လက်ထက်မြက်တဲ့ Bae Suzy ရဲ့ ဒီဇိုင်းကို လိုက်ဝတ်နိုင်မယ့် နည်းလမ်းတွေ ဖော်ပြပေးသွားပါမယ်။
(၁) Army of coats
“While You were sleeping” ဇာတ်လမ်းထဲမှာ Suzy ဟာ အောက်က အဖြူရောင်တီရှပ် ရိုးရိုး တထည်ကို အပေါ်က ယောကျာ်းဆန်တဲ့ Army coat မျိုးစုံ ဝတ်ဆင်ထားပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ ကျော့ရှင်းနေတဲ့ ပုံစံမျိုးလိုချင်သူတွေ အနေနဲ့ ဒီလို ဒီဇိုင်းမျိုး ဝတ်ဆင်သင့်ပါတယ်။
(၂) Office bags
Suzy ဟာ ဘာ Accessory မှ ဆင်ယင်ထားခြင်း မရှိတဲ့ ခပ်ကျယ်ကျယ်အိတ်ကို ရွေးချယ်ဝတ်ဆင်ထားပါတယ်။ စာအုပ်၊ ဘောပင်အပြင် အခြားသော ပစ္စည်းတွေ ထည့်လို့ ဆန့်တဲ့ လေးထောင့်ပုံစံ ကြိုးရှည် လွယ်အိတ်လေးတွေက အလုပ်များပြီး ရှိုးမထုတ်ချင်တဲ့ ကောင်မလေးတွေ အကြိုက်တွေ့မှာပါ။
(၃) အဖြူရောင် ရှပ်အကျီၤ
ဘယ်ဒီဇိုင်းမျိုးနဲ့ မဆို လိုက်ဖက်တဲ့ အဖြူရောင်ရှပ်အကျီင်္ကို Suzy ဟာ ဇာတ်လမ်းတွဲထဲမှာ မကြာခဏ ဝတ်ဆင်တာကို တွေ့ရမှာပါ။ ဘောင်းဘီ၊ စကပ်မျိူးစုံနဲ့ လိုက်ဖက်တဲ့ ဒီလို အဖြူရောင်ရှပ်ကိုတော့ မရှိမဖြစ် အနေနဲ့ ဝယ်ထားသင့်ပါတယ်။
(၄) Wrap skirt
ပြန်လည် ခေတ်စားလာတဲ့ ဒီဇိုင်းတွေထဲမှာ စကပ်အရှည်တွေက နေရာယူူလာပါတယ်။ ခါးနားမှာ စုပြီးအောက်ဘက်ကို ကားကျသွားတဲ့ ခပ်ရှည်ရှည်စကပ်တွေက သင့်ကို ပိုပြီး မိန်းမ ဆန်စေမှာပါ။
(၅) ဆံပင်
ဆံပင်ကိုတော့ Suzy လို အတိုမညှပ်ချင်ရင်တောင် ဆံမြိတ်ပုံစံလေး ထားကြည့်ပါ။ ဆံမြိတ်က သင့်ကို ငယ်ရွယ်နုပျိုပြီး မိန်းမဆန်တဲ့အသွင် ဖော်ဆောင်ပေးပါတယ်။
ကဲ ဒီလိုနည်းလမ်းတွေနဲ့ လှပကျော့ရှင်းတဲ့ ပုံစံလေး ဖန်တီးကြည့်ပါ။ သမရိုးကျဖြစ်နေတဲ့ သင့်ရဲ့ဖက်ရှင် ဒီဇိုင်းကိုလည်း ဒီလိုနည်းလမ်းနဲ့ ပြောင်းလဲနိုင်ပါတယ်။
Ref ; www.cosmo.ph