တခါတလေမှာ အိပ်ယာက နိုးတာနဲ့ တခုမှ အဆင်မပြေတဲ့ နေ့ရက်တွေ ရှိတတ်ပါတယ်။ အလုပ်ကို အရေးတကြီး သွားရမယ့်အချိန် လျှော်ထားတဲ့ အဝတ်က မခြောက်သေးတာ၊ လူတွေကြားထဲမှာ ထိုင်နေရင်း စီးထားတဲ့ ဖိနပ်က အနံ့ထွက်လာတာ စသဖြင့် အစုံပါပဲ။ ဒါမျိုးတွေကို မဖြစ်အောင် နေထိုင်လို့ ရတဲ့ နည်းလမ်းကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဖွင့်ရခက်တဲ့ ဘူးအဖုံး ဖွင့်နည်း
မနက်အိပ်ယာထလာပြီး အစားစားခါနီးမှာ သင်ဝယ်လာတဲ့ ယိုဘူးက ဖွင့်လို့ မရတာမျိုးကို မကြာခဏ ကြုံဖူးမှာ သေချာပါတယ်။ လူတော်တော်များများက နှစ်ဖက်ကပ်တိတ်နဲ့ ကပ်ပြီး ဖွင့်ဖို့ အကြံပေးလေးရှိကြပါတယ်။ ဒါပေမယ့် သင့်အိမ်မှာ တိတ်ကို အလွယ်တကူ မရနိုင်ဘူးဆိုရင် ဘူးအဖုံးပေါ်ကို ရေနွေးနဲ့ ၂ မိနစ်လောက် လောင်းချလိုက်ပါ။ ပြီးရင် ရေကိုသုတ်ပြီး ဘူးကို လွယ်လွယ်ကူကူ ဖွင့်လို့ ရပါပြီ။ ဒါ့အပြင် ရေနွေးဇလုံထဲ ဘူးအဖုံးကို နှစ်တဲ့ နည်းနဲ့ ဖွင့်နိုင်ပါသေးတယ်။
(၂) ကြေး (ဂျီး) ပိတ်နေတဲ့ ရေပန်းကို သန့်ရှင်းနည်း
ရေပန်းကို သုံးတာ များပြီး ကြေးတွေ ပိတ်နေတဲ့ အခါ သန့်ရှင်းရမယ့် နည်းလမ်းကတော့ ရိုးရှင်းပြီး လွယ်ကူပါတယ်။ ပလတ်စတစ် အိတ်တခုထဲမှာ ရှာလကာရည် ထည့်ပြီး ရေပန်းတခုလုံးကို ပလတ်စတစ်အိတ်နဲ့ ထုတ်ထားဖို့ပါပဲ။ ဒီလို တညလုံး ထုတ်ထားလိုက်ရင် နောက်တနေ့ မနက်မှာ သင့်အိမ်က ရေပန်းဟာ အသစ်တခုလို သန့်ရှင်းနေတာကို မြင်ရပါလိမ့်မယ်။
(၃) အပူပေးထားတဲ့ ဟင်းရည် လျှံမကျစေမယ့်နည်း
နည်းလမ်းဟောင်းတွေဟာ အမြဲ အသုံးဝင်တယ်ဆိုတဲ့ စကားက တကယ်ကို မှန်ပါတယ်။ အိုးပေါ်ကို သစ်သားဇွန်း ခပ်ရှည်ရှည် တချောင်းတင်ထားမယ်ဆိုရင် ဟင်းရည်ဆူပွက်လာတဲ့ အခါ ထလာတဲ့ ပူဖောင်းတွေကို ဇွန်းက ထားနေပေးတာကြောင့် အိုးထဲက အရည်တွေ မြန်မြန် လျှံကျလာမှာ ကို တားဆီးပေးနိုင်ပါတယ်။
(၄) ဖိနပ်ကို အနံ့ဆိုးဖျောက်နည်း
သင့်ဖိနပ်က အနံ့ဆိုးတွေ ထွက်နေပြီး သန့်ရှင်းရေးလုပ်ဖို့ ခက်နေပါသလား။ လက်ဖက်ရည်ထုတ် တထုတ်စီကို ဖိနပ်ထဲမှာ ထည့်ထားလိုက်ပါ။ ဒီအထုတ်တွေက အနံ့ဆိုးတွေကို စုပ်ယူ သွားပါလိမ့်မယ်။ သင့်ဖိနပ်က နံရုံတင်မကဘဲ ရေပါစိုနေတယ်ဆိုရင် ဆန်နဲ့ မုန့်ဖုတ်ဆိုဒါကိုပါ ရောထည့်ပြီး နှစ်ရက်လောက် ထားလိုက်ရင် အဆင်ပြေသွား ပါလိမ့်မယ်။
(၅) သင့်ရဲ့ အဖျော်ယမကာကို အမြဲအေးနေစေမယ့်နည်း
ကမ်းခြေကို သွားတဲ့အခါ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားသွားတဲ့ အခါ ယူသွားတဲ့ ရေ၊ဘီယာ စတာတွေ အမြဲအေးနေစေဖို့ကတော့ ရေခဲဘူးထဲမှာ ရေခဲနဲ့ အတူ ဆားဖြူးထားဖို့ပါပဲ။ ဆားနဲ့ ရေခဲ ဓာတ်ပြုပြီး ရေခဲ အရည်ပျော်ဖို့ အချိန်ကြာသွားပါလိမ့်မယ်။
Ref;Brightside.com