တရုတ် အမျိုးသမီးတွေဟာ အလှအပဆိုင်ရာ နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ရှေးယခင်လက်ထက်ကတည်းက အသုံးပြုခဲ့ကြတဲ့ နည်းလမ်းတချို့ကို ယနေ့ထက်ထိ အသုံးပြုနေကြဆဲဖြစ်ပါတယ်။ တရုတ် အမျိုးသမီးတွေရဲ့ ဖြူဖွေးကြည်လင်တဲ့ အသားအရေနဲ့အတူ အရေးအကြောင်း ကင်းစင်တဲ့ နုပျိုမှုတွေရဲ့ နောက်ကွယ်က အံ့အားသင့်ဖွယ်ရာ လျှို့ဝှက်ချက်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) တရုတ် အမျိုးသမီးတွေရဲ့ ကောင်းမွန်ပြည့်စုံလှတဲ့ ရိုးရာ မျက်နှာသစ်နည်းကတော့ ပထမဦးစွာ ရေခပ်နွေးနွေးနဲ့ မျက်နှာသစ်ပြီးမှ ရေအေးနဲ့ ပြန်လည် ဆေးကြော သန့်စင်ပေးခြင်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာဆိုရင် မျက်နှာချွေးပေါက်ထဲမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် အရေးအကြောင်းတွေကိုလည်း ကာကွယ်စေနိုင်ပါတယ်။
(၂) ပန်းနုရောင်သန်းတဲ့ မျက်နှာအသားအရေအတွက် တရုတ်ပျိုမေတွေဟာ ဆန်ဆေးရည်ကို အသုံးပြုပြီး မျက်နှာသစ်ပေးကြသလို Toner အဖြစ်လည်း ဆန်ဆေးရည်ကို ဝါဂွမ်းစအနည်းငယ်နဲ့ နှစ်ကာ မျက်နှာပြင်ပေါ် သုတ်လိမ်းပေးကြလေ့ ရှိပါတယ်။
(၃) တရုတ်လူမျိုးတွေဟာ လက်ဖက်ရည်ကြမ်းကို ခန္ဓာကိုယ်ကျန်းမာရေးအတွက် သောက်သုံးကြသလို အလှအပအတွက်လည်း သောက်သုံးလေ့ ရှိကြပါတယ်။ Green tea လက်ဖက်ရည်ကြမ်းကို ခန္ဓာကိုယ်အလေးချိန် ထိန်းညှိပေးဖို့အတွက် နေ့စဉ်မှန်မှန် သောက်သုံးကြတဲ့အပြင် အသားအရေတင်းရင် းစိုပြည်စေဖို့နဲ့ အရွယ်တင် နုပျိုစေဖို့အတွက်လည်း သောက်သုံးလေ့ ရှိကြပါတယ်။
(၄) အသားအရေ ကြည်လင်တောက်ပစေဖို့နဲ့ ဝက်ခြံတွေကို ကာကွယ်ပေးနိုင်ဖို့အတွက်တော့ တရုတ်ပျိုမေတွေဟာ ရှေးယခင်တည်းက ပူစီနံရွက်ကို ကြိတ်ချေပြီး Face mask အဖြစ် အသုံးပြုလေ့ ရှိကြပါတယ်။
(၅) တရုတ်ရိုးရာ အလှအပဆိုင်ရာ လျှို့ဝှက်ချက်တွေထဲမှာ ရှေးယခင်တည်းကနေ အသုံးပြုလာခဲ့ကြတဲ့ နည်းလမ်းတခုကတော့ ရေနွေးငွေ့နဲ့ မျက်နှာပေါင်းတင်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ မျက်နှာပေါ်ကအညစ်အကြေးတွေ ကင်းစင်စေဖို့နဲ့ စိုပြည်တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့ တရုတ်အမျိုးသမီးတွေဟာ ညအိပ်ရာဝင်တိုင်းရေနွေးငွေ့နဲ့ ပေါင်းတင်လေ့ ရှိကြပါတယ်။
Ref ; www.beautyandtips.com