ရိုးရှင်းတဲ့ ဆံညှပ်ကလစ်တွေက သင့်ကို တွေ့နေကျ ပုံစံကနေ ကွဲထွက်ပြီး လှပအောင် လုပ်ပေးနိုင်ပါတယ်။ အိမ်မှာ ဆံညှပ်တွေ ရှိပေမယ့် ဘယ်လိုအသုံးပြုရမလဲဆိုပြီး အကြံအိုက်နေတယ်ဆိုရင် အခု ဖော်ပြပေးသွားမယ့် ဖိလစ်ပိုင် မင်းသမီးလေးတွေရဲ့ အလှဆင်တဲ့ပုံကို ကြည့်ပြီး ပြုလုပ်ဖို့ အကြံပြုချင်ပါတယ်။ လွယ်ကူရိုးရှင်းတာကြောင့် ထသွားထလာ အတွက်ပဲဖြစ်ဖြစ် သင့်ဆံပင်ကို ပိုလှသွားစေမှာပါ။
(၁) Andrea Brillantes
Dark brown အရောင်ဆိုးထားတဲ့ ဆံပင်လေးတွေနဲ့ အလိုက်ဖက်ဆုံးက ရွှေရောင်ဆံညှပ်လေးပါပဲ။
(၂) Jessy Mendiola
ခပ်နိမ့်နိမ့် ပိုနီတေးလ်လေးကို ပိုလှစေဖို့ အောက်က Hairpin လေးတွေနဲ့ အလှဆင် ကြည့်နိုင်ပါတယ်။ သပ်သပ်ရပ်ရပ်နဲ့ လှပတဲ့ မိန်းမပျိုလေး အသွင်ကို ရရှိစေမှာပါ။
(၃) Alex Gonzaga
Hairpin အရောင်စုံလေးတွေ သုံးပြီး Alex Gonzaga လို အမိုက်စား ပုံစံမျိုးလေးလည်း ပြင်ဆင်ကြည့်လို့ ရပါတယ်။
(၄) Sofia Andres
ငယ်ရွယ်ပြီး ချစ်စရာကောင်းတဲ့ အသွင်အတွက် ဆံပင်ကောက်ကောက်လေးတွေကို ကျောက်စီထားတဲ့ ကလစ်လေးတွေနဲ့ ပြင်ဆင်နိုင်ပါတယ်။
(၅) Janella Salvador
လှလှပပ ကျစ်ထားတဲ့ ကျစ်ဆံမြီးကို ဆံညှပ် ကလစ်လှလှလေးသုံးပြီး အလှဆင်လို့ ရပါတယ်။ Janella Salvador ရဲ့ပုံကိုပဲ ကြည့်လိုက်ပါတော့။
(၆) Vivoree Esclito
ရိုးရှင်းပြီး ခမ်းနားလှပတဲ့ ပုံစံလေးပြင်ဆင်ဖို့ အတွက်ဆိုရင် Vivoree Esclito ရဲ့ ပြင်ဆင်နည်းကို ကြည့်လို့ ရပါတယ်။ ညနေခင်း ပွဲတက်ဖို့အတွက် ဆံပင်ကို ဘယ်လိုပြင်ရမလဲ အကြံအိုက်နေသူတွေလည်း ဒီပုံစံကို ပြင်ကြည့်လို့ရပါတယ်။
Ref ; www.cosmo.ph