နေ့စဉ်နေ့တိုင်း ပြုလုပ်နေတဲ့ အချက်တွေကြောင့် ဖုန်းကို ပျက်စီးစေနိုင်တာတွေ ရှိနေပါတယ်။ ဒါတွေကို သတိမထားဘဲ ပြုလုပ်နေတာကတော့ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ သင့်ရဲ့ ဘယ်နေ့စဉ်အကျင့်က သင့်ဖုန်းကို ဖျက်စီးနေလဲ ဆိုတာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဆော့ဖ်ဝဲလ်ကို Update မလုပ်ခြင်း
သင့်ဖုန်းထဲမှာ သွင်းထားတဲ့ Applications တွေဟာ အမြဲ အသစ်သစ်တွေ ထွက်နေတာပါ။ ဒီ Applications တွေကို ထုတ်လုပ်တဲ့ ကုမ္မဏီတွေက ပိုပိုပြီး ကောင်းအောင် ပြုလုပ်နေတာဖြစ်လို့ သင်က အမြဲ Update ဖြစ်အောင် လုပ်နေဖို့ လိုပါတယ်။ အထူးသတိထားရမှာက သင့်ဖုန်းက သင့်ကို သတိပေးစာတွေနဲ့ ခိုင်းနေရတာမျိုး မဖြစ်စေဘဲ သင်ကသာ ဦးအောင်ပြုလုပ်သူ ဖြစ်နေဖို့ လိုပါတယ်။
(၂) ဖုန်းအတွင်းပိုင်းကို သန့်ရှင်းရေး မလုပ်ခြင်း
ဖုန်း မျက်နှာပြင်ကိုတော့ သန့်ရှင်းရေးလုပ်ပေမယ့် ဖုန်းအတွင်းပိုင်းကို သန့်ရှင်းရေးလုပ်ဖို့ မေ့နေပြီလား။ ဒါဆိုရင်တော့ သင့်ဖုန်းရဲ့ အတွင်းပိုင်းမှာ ဖုန်တွေ၊ အညစ်ကြေးတွေ ကပ်နေတာ သေချာနေပါပြီ။ ဒါတွေဟာ သင့်ဖုန်းရဲ့ လည်ပတ်မှုကို နှေးကွေးစေနိုင်ပါတယ်။ သင်ကိုယ်က နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းတွေကို သေချာ မကိုင်တွယ်နိုင်ရင် ကျွမ်းကျင်သူတွေကို သန့်ရှင်းရေးလုပ်ခိုင်းဖို့ မမေ့ပါနဲ့။
(၃) ဖုန်းကို လက်မှာ ကိုင်ပြီး လမ်းလျှောက်ခြင်း
ဖုန်းအလုခံရတာ ဖုန်းပျောက်တာတွေဟာ ခုနောက်ပိုင်းမှာ နေ့တိုင်းနီးပါး ကြားနေရတဲ့ ကိစ္စတခုပါ။ ဒါတွေ ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ဖုန်းကို လက်မှာ ကိုင်ပြီး သွားလို့ပါပဲ။ ဒါကလည်း သင့်ဖုန်းကို ဂရုစိုက်ရမယ့် နည်းလမ်းတခုပါ။ လူများပြီး လူထုထပ်တဲ့ နေရာတွေမှာ ဖုန်းကို လက်မှာကိုင်ပြီး မသွားဖို့ အကြံပေးချင်ပါတယ်။
(၄) Battery ပြောင်းခြင်း
ဖုန်း Bettery ကို ဖုန်းရဲ့ အသက်လို့တောင် ခေါ်ဆိုနိုင်ပါတယ်။ ဖုန်းရဲ့ အမျိုးအစားအတိုင်း ဖုန်းမှာ ပါဝင်တဲ့ Battery ကိုသာ အသုံးပြုစေချင်ပါတယ်။ ဈေးပေါတဲ့ Battery တွေကို ပြောင်းလဲအသုံးပြုခြင်းဟာ သင့်ဖုန်းကို ပျက်စီးစေတဲ့ အကြောင်းအရင်းပါ။
(၅) ဖုန်းကာဗာ မတပ်ခြင်း
ဖုန်းကာဗာဟာ အလှတပ်တာ တခုထဲ အတွက် မဟုတ်ပါဘူး။ သင့်ဖုန်းကို ဖုန်တွေ အမှိုက်တွေ မဝင်အောင် ကာဗာက တားဆီးပေးနိုင်တဲ့အပြင် ဖုန်းအပူချိန်လွန်ကဲခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။ နောက်ထပ် ဂရုစိုက်သင့်တာကတော့ သင့်ဖုန်းကို နေရောင် တိုက်ရိုက်ရောက်တဲ့ နေရာတွေ ပြတင်းပေါက်တွေမှာ မထားမိဖို့ပါပဲ။
Ref; mmn.com