Trend

ဆွဲဆောင်မှုအရှိဆုံး အမျိုးသားတွေ နေထိုင်တဲ့ နိုင်ငံများ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာလှည့် ခရီးသွားသူတွေကို ကောက်ယူထားတဲ့ စစ်တမ်းတွေအရ ကမ္ဘာမြေပေါ်မှာ ရုပ်အချောဆုံးအမျိုးသားတွေ နေထိုင်တဲ့ နိုင်ငံတွေကို သိခဲ့ရပါတယ်။ နှစ်စဉ်နှစ်တိုင်း ပြုလုပ်တဲ့ စစ်တမ်းတွေအရ ခရီးသွားတွေ ရွေးချယ်ပုံကို လိုက်ပြီး စာရင်းဟာ ပြောင်းလဲသွားလေ့ရှိပေမယ့် အလွန်အမင်း ပြောင်းလဲသွားခြင်းတော့ မရှိသေးပါဘူး။

Mister Globel, Mister International စတဲ့ ပွဲတွေမှာ ယှဉ်ပြိုင်အနိုင်ရတဲ့ စာရင်းတွေနဲ့ တိုက်ပြီး စာရင်းပြုစုတဲ့အခါ မြန်မာနိုင်ငံက မော်ဒယ်ထူးအောင်ကို ရွေးချယ်ဖော်ပြထားပြီး နံပါတ် ၁၁ မှာ ရှိနေပါတယ်။ ဘယ်နိုင်ငံက အမျိုးသားတွေက အချောအမောဆုံးလဲ ဆိုတာကို စာဖတ် ပရိသတ်တွေ သိရအောင် တင်ဆက်ပေးလိုက်ပါတယ်။

(၁) ဘရာဇီး

နံပတ် ၁ နေရာမှာတော့ ဘရာဇီးရှိနေပြီး မစ္စတာရွေးပွဲတွေမှာ အမြဲဆုရလေ့ ရှိသူတွေ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဘရာဇီးနိုင်ငံဟာ ဆွဲဆောင်မှုအရှိဆုံး အမျိုးသားတွေ နေထိုင်တဲ့ နိုင်ငံဖြစ်တယ်လို့ တင်စားထားကြပါတယ်။

(၂) ဗီယက်နမ်

အရှေ့တောင်အာရှ နိုင်ငံတွေထဲက တခုဖြစ်ပြီး မြန်မာနိုင်ငံ အနားကပ်နေတဲ့ နိုင်ငံတခုလည်းဖြစ်တဲ့ ဗီယက်နမ်နိုင်ငံက အမျိုးသားတွေဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် ဆွဲဆောင်မှု အရှိဆုံး အမျိုးသားတွေလို့ သတ်မှတ်ခြင်းကို ခံထားရသူတွေပါ။ ဓာတ်ပုံရိုက်တဲ့ အခါမှာလည်း Photogenic အဖြစ်ဆုံးလူတွေလို့ ပြောစမှတ်ပြုကြပါတယ်။

(၃) လဘနွန်

လဘနွန်နိုင်ငံကတော့ Mister International ပြိုင်ပွဲရဲ့ Title ကို သုံးကြိမ်တိုင်တိုင် ရရှိထားတဲ့ တခုတည်းသော နိုင်ငံဖြစ်ပါတယ်။ ဒီဆုကို ၂၀၀၆၊၂၀၁၂၊၂၀၁၆ တို့မှာ ရရှိထားပြီး ပရိသတ်တွေရဲ့အားပေးကို အခိုင်အမာ ရရှိထားတဲ့ နိုင်ငံဖြစ်ပါတယ်။

(၄) ဗင်နီဇွဲလား

အမျိုးသမီး ပြိုင်ပွဲတွေမှာ အမြဲလိုလို ဆုရလေ့ရှိတဲ့ ဗင်နီဇွဲလားနိုင်ငံဟာ အမျိုးသားပြိုင်ပွဲတွေမှာလည်း အနိုင်ရလေ့ ရှိတာကြောင့် ကမ္ဘာအနှံ့အပြားက လူတွေက တနိုင်ငံလုံးချောမော လှပနေတဲ့ နိုင်ငံဖြစ်နေမလားလို့တောင် သံသယဝင်နေကြပါတယ်။

(၅) တရုတ်

ပြိုင်ပွဲတွေ ယှဉ်ပြိုင်တဲ့ အခါ တရုတ်နိုင်ငံသားတွေရဲ့ Model စွမ်းရည်နဲ့ Photogenic ဖြစ်မှုတွေကြောင့် အကြိမ်ကြိမ် ဆုရတဲ့ အထိပါပဲ။ တရုတ်လူငယ်တွေရဲ့ မိတ်ကပ်စွမ်းရည်ကြောင့်လား ပင်ကိုယ်အလှကြောင့်လားဆိုတာကို သေချာဝေခွဲလို့ မရပေမယ့် သူတို့ရဲ့ ဖန်တီးနိုင်မှုစွမ်းရည်တွေကိုတော့ အပျော်တမ်း ဆော့ကစားတဲ့ Tik Tok Application မှာတောင် ကျယ်ကျယ်ပြန့်ပြန့်တွေနိုင်ပါတယ်။

(၆) စပိန်

စပိန်နိုင်ငံက အမျိုးသားတွေ ဆွဲဆောင်မှု အလွန်ရှိကြောင်းကို ကမ္ဘာက သေချာသိသွားခဲ့တာ ၂၀၀၆ ခုနှစ်လောက်ကလို့ ဆိုနိုင်ပါတယ်။ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်မှုနဲ့ မော်ဒယ်ပညာကို ကျွမ်းကျင်မှုတွေကြောင့် ကမ္ဘာတဝှမ်းက အမျိုးသမီးတွေရဲ့ အားပေးနှစ်သက်မှုကို အမြဲရရှိနေတာက စပိန်နိုင်ငံသားတွေပါပဲ။

Ref; Brightside.com

Did you find apk for android? You can find new Free Android Games and apps.
Loading