Trend

နားလည်ပေးနိုင်ပြီး ချစ်ခြင်းမေတ္တာ ပေးနိုင်တဲ့သူကို ရွေးချယ်မယ့် ဘီလီလမင်းအေး

Want create site? Find Free WordPress Themes and plugins.

သီချင်းအေးအေးလေးတွေ သီဆိုတတ်တဲ့ ဘီလီလမင်းအေးက သရုပ်ဆောင်လုပ်ဖို့ ကမ်းလှမ်းလာရင် စဉ်းစားမှာဖြစ်ပြီး အနေအေးတဲ့ ဇာတ်ကောင်တွေကို သရုပ်ဆောင်ကြည့်ချင်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“လတ်တလောမှာတော့ ဖူး နယ်ပွဲတွေလည်း ဆိုဖြစ်တယ်။ အခွေတွက်လည်း လုပ်နေပါတယ်။ အခွေက ၇၅ ရာခိုင်နှုန်းလောက် ပြီးနေပြီ။ သီချင်းအဟောင်းတွေလည်း ပြန်ဆိုထားတယ်။ ဖူး သီချင်းဟောင်းတွေ ပြန်ဆိုရတာ တာဝန်ကြီးတယ်။ အရင်တုန်းကလို ပုံစံလည်း မပျောက်အောင် ပြန်ဆိုရတယ်။ အများကြီးလည်း ပြောင်းလို့မရဘူး”

“အရင်တုန်းက သီချင်းတွေကို လူကြီးတွေလည်း နားထောင်တော့ ပုံစံ မပျက်သွားအောင်တော့ ဖူးအကောင်းဆုံး ကြိုးစားထားပါတယ်။ အွန်လိုင်းကနေလည်း သီချင်းလေးတွေ တင်ပေးဖြစ်တယ်။ သရုပ်ဆောင်လုပ်ဖို့တော့ ကမ်းလှမ်းလာရင် စဉ်းစားမယ်။ ဖူးက အနေအေးတယ် အဲ့အတွက် အနေအေးတဲ့ ဇာတ်ကောင်လေးတွေတော့ လုပ်ကြည့်ချင်တယ်”လို့ ဘီလီလမင်းအေးက ပြောပါတယ်။

ချစ်သူ မရှိသေးတဲ့ ဘီလီလမင်းအေးက အနုပညာရှင်ဖြစ်တာကြောင့် နားလည်ပေးနိုင်ပြီးချစ်ခြင်းပေးနိုင်သူကို ချစ်သူဖြစ်ရွေးချယ်မယ်လို့ ဆိုပါတယ်။

“နောက်ပိုင်း ဖက်ရှင်တွေကို ပြင်ဆင်ဖြစ်တာက ဖူးတို့က ပရိသတ်သိပြီး ချစ်တဲ့ အနုပညာရှင်ဖြစ်လာပြီဆိုတော့ ပြင်ဆင်သင့်တယ်။ အဲ့အတွက် ဖူးရဲ့ဖက်ရှင်တွေကိုတော့ မာမီကပဲစီစဉ်ပေးတယ်။ သွားစရာရှိပြီ ဆိုရင်တော့ ဖူးအတွက် ဒယ်ဒီရော၊ မာမီရော အလုပ်ရှုပ်နေကြတယ်”

“ဖက်ရှင်တွေလည်း ဖူးကိုယ်တိုင် လေ့လာဖြစ်တာလည်း ရှိတယ်။ ဖူးအချစ်ရေးကတော့ မရှိသေးပါဘူး။ ဘယ်ချိန်မှာ ယူမယ် ဆိုတာလည်း မရှိပါဘူး။ ချစ်သူထားဖြစ်ရင်တော့ ဖူးကအနုပညာရှင်ဖြစ်တဲ့အတွက် ဖူးကို နားလည်ပေးနိုင်ပြီး ချစ်ခြင်းမေတ္တာပေးနိုင်တဲ့ သူကိုရွေးချယ်မိမှာပါ”လို့ ဘီလီလမင်းအေးက ပြောပါတယ်။

ဘီလီလမင်းအေးရဲ့ပထမဆုံးတကိုယ်တော်အခွေဖြစ်တဲ့ “အရှုံးမပေးတဲ့ ဝိညာဉ်” ဆိုတဲ့ Audio CD ကို မတ်လ ၃ ရက်နေ့က ထွက်ရှိခဲ့ပါတယ်။ သူမရဲ့ ပရိသတ်တွေက Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲကြီးမှာကတည်းက အားပေးလာခဲ့ကြတာပါ။ အခုဆိုရင်တော့ ဘီလီလမင်းအေးဟာ ပရိသတ်အခိုင်အမာ ရရှိထားပြီး အနုပညာလမ်းကြောင်းပေါ်မှာ ရပ်တည်နေသူလည်း ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading