လက်ထပ်ခြင်းဟာ လူတိုင်းအတွက် ကြောက်စရာ စိန်ခေါ်မှု တရပ်ပါပဲ။ ကိုယ့်ရဲ့ ရွေးချယ်မှုကြောင့် တသက်လုံး နောင်တ ရမနေအောင် နေထိုင်နိုင်ဖို့လည်း အရမ်းကို အရေးကြီးတဲ့အတွက် အမျိုးသားတွေဟာ သူတို့ အမှန်တကယ် ချစ်မြတ်နိုးတဲ့ အမျိုးသမီးတွေကို လက်ထပ်ခွင့်တောင်းလေ့ ရှိကြပါတယ်။
လက်ထပ်ခွင့်တောင်းမယ့် အချိန်မှာ အမျိုးသားတွေ ကြုံတွေ့လေ့ရှိတဲ့ ပြဿနာကတော့ သူ့ရဲ့ ကြိုးပမ်းမှုတွေ အရာမထင်မှာ ကြောက်တာပါပဲ။ လက်ထပ်ခွင့် တောင်းတဲ့အခါ ချစ်သူ မိန်းကလေးကြိုက်မယ့် လက်စွပ်ကို မရွေးချယ်မိမှာကိုလည်း ကြောက်တတ်ကြပါတယ်။ Dannis Brown ဆိုတဲ့ အမျိုးသားကတော့ ဒီအခက်အခဲတွေ အားလုံးကို ကျော်လွှားဖို့ အခွင့်အရေးကို တွေးမိခဲ့ပါတယ်။
သူဟာ သူ့ဇနီးလောင်းကို လက်ထပ်ခွင့် တောင်းတဲ့အခါ ဒူးတဖက် ထောက်ပြီး လက်မှာတော့ လက်စွပ် ၆ ကွင်းပါတဲ့ အသည်းပုံ လက်စွပ်ဘူးကို ကိုင်ထားခဲ့ပါတယ်။ လက်စွပ်ဘူးထဲမှာ စိန်လက်စွပ် ၆ ကွင်း ပါရှိပြီး ချစ်သူမိန်းကလေးကို တကွင်းရွေးချယ်စေခဲ့တာပါ။
ကံကောင်းထောက်မစွာပဲ သူ့ရဲ့ ချစ်သူ မိန်းကလေးက လက်ထပ်ခွင့်ကို လက်ခံခဲ့ပြီး မျက်ရည်စက်ပုံ လက်စွပ်ကို ရွေးချယ်ခဲ့ပါတယ်။ ဘာဖြစ်လို့ မျက်ရည်စက်ပုံ လက်စွပ်ကို ရွေးချယ်ခဲ့သလဲဆိုတာကိုတော့ လူတိုင်းက စိတ်ဝင်စားနေကြပါတယ်။ လက်ထပ်ခွင့် တောင်းခံမယ့် နေရာရဲ့ နောက်ခံအနေနဲ့ သူကိုယ်တိုင်ရေးထားတဲ့ စာသားတွေကို စာရွက်ထုတ်ပြီး အလှဆင်ထားပါတယ်။
စာရွက်ထဲမှာ “သူ့ဇနီးလောင်းရဲ့ အလှတရား၊ ချစ်တတ်တဲ့ နှလုံးသားနဲ့ သူ့အတွက် အကောင်းဆုံး မိန်းကလေးဖြစ်တာကြောင့် တသက်လုံးပျော်အောင် ထားချင်ပါတယ်”ဆိုတဲ့ ချစ်စကားတွေကို ရေးသားထားပါတယ်။ ဘဝခရီးလမ်းကို ကိုယ်လမ်းကို တွဲပြီး လျှောက်ချင်လား ဆိုတဲ့ စာသားလေးနဲ့ လက်ထပ်ခွင့်ကို တောင်းခဲ့တာ ဖြစ်ပါတယ်။
ဒီလို လက်ထပ်ခွင့်တောင်းတဲ့ ဓာတ်ပုံတွေကို သတို့သားဖြစ်သူ ငှားထားတဲ့ ဓာတ်ပုံဆရာက Instagram မှာ တင်ပြီးတဲ့ နောက်မှာတော့ တကမ္ဘာလုံးရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။
Ref; Unilid.com