အပြာရုပ်ရှင်တွေမှာ သရုပ်ဆောင်တဲ့ အပြာမင်းသမီး Honey Gold ဟာ မကြာသေးခင်ကမှ ကိုယ့်ကိုယ်ကို သတ်သေခဲ့ကြောင်းကို သူမရဲ့ တွစ်တာစာမျက်နှာမှာ တင်ခဲ့ပါတယ်။ ဒီစာကို သူမရဲ့ သူငယ်ချင်းဖြစ်သူက တင်ခဲ့တာဖြစ်ပြီး သူမရဲ့ ကျန်းမာရေးအတွက် ဆေးကုသစရိတ်တွေ လိုအပ်နေတယ်လို့ သူမရဲ့ မန်နေဂျာဖြစ်သူက ဆိုပါတယ်။
New York Post မဂ္ဂဇင်းမှာ တင်ထားတဲ့ သတင်းအရ သူမရဲ့ Suicide အတွက် ဆေးရုံကို ရက် ၃၀ တက်ရောက်ရမှာ ဖြစ်ပြီး ကနဦး ကုသမှုတွေအတွက်တော့ သူမရဲ့ မိတ်ဆွေတွေဖြစ်တဲ့ အပြာမင်းသား Ryan Conner နဲ့ Donny Sins တို့က ထောက်ပံ့ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ မှာ သူမရဲ့ ဆိုရှယ်မီဒီယာ အကောင့်မှာ ” ကျမကို အားပေးခဲ့ကြသူတွေကို ကျေးဇူးတင်ပါတယ်။ မကြာသေးခင်က စပြီး ကျမဟာ စိတ်ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရပြီး ကျမရဲ့ ဘဝမှာ ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်ခဲ့ပါတယ်”
“အခုလက်ရှိမှာ ကျမက စိတ်ပိုင်းဆိုင်ရာပြန်လည် ကျန်းမာရေးအတွက် အလှူငွေ လိုအပ်နေတာကြောင့် ကျမကိုယ့်ခြေထောက်ပေါ်ကို ပြန်လည်ရပ်တည်နိုင်ဖို့ အတွက် သေးငယ်တဲ့ ငွေကြေး အထောက်အပံ့ဆိုရင်တောင် တန်ဖိုးထားပါမယ်။ ကျမကို Support ထပ်ပြီး လုပ်ပေးကြလို့ ကျေးဇူးတင်ပါတယ်။ အခွင့်ရှိရင် ပရိသတ်တွေနဲ့ ပြန်လည်ဆုံချင်ပါသေးတယ် ” ဆိုပြီး ရေးသားခဲ့ပါတယ်။
ဒီနှစ်ထဲမှာ မိမိကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့တဲ့ အပြာမင်းသမီးတွေထဲမှာ Honey ဟာ ၆ ယောက်မြောက်ဖြစ်ပြီး ကျန်တဲ့ ၅ ယောက်ကတော့ သေဆုံးသွားကြပါပြီ။ အပြာရုပ်ရှင်လောကဟာ ရပ်တည်ဖို့ ခက်ခဲတာကြောင့် မင်းသမီးတွေဟာ မူးယစ်ဆေး အလွန်အကျွံ သုံးစွဲခြင်းတွေ ရှိတတ်ပြီး အခြား အကြောင်းကြောင်းကြောင့် သေသွားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
အပြာလောကမှာ ငွေကြေးရှာဖွေနေတဲ့ မင်းသမီးတွေဟာ များသောအားဖြင့် အင်တာနက်မှ အနိုင်ကျင့်ခြင်းကို ခံနေရပြီး သူတို့ရဲ့ ဘဝရပ်တည်မှု လုပ်ငန်းကြောင့် လူတွေရဲ့ ရှောင်ဖယ်ခြင်းကို အမြဲခံနေရတယ်လို့ သိရပါတယ်။
Ref ; lifehack.com