တခါတရံမှာ ဈေးကြီးတဲ့ လူသုံးကုန် ပစ္စည်းတွေ ဝယ်သုံးတာထက် ကိုယ့်အိမ်မှာပဲ ရှိတဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ လိုအပ် အသုံးပြုနေတဲ့ လူသုံးကုန်ပစ္စည်းတွေနေရာမှာ သဘာဝ အတိုင်း အစားထိုး အသုံးပြုနိုင်ပါတယ်။ ဘယ်လို ပစ္စည်းတွေနဲ့ ပိုက်ဆံ အကုန်အကျ နည်းနည်း သင့်တကိုယ်ရည်သုံး ပစ္စည်းတွေနေရာမှာ အစားထိုးသုံးနိုင်မလဲ ဖော်ပြပေးချင်ပါတယ်။
(၁) သွားတိုက်ဆေး
ဈေးကြီးတဲ့ သွားတိုက်ဆေးတွေက သုံးတာ ကောင်းပါတယ်။ ဒါပေမဲ့ ရှေးယခင်က သုံးခိုင်းတဲ့ အတိုင်း မီးသွေးခဲနဲ့ တိုက်တာက ကျန်းမာရေးအတွက် ကောင်းမွန်ပြီး ငွေကြေးကုန်ကျလည်း သက်သာပါတယ်။ မုန့်ဖုတ်ဆော်ဒါနဲ့ အုန်းဆီကိုရောပြီး သွားတိုက်ဆေးအဖြစ် သုံးတာကလည်း သွားတွေကို ဖြူဖွေးလှပစေပါတယ်။
(၂) မျက်နှာပေါင်းတင်ခြင်း
ငွေကြေးချမ်းသာတဲ့ သူတွေအတွက် မျက်နှာပေါင်းတင်တဲ့ ပစ္စည်းအမျိုးမျိုးကို သုံးလေ့ ရှိကြပေမယ့် နနွင်းမှုန့်နဲ့ မျက်နှာပေါင်းတင်တာကလည်း မျက်နှာ အသားအရေကို လှပစေပါတယ်။ ငှက်ပျောသီးနဲ့ မျက်နှာပေါင်းတင်ခြင်းက မျက်နှာကို ရေဓာတ်ဖြည့်ပေးပြီး ကြက်ဥအကာက မျက်နှာကို တင်းရင်းစေပါတယ်။ ဆံပင်သန်စွမ်းဖို့အတွက် ဒိန်ချဉ်၊ ရှားစောင်းလတ်ပတ်၊ အုန်းဆီ စတာတွေကို အသုံးပြုနိုင်ပါတယ်။
(၃) ချွေးနံ့ ပျောက်စေဖို့
ချွေးနံ့ကို ပျောက်ဖို့အတွက် နာမည်ကြီး Roll On တွေ ဝယ်လိမ်းပြီး ပိုက်ဆံတွေ အရမ်းကုန်နေတယ်ဆိုရင် ပိုက်ဆံအကုန်သက်သာစေမယ့် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ အလွယ်ကူဆုံးနဲ့ ကုန်ကျစရိတ်အသက်သာဆုံးကတော့ လက်ကိုရေစွတ်ပြီးတော့ မုန့်ဖုတ်ဆိုဒါ အနည်းငယ်ကို ယူပြီး ချိုင်းမှာလိမ်းလိုက်ရုံပါပဲ။ မြန်မာနိုင်ငံမှာတော့ ကျောက်ချဉ်ကိုလည်း အသုံးပြုကြပါတယ်။
(၄) Scrubs
အသားအရေချောမွတ်ဖို့ အတွက် Scrubs တွေ အမျိုးမျိုးကို သုံးတတ်ကြပါတယ်။ ဒါပေမဲ့ အိမ်မှာ ရှိတဲ့ အော်ဂဲနစ် ပစ္စည်းတွေနဲ့လည်း ပြုလုပ်လို့ ရပါသေးတယ်။ ခန္ဓာကိုယ်ကို Scrub လုပ်မယ်ဆိုရင် ကော်ဖီမှုန့်နဲ့ အိမ်သုံးဆားကို အုန်းဆီရောပြီး ပြုလုပ်လို့ ရပါတယ်။ မျက်နှာလို နူးညံံ့တဲ့ နေရာမျိုးကိုတော့ သကြားနဲ့ ဆားကို အသုံးပြုပြီး လုပ်နိုင်ပါတယ်။
(၅) ဓာတ်မြေသြဇာ
သင်က သဘာဝကို ချစ်မြတ်နိုးသူ တယောက်၊ အပင်စိုက်ရတာ ဝါသနာပါသူ တယောက်ဆိုရင် ဈေးကြီးတဲ့ ဓာတ်မြေသြဇာတွေကို သုံးတာက သင့်အပင်တွေအတွက် မကောင်းပါဘူး။ ဈေးသက်သာပြီး အမှန်တကယ် ကောင်းမွန်တဲ့ ဓာတ်မြေသြဇာတွေကတော့ နှပ်ပီးသား လက်ဘက်ခြောက်မှုန့်၊ မီးသွေးပြာ၊ လွှစာနဲ့ ဖွဲ စတာတွေကို အသုံးပြုနိုင်ပါတယ်။
Ref ; Brightside.com