Trend

သင့်ကလေး အိပ်ရာပေါ် အပေါ့သွားတာကို ဘယ်လို တားဆီးမလဲ

Want create site? Find Free WordPress Themes and plugins.

အသက် ၄ နှစ်ကနေ ၇ နှစ်အတွင်းရှိတဲ့ ကလေးတွေဟာ အိပ်ရာထဲမှာ အပေါ့သွားလေ့ရှိကြပါတယ်။ တခါတလေဆိုရင် ကိစ္စ မရှိပေမယ့် ညတိုင်းဆိုရင်တော့ မိခင်တွေအတွက် အလုပ်ပိုတာ အသေအချာပါပဲ။

မနက်မိုးလင်းတိုင်း အိပ်ရာခင်းလဲရတာကလည်း အချိန်ကုန် လူပန်း ဖြစ်စေပါတယ်။ ဒါကြောင့် ဒီတခါမှာ သင့်ကလေး ညဖက် အိပ်ရာပေါ် အပေါ့မသွားအောင် ဖြေရှင်းပေးလို့ရမယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ရေလျော့တိုက်ပါ

မနက်ဖက်မှာ ရေသောက်ချင်သလောက် သောက်ပါစေ။ ညဖက်အိပ်ရာဝင်ခါနီးရင်တော့ ရေတိုက်တဲ့ ပမာဏကို လျော့ပစ်ဖို့ လိုပါတယ်။ ဖျော်ရည်တိုက်တာတွေကို မပြုလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ အရေးအကြီးဆုံးကတော့ အိပ်ရာမဝင်ခင် ကလေးကို အိမ်သာသွားခိုင်းဖို့ပါပဲ။ ဒီအကျင့်ကို နေ့တိုင်း လုပ်ပေးတယ်ဆိုရင် သင့်ကလေး အိပ်ရာပေါ် အပေါ့သွားတဲ့နှုန်း သိသိသာသာ လျော့လာမှာ သေချာပါတယ်။ ရေဓာတ်အရမ်းများတဲ့ အသီးအနှံတွေကို ညဖက်မှာ

ကျွေးခြင်းကလည်း သင့်ကလေးကို အိပ်ရာပေါ် အပေါ့သွားအောင် တွန်းအားပေးနေသလိုပါပဲ။ ဒါကြောင့် ရှောင်သင့်ပါတယ်။

(၂) ညလယ်ရောက်ရင် အပေါ့သွားဖို့ နှိုးပါ

ကလေးတွေဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်လေ့ရှိတာကြောင့် ဆီးအိမ်ထဲမှာ ဆီးတွေနဲ့ ပြည့်နေလည်း ထပြီး အပေါ့သွားရမယ်ဆိုတာကို သူတို့ မသိပါဘူး။ ညလည်ပိုင်းမှာ သူတို့ကို နှိုးပြီး အပေါ့သွားတဲ့ အကျင့်လုပ်ပေးရင် နောက်ပိုင်း သူတို့ ကိုယ့်ကိုထပြီး သွားတတ်လာပါလိမ့်မယ်။ သင့်ကလေးက တနေကုန် အပေါ့ ဘယ်နှကြိမ်သွားတတ်လဲ ဆိုတာကို စောင့်ကြည့်ပါ။

ဥပမာ သုံးနာရီခြားတိုင်း တခါ၊ အပေါ့သွားတတ်တဲ့ ကလေးဆိုရင် ညဖက် သူစပြီး အိပ်တဲ့ အချိန်ကနေ သုံးနာရီခြားတိုင်း တခါ နှိုးပြီး အပေါ့သွားခိုင်းသင့်ပါတယ်။ ဒီလို တပတ်လောက်လေ့ကျင့်ပေးရင်း သူတို့ အိပ်ရာပေါ် မပေါက်ချတော့ဘူးဆိုရင် နောက်ပိုင်း သူတို့ အပေါ့သွားချင်တိုင်းကိုယ့်ဟာကို ထသွားပါလိမ့်မယ်။

(၃) မက်ဂနီဆီယမ် ပိုပြီး ကျွေးပါ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ လေ့လာချက်က ကလေးတွေ အိပ်ရာပေါ်မှာ အပေါ့သွားခြင်းဟာ မက်ဂနီဆီယမ် ချို့တဲ့လို့ဖြစ်ပါတယ်။ ဒီဓာတ်ချို့တဲ့ တဲ့ အခါမှာ အာရုံကြောတုံ့ပြန်မှု အားနည်းလာတာကြောင့် ကလေးတွေဟာ သူတို့ အပေါ့သွားဖို့ လိုအပ်တာကို မသိပဲ ဖြစ်နေတာပါ။

မက်ဂနီဆီယမ် ကြွယ်ဝတဲ့ ကလေးဆေးဆိုပြီး သီးသန့် မရှိတာကြောင့် မက်ဂနီဆီယမ်ဓာတ်ပေါများတဲ့ ထောပတ်သီး၊နေကြာစေ့၊ငှက်ပျောသီး၊ ဆယ်လ်မွန်ငါးနဲ့ တို့ဖူးတို့ကို ကျွေးဖို့ တိုက်တွန်းချင်ပါတယ်။

(၄) ကလေးနဲ့ စကားပြောပါ

ကျောင်းမှာ အဆင်ပြေရဲ့လား၊ ဘယ်လို စိတ်ခံစားမှုတွေကို ခံစားနေရလဲ စတာတွေကို မေးမြန်းပါ။ စိတ်မလုံခြုံမှုကို ခံစားနေရတဲ့ ကလေးတွေဟာလည်း အိပ်ရာပေါ်မှာ အပေါ့သွားတတ်လို့ မိဘ သို့မဟုတ် အုပ်ထိန်းသူ တယောက်ယောက်ဟာ ကလေးရဲ့ ခံစားချက်တွေကိုမေးဖို့လိုပါတယ်။

ဒီလို မေးမြန်းတဲ့ အခါမှာလည်း ကလေးကို မရယ်ဖို့နဲ့ ကလေးဖက်က ခံစားချက်ကို အမှန်တကယ် ဖွင့်ဟပြောလာအောင် လုပ်ဖို့ လိုအပ်ပါတယ်။ အိပ်ရာပေါ်မှာ အပေါ့သွားလို့ ဆိုပြီး ကလေးကို ရိုက်နှက်တာမျိုးတွေ မလုပ်ဖို့လည်း သတိပေးချင်ပါတယ်။

(၅) ဆုချပါ

ဆုပေး ဒဏ်ပေးစနစ်ဟာ ကလေးကို ထိန်းကျောင်းတဲ့ နေရာမှာ အထိရောက်ဆုံးစနစ် တခုဖြစ်ပါတယ်။ ညဖက် အိပ်ရာပေါ် အပေါ့မသွားရင် ဆုပေးမယ်ဆိုတဲ့ ကတိကိုပေးထားပါ။ သူတို့က ဘာမှတော့ မတတ်နိုင်ပေမယ့် ဒါဟာ စိတ်ပိုင်းဆိုင်ရာ စမ်းသပ်ချက်မျိုးပါပဲ။

အပေါ်မှာ ပြောပြခဲ့တဲ့ ညဖက် ရေလျော့တိုက်ခြင်း၊ အပေါ့သွားဖို့ နှိုးရင် ထခြင်း စတာတွေ အတွက်လည်း ဆုပေးမယ်ဆိုရင် ကလေးက သင်ပြောသလို လိုက်လုပ်မှာ သေချာပါတယ်။ တခုရှိတာက ဆုပေးမယ်လို့ ကတိပေးထားရင် တကယ်ပေးဖို့ပါပဲ။ ကလေးက သင့်အပေါ်ကို ယုံကြည့်မှုရှိလာအောင် သင်ကိုယ်တိုင် တည်ဆောက်ဖို့ လိုပါတယ်။

Ref;brightside

Did you find apk for android? You can find new Free Android Games and apps.
Loading