ဆံသားမကောင်းလို့ပဲဖြစ်ဖြစ်၊ ဆံပင်ကိုဖြောင့်တာ၊ ကောက်တာ၊ ညှပ်တာမျိုးတွေ ခဏခဏမလုပ်ချင်တဲ့သူတွေ အတွက် ဆံပင်တုက အဆင်ပြေလွယ်ကူပါတယ်။
အလှအပကိုစိတ်ဝင်စားလာကြတဲ့ အမျိုးသမီးတွေနဲ့ ဆယ်လီဘရစ်တွေဟာလည်း ဆံပင်တုကို ဝတ်ဆင်လာ တာကိုတွေ့ရပါတယ်။ တချို့သောဆံသားမကောင်းသူတွေနဲ့ ဆံပင်ကျွတ်လေ့ရှိတဲ့သူတွေ အတွက်လည်း ဆံံပင်တုက အသုံးဝင်ပါတယ်။
ဒါဆိုရင် သင်ဟာဆံပင်တုဝတ်ဆင်တဲ့အခါ ဆောင်ရန်ရှောင်ရန်တွေကို သိဖို့လိုအပ်တာကြောင့် ဖော်ပြပေး လိုက်ပါတယ်။
– ဆံပင်တုကို ပါကင်က ထုတ်ထုတ်ချင်းမဝတ်ပါနဲ့။ တခါတလေကျ ပုံစံမကျဖြစ်နေတတ်တာ ကြောင့်ဘီးနဲ့ သေချာပြန်ဖြီးပါ။
– ဆံပင်တုကို သဘာဝအတိုင်းတောက်ပနေအောင် လျှော်ပေးပါ။ အရောင်ရွေးတော့မယ်ဆိုရင်လည်း သဘာဝကျပြီး သင့်အသားနဲ့လိုက်ဖက်တဲ့အရောင်ကိုသာ ရွေးပါ။
– သင်က အရမ်းဟော့ချင်တာကြောင့် အူကြောင်ကြောင်အရောင်မျိုးတွေ မရွေးမိအောင်သတိထားပါ။
– ဆံပင်တုက ပုံစံမကျရင် ဆံပင်ခွဲကြောင်းတွေ ရုပ်ဆိုးတာကြောင့်အလွယ်ဆုံးက Lace front wig မျိုးကိုရွေးချယ်ပါ။ ဒီလိုဆံပင်တုတွေက ဆံသားပါးပြီး ထိပ်ပြောင်တဲ့သူတွေအတွက် အဆင်ပြေစေ ပါတယ်။
– တခေါင်းလုံးဆံပင်အတု မတပ်ချင်တဲ့သူတွေအတွက် တဝက်ပဲတပ်လို့ရတဲ့ ဆံပင်တုတွေ ရှိပါတယ်တဲ့။ ဒါပေမဲ့ သင့်နဂိုဆံပင်အရောင်နဲ့ လိုက်ဖက်ညီအောင်တော့ သတိပြုပါ။
– သင့်ဆံပင်တုကိုလျှော်တော့မယ်ဆိုရင်လည်း တွေ့တဲ့ခေါင်းလျှော်ရည်သုံးတာမျိုးမလုပ်ဘဲ သူနဲ့တည့်တဲ့ ခေါင်းလျှော်ရည်မျိုးကိုပဲ သုံးပေးပါ။
– ဆံပင်တုတပ်မယ်ဆိုရင် သင့်နဂိုဆံပင်ကိုချောမွေ့ပြီး ပြားနေအောင်လုပ်ထားပါ။ ဒါမှမဟုတ်ရင် ဆံပင်တုမတပ်ခင် အောက်ကစွပ်တဲ့ wig cap မျိုးသုံးလို့ရပါတယ်။
– လူ့ဆံပင်နဲ့ မလုပ်ထားတဲ့ဆံပင်တုတွေကိုသုံးရင် ၃လ ကနေ ၆လအထိသာသုံးသင့်ပါတယ်။ လူ့ဆံပင်နဲ့လုပ်ထားတဲ့ wig တွေကတော့ ၉လကနေ ၁၂ လအထိသုံးပြီး ပုံမှန်ဂရုစိုက်မှုတွေလုပ်ပေးပါ။
– ဆံပင်တုစွပ်ပြီး မအိပ်မိအောင်တော့ သတိထားပါ။
– Hair Wig တွေကို အရောင်ထပ်မဆိုးမိအောင်လဲ ဂရုပြုပါ။ သင်လိုချင်တဲ့အရောင်ကို ဆံပင်တုဝယ်ကတည်းက ရွေးချယ်ပါ။ အရောင်ထပ်ဆိုးတာက hair wig ကိုပိုရုပ်ဆိုးစေပြီး သင်လိုချင်တဲ့ အရောင်မျိုးထွက်လာမှာ မဟုတ်ပါဘူး။
ကဲ… ဆံပင်တုတပ်တော့မယ်ဆိုရင် ဒီလိုဆောင်ရန်ရှောင်ရန်လေးတွေသိထားတဲ့ ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။
www.wigs.com