Trend

ကိုရီးယားလူမျိုးတွေ လက်ခံကြတဲ့ ပထမဆုံးနှင်းနဲ့ပတ်သက်တဲ့ ယုံကြည်မှု

ဆောင်းရာသီဆိုရင် အအေးပိုင်းဒေသတွေမှာတော့ အဖြူရောင်နှင်းမှုန်တွေ ကျဆင်းတတ်ပါတယ်။ အပူပိုင်း ဒေသတွေမှာ မိုးစက်မိုးပေါက်တွေကို အဓိပ္ပာယ်ဖွဲ့တင်စားကြသလိုပဲ ဖြူလွှလွှနှင်းစက်တွေအကြောင်းကို သီချင်း တွေ၊ ကဗျာတွေ ဖွဲ့ဆိုကြသလို နှင်းကျတာနဲ့ပတ်သက်ပြီး လက်ခံထားတဲ့အယူအဆအချို့လည်း ရှိပါတယ်။

ဖြူစင်ခြင်း၊ ခွင့်လွှတ်ခြင်း၊ ချစ်ခင်ခြင်း အဓိပ္ပာယ်တွေဆောင်တယ်လို့ လက်ခံကြသလို ရှေးဟောင်းဂရိလူမျိုး တွေကတော့ နှင်းကျတာကို ဘဝတခုစတင်ခြင်းလို့ သတ်မှတ်ကြပါတယ်။ နှင်းကျတာနဲ့ပတ်သက်ပြီး ကိုရီးယား လူမျိုးတွေပြောလေ့ရှိတဲ့ first snow စကားလုံးကိုတော့ ကိုရီးယားဇာတ်လမ်းတွဲ တော်တော်များများမှာ တွေ့ကြ မှာပါ။

ကိုရီးယားလူမျိုးတွေ လက်ခံထားတဲ့ ပထမဆုံးနှင်းနဲ့ ပတ်သက်တဲ့ယုံကြည်မှုတွေကို ၂၀၁၆ ခုနှစ်ကုန်ပိုင်း လောက်မှာ နာမည်ကျော်ခဲ့တဲ့ “Goblin: The Lonely and Great God” ဇာတ်ကားမှာ ကမ္ဘာအရပ်ရပ်က ကိုရီးယားဇာတ်လမ်းတွဲ ပရိသတ်တွေ သတိပြုမိခဲ့ကြပါတယ်။

ပထမဆုံးနှင်းကျချိန်မှာ ကိုရီးယားလူမျိုးတွေက ကိုယ်နှစ်သက်သဘောကျသူကို ဖွင့်ပြောခဲ့ရင် happy ending ဖြစ်ပြီး တသက်လုံးလက်တွဲသွားနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

ကိုရီးယားလူမျိုးတွေအတွက်တော့ ပထမဆုံးနှင်းကျတာဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်တခုထက်ပိုတယ်လို့ သတ်မှတ်ကြပါတယ်။ ပထမဆုံးနှင်းကျပြီဆိုတာနဲ့ အမီအရဓာတ်ပုံရိုက် ဆိုရှယ်မီဒီယာပေါ်မှာ ခံစားချက်လေးတွေနဲ့ အတူတင်ပြီး ဆုတောင်းကြပါတယ်။ ဒါတင်မကဘဲ ချစ်သူခင်သူတွေကို ပထမဆုံးနှင်းကျနေတဲ့အကြောင်း လှမ်း အကြောင်းကြားရင်း မျှဝေတတ်ပါသေးတယ်။

ပထမဆုံးနှင်းကျချိန်ဟာ ကိုရီးယားနိုင်ငံရဲ့ ဒေသတခုနဲ့တခု အချိန်ကာလအနည်းငယ် ကွာခြားတတ်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ဆောင်းရာသီဟာ အောက်တိုဘာလအလယ်လောက်မှာ စတင်တတ်ပြီး များသောအားဖြင့် နိုဝင်ဘာလကုန်နဲ့ ဒီဇင်ဘာလဆန်းပိုင်းမှာ ပထမဆုံးနှင်းကျတတ်ပါတယ်။

ပထမဆုံးနှင်းကျချိန်မှာ ကိုယ်ချစ်သူနဲ့ အတူ မရှိရင်တောင် အထီးမကျန်ဘဲ ပျော်ရွှင်မှုတွေ ဆောင်ကြဉ်းလာနိုင်တယ်လို့ ဆိုပါတယ်။ ပထမဆုံးနှင်းကျချိန်နဲ့ ပတ်သက်ပြီး နောက်ထပ်အဓိပ္ပာယ်တွေလည်း ရှိပါသေးတယ်။

ဒီအချိန်မှာ အဖြစ်ချင်ဆုံးဆန္ဒတခုကို ဆုတောင်းရင်ပြည့်ဝတယ်လို့ လက်ခံယုံကြည်ကြတာပါ။ လူကြိုက်များတဲ့ variety show တခုဖြစ်တဲ့ “Running Man” အစီအစဉ်မှာ ပထမဆုံး နှင်းကျတာနဲ့ကြုံခဲ့ရတဲ့ ဂျီဟိုက သူဖြစ်ချင် တဲ့ဆုကို တောင်းခဲ့ပုံကို ပရိသတ်တွေ သတိထားမိခဲ့ကြမှာပါ။

အာရှမှာ လူကြိုက်များခဲ့တဲ့ ဇာတ်လမ်းတွဲတခုဖြစ်တဲ့ “My Love From the Star” ဇာတ်လမ်းမှာ ပထမဆုံး နှင်းကျတဲ့အချိန် ဒေါသထွက်စရာ စကားကြားရင်တောင် နားလည်ပေးကြပြီး ဒီနေ့မှာ ဘုရင့်ကို စကားအမှားပြော မိခဲ့ရင်တောင် ခွင့်လွှတ်ပေးတယ်ဆိုတဲ့အချက်ကိုကြည့်ရင် ရှေးယခင်ကတည်းက ကိုရီးယားလူမျိုးတွေဟာ ပထမဆုံး နှင်းကျချိန်ကို လက်ခံယုံကြည်တယ်ဆိုတာ မြင်တွေ့ရပါတယ်။

Ref: WordPress

Loading