နယူးဇီလန်နိုင်ငံမှာ ၁၉၃၀ ခုနှစ်တုန်းက ရေကာတာ စီမံကိန်းတခု ရှိခဲ့ပါတယ်။ ရေကာတာ စီမံကိန်းစတော့ အလုပ်သမားတွေက မြို့ငယ်လေးတမြို့ ဆောက်ခဲ့ပါတယ်။ Waitaki ရေကန်ရှိတဲ့ အဲဒီမြို့ငယ်လေးဟာ အခုတော့လည်း တမြို့လုံးရောင်းဖို့ ဖြစ်လာပါတော့တယ်။
ပိုက်ဆံရှိလာတဲ့အခါ တချို့လူတွေက အိမ်ဝယ်ကြပါတယ်။ တချို့ကတော့ တိုက်ခန်းဝယ်ကြပါတယ်။ အခုတော့ မြို့တမြို့လုံးကိုပါ ဝယ်နိုင်ပါတော့မယ်။ အဲဒီမြို့ကို ဘယ်သူတွေက ဝယ်နိုင်ကြမလဲ။
Waitaki ရေကန်ရှိတဲ့ မြို့ငယ်လေးကို ရောင်းမယ့်ဈေးနှုန်းကတော့ ဒေါ်လာ ၂ ဒဿမ ၈ မီလီယံ ဖြစ်ပါသတဲ့။ ဒီမြို့ငယ်လေးဟာ နယူးဇီလန်နိုင်ငံရဲ့တောင်ဘက်ပိုင်းကျွန်းစုတွေထဲရှိပြီး Dunedin ရဲ့ မြောက်ဘက် ကီလိုမီတာ ၁၈၀ (၁၁၂ မိုင်) အကွာမှာ ရှိပါတယ်။
ဒီမြို့လေးကိုတော့ ၁၉၃၀ ခုနှစ်တွေတုန်းက တည်ဆောက်ခဲ့တာဖြစ်ပြီး ရေကာတာ စီမံကိန်းတစ်ခု အတွက် ရည်ရွယ်ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ရေကာတာ အလုပ်သမားတွေဟာ မိသားစုတွေနဲ့ အတူ ၁၉၈၀ ခုနှစ်အထိ နေထိုင်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ လူနေထိုင်မှု မရှိတော့သလောက်ပါပဲ။
ဒါပေမဲ့လည်း ပစိဖိတ်သမုဒ္ဒရာ အနောက်တောင်ပိုင်းမှာရှိတဲ့ နယူးဇီလန်နိုင်ငံထဲက အဲဒီမြို့ငယ်လေးဟာ အနောက်ကမ္ဘာကလို ဘာမှမရှိဘဲ ဆိတ်သုန်းနေတဲ့ တစ္ဆေမြို့တော်တော့လည်း မဟုတ်ပါဘူး။ အဲဒီမှာ အရိပ်ကောင်းတဲ့ နေရာရှိသလို လူနေအိမ်း ၈ လုံးတိတိ ရှိပါတယ်။ ဒါ့အပြင် စားသောက်ဆိုင်တဆိုင်၊ ဘိလိယက်ခန်း ၁ ခန်းပါဝင်တဲ့ အိပ်ခန်း ၁ ခန်း ၊ ချက်ပြုတ်စရာ မီးဖိုဆောင်နဲ့ ကားမျိုးစုံထားနိုင်တဲ့ ကားဂိုဒေါင် ၁ လုံးပါ ရှိပါသေးတယ်။
ဒီနှစ်အစောပိုင်းမှာတော့ နယူးဇီလန်ဥပဒေက နိုင်ငံခြားခရီးသွားတွေ အိမ်မြေ ဝယ်ယူနိုင်ခွင့်ကို တား မြစ်ပိတ်ပင်ခဲ့ပါတယ်။ ဒီဥပဒေကြမ်းကို ခွင့်ပြုခဲ့ပြီးနောက် ၂၀၁၈ သြဂုတ်လမှာပဲ ကုန်သွယ်ရေးဝန်ကြီး
David Parker က အခုလိုပြောခဲ့ပါတယ်။ အခုလို နိုင်ငံခြားသားတွေကို အိမ်မြေ ဝယ်ယူနိုင်ခွင့် ပိတ်ပင်လိုက်ခြင်းဟာ နယူးဇီလန်မှာ မွေးဖွားခဲ့တဲ့ နယူးဇီလန်သားတွေအနေနဲ့ ကိုယ့်မြေပေါ်က အိမ်တွေကို ကိုယ်ကိုယ်တိုင် ဝယ်ယူနိုင်ကြဖို့ပါပဲ
ဒါဆိုရင်တော့ ပိုက်ဆံဘယ်လောက်ရှိရှိ နယူးဇီလန်နိုင်ငံက လူနေအိမ် ၈ လုံးရှိတဲ့ မြို့ငယ်လေး ကို နယူးဇီလန်သားမှအပ ဘယ်သူမှ ဝယ်နိုင်ကြတော့မှာ မဟုတ်ပါဘူး။
Ref : CNN Travel