Lu Gaung လို့ အမည်ရတဲ့ ဓာတ်ပုံဆရာဟာ တရုတ်အစိုးရ ထုတ်ဖော်ပြောလေ့မရှိတဲ့ နေရာတွေက သတင်းဓာတ်ပုံ တွေကို ရိုက်ကူးခဲ့သူ တယောက်ဖြစ်ပါတယ်။ သူဟာ HIV ရောဂါ ဖြစ်ပွားနေသူ၊ဆေးစွဲနေသူနဲ့ တရုတ်ပြည်ရဲ့ ပျက်စီးနေတဲ့ သဘာဝ ပတ်ဝန်းကျင်တို့ကို ဓာတ်ပုံရိုက်ကူးခဲ့ပြီး ဆုရရှိခဲ့သူ တဦးဖြစ်ပါတယ်။
သူ့ရဲ့ အမျိုးသမီး Xu Xiaoli ရဲ့ ပြောကြားချက်အရ ဆုရ ဓာတ်ပုံဆရာဟာ နိုဝင်ဘာ ၃ရက်နေ့ ကတည်းက ဘာအဆက်အသွယ်မှ ပြုလုပ်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ သူရိုက်ခဲ့တဲ့ ဓာတ်ပုံတွေရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ သူကိုယ်တိုင်ပျောက်ဆုံးနေတာကြောင့် မိသားစု ဝင်တွေက စိတ်ပူနေကြပါတယ်။
အောက်တိုဘာလ ၂၃ ရက်နေ့မှာ သူဟာ Xinjiang ခရိုင်ရဲ့ မြို့ဖြစ်တဲ့ Urumqi မှာ ကျင်းပမယ့် ဓာတ်ပုံပြိုင်ပွဲကို သွားရောက်ဖို့ အစီအစဉ်နဲ့ အိမ်က ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲပြီးတဲ့ နောက်မှာ သူဟာ မိတ်ဆွေဖြစ်သူ Mr.Chen ပြုလုပ်တဲ့ ပရဟိတပွဲကို သွားရောက်တဲ့ လမ်းမှာ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။
Mr Chen က ဓာတ်ပုံဆရာရဲ့ အမျိုးသမီးကို ဆက်သွယ်တဲ့ အခါမှာလည်း ဓာတ်ပုံဆရာရဲ့ အမျိုးသမီးက ဒေသခံရဲတပ်ဖွဲ့ကို ရှာဖွေစေခဲ့ပြီး လူပျောက်သတင်းကို အတည်ပြုခဲ့ပါတယ်။
ဓာတ်ပုံဆရာရဲ့ အမျိုးသမီးဖြစ်သူက သူမရဲ့ တွစ်တာ စာမျက်နှာမှာ “သူပျောက်နေတာ ကြာပါပြီ။ ကျမအမျိုးသားရဲ့ ပြောရေ းဆိုခွင့် ရှိသူအနေနဲ့ သူဖမ်းဆီးခံရတဲ့ သတင်းပေးစာ စတာတွေကိုလည်း ရရှိထားခြင်း မရှိသေးဘူး”လို့ တင်ထားပါတယ်။
“ရဲတပ်ဖွဲ့တွေကလည်း ရှာဖွေလို့ မရသေးပါဘူး။ ဒီဇင်ဘာလထဲမှာ ကျမတို့ရဲ့ အိမ်ထောင်သက် နှစ် ၂၀ ပြည့် အခမ်းအနားရှိတာကို တူတူဆင်နွဲဖို့ ဆိုတာတောင် မသေချာတော့ပါဘူး” လို့ ထပ်မံ ရေးသားထားခဲ့ပါတယ်။
BBC ရဲ့ ပြောကြားချက်အရ တရုတ် အစိုးရဟာ ဘာသာရေးနဲ့ ပတ်သက်ပြီး အစွန်းရောက်တတ်ကြောင်းနဲ့ အစိုးရ ထုတ်ဖော်ပြောခွင့် မပြုထားတဲ့ သတင်းတွေကို ထုတ်ပြန်တတ်တဲ့ သတင်းထောက်တွေကိုလည်း ဖမ်းစီးလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီဓာတ်ပုံဆရာသွားရောက်ရိုက်ကူးခဲ့တဲ့ နေရာဟာ မွတ်စလင်တွေ နေထိုင်တဲ့ နေရာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီဓာတ်ပုံဆရာဟာ ၂၀၀၄ ခုနှစ်မှာ World Press ဓာတ်ပုံပြိုင်ပွဲမှာ သူရဲ့ “AIDS Villages” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆုရခဲ့ပါတယ်။ သူဓာတ်ပုံသွားရောက်ရိုက်ကူးခဲ့တဲ့ ရွာမှာ ရွာသား ၇၀၀ နီးပါးဟာ သွေးထုတ်ရောင်းပြီးနောက် AIDS ရောဂါကို ခံစားနေရပြီး အယောက် ၂၀၀ ကျော် သေဆုံးသွားပြီလို့ ဆိုပါတယ်။ အဲဒီရွာမှာ လူဦးရေဟာ ၃၀၀၀ ခန့်သာ ရှိတာ ဖြစ်ပါတယ်။
Ref;boredpanda