အလှအပနဲ့ ပတ်သက်လာရင် စိတ်ဝင်စားတဲ့အမျိုးသမီးတို့အတွက် မျက်တောင်လေးတွေကအရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်လာပါတယ်။
ရှည်လျားကော့ညွတ်တဲ့ မျက်တောင်လေးက သင့်အလှကိုပိုပေါ်လွင်စေမှာပါ။ နဂိုမျက်တောင်ပါးတဲ့သူတွေအတွက် မျက်တောင်ဆက်တာမျိုး၊ serum လိမ်းပေးတာမျိးကလည်း ခေတ်စားလာပါတယ်။ မျက်တောင်လေးတွေလှဖို့အတွက် ဈေးကြီးတဲ့ပစ္စည်းတွေဝယ်သုံးမယ့်အစား မီးဖိုချောင်ထဲက သဘာဝပစ္စည်းတွေနဲ့လည်း သင့်မျက်တောင်ကို နဂိုထက် ရှည်လာအောင်လုပ်ကြည့်နိုင်ပါတယ်။
ဒါဆိုရင် သင်ကိုယ်တိုင်လုပ်ကြည့်လို့ရမယ့် နည်းလမ်းကိုဖော်ပြပေးသွားပါမယ်။
အဓိကလိုအပ်တာကတော့ almond oil (မက်မွန်ဆီ) ကြက်ဆူဆီ၊ အုန်းဆီနဲ့ vitamin E အဆီတို့ပဲဖြစ်ပါတယ်။
မက်မွန်ဆီက vitamin E, ဖက်တီးအက်ဆစ်နဲ့အခြား အာဟာရဖြစ်စေတဲ့ဓာတ်တွေအများကြီးပါဝင်တာကြောင့် အမွှေးအမျှင်တွေကို သန်စွမ်းစေပြီး ကျိုးကြေပျက်စီးတာကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင်အစိုဓာတ်ပေးတာကြောင့် အမွှေးအမျှင်တွေ ကျွတ်တာကိုလျော့နည်းစေပါတယ်။
ကြက်ဆူဆီဟာလည်း ဆံသားကိုရှည်းလျားစေတဲ့အစွမ်းသတ္တိရှိပါတယ်။ များသောအားဖြင့် မျက်တောင်ရှည်တဲ့serum တွေမှာ ကြက်ဆူဆီကို မပါမဖြစ်တွေ့လာရပါတယ်။
အုန်းဆီကတော့ ဆံပင်ကိုထူထဲနက်မှောင်ပြီး ရှည်စေတာကိုသိကြမှာပါ။ အရင်တုန်းက အိန္ဒိယကအမျိုးသမီးတွေဟာ ဆံသားအလှအပအတွက် အုန်းဆီကိုအားထားရပါတယ်။ အုန်းဆီဟာ အညစ်အကြေးနဲ့ ဆံသားတွေကို ထိခိုက်စေမဲ့ပိုးမွှားတွေကို ကာကွယ်နိုင်စွမ်းလည်း ရှိပါတယ်။
vitamin E အဆီကတော့ အသားအရည်နဲ့ ဆံသားကိုအထူးကောင်းမွန်စေပါတယ်။ သွေးလည်ပတ်မှုကို ကောင်းစေတာကြောင့် အရေပြားက ဆံသားအရင်းအမြစ်တွေကိုအားကောင်းစေပါတယ်။
ပြုလုပ်ပုံကတော့
ကြက်ဆူဆီလက်ဖက်ရည်ဇွန်း ၁ ဇွန်း
မက်မွန်ဆီလက်ဖက်ရည်ဇွန်း ၁ ဇွန်း
အုန်းဆီ ဇွန်းဝက်
vitamin E တတောင့် တို့ကိုခွက်တခုထဲရောနှောထည့်ပါ။ ရလာတဲ့အဆီကို ပုလင်းထဲထည့်ပြီး အေးမြခြောက်သွေ့တဲ့ နေရာမှာ ထားပါ။ ညဘက်အိပ်ရာမဝင်ခင် မျက်နှာသစ်ပြီးတာနဲ့ သင့်မျက်တောင်ကို လိမ်းပေးရုံပါပဲ။
အရမ်းအများကြီးမလိမ်းဖို့တော့ သတိပြုပါ။ နောက်နေ့မနက်ရောက်တာနဲ့ ရေနွေးနွေးနဲ့ဆေးချတဲ့အခါ သင့်မျက်တောင်လေးတွေ စိုပြေလှပနေတာကို တွေ့ရပါလိမ့်မယ်။
ဒါဆိုရင် ပိုက်ဆံသိပ်မကုန်ဘဲ နဂိုထက်ပိုလှအောင်နေနိုင်ပြီဖြစ်ပါတယ်။
Ref : beautymunsta.com