ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ်ဆိုတာလူအချင်းချင်းတင်မကဘဲ လူနဲ့တိရစ္ဆာန်ကြားမှာလည်း တွေ့ရတဲ့အရာတခုပါ။ အမေရိကန်တွေဟာ ခွေးချစ်တတ်သူတွေလို့ လူသိများကြပါတယ်။ ဒီလိုချစ်ရလောက်တဲ့အကြောင်းအရင်းလည်း ရှိပါတယ်။
Labrador Retriver အမျိုးအစားဖြစ်တဲ့ခွေးလေး Sully ဟာ ဂျော့ဘုရှ်မကွယ်လွန်ခင် ၆လလောက်က အဖော်ပြုပေး နေခဲ့တာပါ။ ဒီဇင်ဘာ ၂ ရက်နေ့မှာတော့ Sully ဟာ သမ္မတဟောင်းဂျော့ဘုရှ်ကို လွမ်းဆွတ်သူတွေနဲ့အတူ ဂျော့ဘုရှ်ရဲ့ အခေါင်းကိုလာရောက်ဂါဝရပြုခဲ့ပါတယ်။
Sully က ဂျော့ဘုရှ်နဲ့ဘယ်လိုစတွေ့ခဲ့တယ်ဆိုတဲ့အကြောင်းကိုလည်း America VetDogs ရဲ့ CEO ဖြစ်သူ John Miller က ပြောပြခဲ့ပါသေးတယ်။
သမ္မတဟောင်းဂျော့ဘုရှ်ရဲ့ ဇနီး ဘာဘရာဟာ ဧပြီလ ၂၀၁၈ခုနှစ် မှာဆုံးသွားတဲ့အခါ သမ္မတဟောင်းကို အဖော်ပြုဖို့ အတွက် Sully ကို America VetDogs ကနေ ရွေးချယ်ခဲ့တယ်။ ဘာဘရာသေဆုံးပြီးနောက်မှာ ဂျော့ဘုရှ်ကို အဖော်ပြု ပေးဖို့ဟာ Sully ရဲ့အကြီးမားဆုံးတာဝန်တခုပဲဖြစ်ပါတယ်။ အရေးကြီး တာကတော့ Sully ကိုသမ္မတဟောင်း ဂျော့ဘုရှ်နား မှာ နောက်ဆုံးထွက်သက်ထိနေဖို့ ပေးထားတဲ့ အမိန့်ပဲဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။
Sully ဟာအသက်၂ နှစ်ရှိပြီဖြစ်ပြီး ၂၀၀၉ ခုနှစ်က ခရီးသည်တွေရဲ့အသက်ကို ကယ်ဆယ်နိုင်ခဲ့တဲ့လေယာဉ်မှူး Chesley Sully Sulleberger III ကိုအမှတ်တရနဲ့ Sully ဆိုတဲ့နာမည်ကို ခွေးကလေးကို ပေးခဲ့တာဖြစ်ပါတယ်။
ဂျော့ဘုရှ်ရဲ့ ခေါင်းတလားနားမှာ Sully လဲလျောင်းနေတဲ့ပုံလေးဟာ တွစ်တာမှာပျံ့သွားတဲ့အခါ လူတွေစိတ်ဝင်စား လာခဲ့ပါတယ်။ သူ့အနေနဲ့လည်း တာဝန်ပြီးဆုံးသွားပြီဆိုတာသိနေပုံပါပဲ။
သူဟာသခင်ဖြစ်သူကို ဂါဝရပြုပြီးနောက်မှာတော့ အခြားတာဝန်တွေဆက်လက်ထမ်းဆောင်ဖို့ သူ့ရဲ့မိခင်နေရာဖြစ်တဲ့ America VetDogs ကိုပြန်သွားရမှာပါ။ နောက်ထပ်ထရိန်နင်တွေကို ဆက်လက်သင်ယူရမှာဖြစ်ပြီး အငြိမ်းစားဝန်ထမ်းတွေ ကိုကုသပေးတဲ့ဆေးရုံမှာ အခြားခွေး ၂ကောင်နဲ့အတူ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။
ဒီလိုသိတတ်ပြီးတော်တဲ့ ခွေးတွေကိုသားဖောက်ခြင်း၊ ထရိန်နင်ပေးခြင်းနဲ့ ပိုင်ရှင်အသစ်ဆီရောက်တဲ့အထိ ကုန်ကျစရိတ် က ဒေါ်လာ ၅၀၀၀၀ ရှိပါတယ်။ America VetDogs မှာ လူတွေကိုအဖော်ပြုစောင့်ရှောက်ဖို့ Sully လိုခွေးတွေ များစွာရှိပါတယ်။
Sully ကတော့ သူ့တာဝန်တရပ်ပြီးဆုံးသွားပြီး နောက်ထပ်တာဝန်တွေကို ထမ်းဆောင်ရမှာပဲဖြစ်ပါတယ်။ တာဝန်ကျေပွန်ပြီး အမိန်နာခံတတ်တဲ့ ခွေးလေး Sully အကြောင်းကိုသိရတဲ့သူတိုင်းကလည်း Sullyလေးကို သဘောကျနေကြပါတယ်။
vancouversun.com