Trend

ကမ္ဘာတဝှမ်းက ထူးထူးဆန်းဆန်း ဖက်ရှင်များ

Want create site? Find Free WordPress Themes and plugins.

အမြဲလိုလို ပြောင်းလဲနေတဲ့ ဖက်ရှင်ရေစီးကြောင်းမှာ ကမ္ဘာတဝှမ်းက ဖက်ရှင်ရူးသွပ်သူတွေဟာ အမှီလိုက်နေကြပြီး တနေ့နဲ့တနေ့မရိုးအောင် အဆန်းထွင်မှုတွေကို ပြုလုပ်လျက် ရှိနေကြတာပဲ ဖြစ်ပါတယ်။ ဖက်ရှင်နဲ့ပက်သက်ပြီး အဆန်းထွင်မှုများစွာထဲကမှ အခုတခါဖော်ပြပေးမှာကတော့ ထူးထူးဆန်းဆန်းဖက်ရှင်တွေအကြောင်းပဲ ဖြစ်ပါတယ်။

(၁) ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ပက်သက်ပြီး ဖက်ရှင်အဆန်းထွင်မှုတွေထဲမှာ ချိုင်းမွှေးကို အရောင်ဆိုးတဲ့ ဖက်ရှင်ဟာ ဆိုရင်တော့ အဆိုတော် Miley Cyrus ကနေစပြီး ပြုလုပ်ခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာတော့ Miley Cyrus ရဲ့ ပရိသတ်မိန်းကလေး အများစုဟာ ဒီဖက်ရှင်ကို လိုက်လံပြုလုပ်လာကြတာပဲ ဖြစ်ပါတယ်။

(၂) ခန္ဓာကိုယ်အရေပြားပေါ်မှာ အနက်အဓိပ္ပါယ်အမျိုးမျိုးနဲ့ အလှဆင်ဖန်တီးကြတဲ့ တက်တူးထိုးခြင်းဟာဆိုရင် ရှေးယခင်နှစ်များစွာတည်းက တည်ရှိနေခဲ့တဲ့ ဖန်တီးမှုတခုပဲဖြစ်ပြီး အခုနောက်ပိုင်းမှာဆိုရင်တော့ အရေပြားပေါ်မှာ တင်မဟုတ်တော့ဘဲ မျက်လုံးရဲ့အတွင်းသားထဲမှာပါ တက်တူးထိုးကြတဲ့ ဖက်ရှင်ဟာ ရေပန်းစားလို့လာနေပြီပဲ ဖြစ်ပါတယ်။

(၃) ငယ်ငယ်က ကစားခဲ့တဲ့ ဘာဘီအရုပ်မလေးတွေရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်အချိုးအစားအတိုင်း တထပ်တည်း ကျအောင်လို့ ယူကရိန်းအမျိုးသမီးတွေဟာ ခွဲစိတ်ပြုပြင်မှုတွေကို အကြိမ်ကြိမ်ပြုလုပ်ကြပြီး ယူကရိန်း အမျိုးသမီး ထုကြားမှာတော့ ဘာဘီ Face ဟာ အင်မတန်မှ ရေပန်းစားတဲ့ ဖက်ရှင် Trend တခုပဲဖြစ်ပါတယ်။

(၄) ကြိုးသိုင်းဒေါက်မြင့်ဖိနပ်တွေကို ခြေအိတ်ရှည်တွေနဲ့ တွဲဖက်ဝတ်ဆင်ဖို့ဆိုတာဟာ အင်မတန်မှ ထော်လော်ကန့်လန့် နိုင်တဲ့ ဖက်ရှင်လို့ ထင်မှတ်ခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာဆိုရင်တော့ အမျိုးသမီးတွေဟာ ဒေါက်မြင့်ဖိနပ်အမြင့်တွေနဲ့ ခြေအိတ်ရှည်တွေကို ဖက်ရှင်တခုအနေနဲ့ ဝတ်ဆင်လာကြပြီပဲ ဖြစ်ပါတယ်။

(၅) ညအိပ်ဝတ်တဲ့ ဂါဝန်လို ပုံစံမျိုးဟာဆိုရင်တော့ အခုနောက်ပိုင်းမှာဆိုရင် Celebrities တွေကြားထဲမှာရော ကမ္ဘာကျော် Brand တွေကပါ ပုံစံယူပြီး Sexy ကျစေမယ့် ဒီဇိုင်းတွေအဖြစ် ဖန်တီးဝတ်ဆင်လာနေကြပြီပဲ ဖြစ်ပါတယ်။ သာမန်ညအိပ် ဝတ်တဲ့ ဂါဝန်တွေဟာ အခုနောက်ပိုင်းမှာတော့ ဖက်ရှင်ဒီဇိုင်နာတွေနဲ့ မော်ဒယ်လ်တွေကြားမှာ ပွဲတက်ဖက်ရှင် အဖြစ်နဲ့ တောင် နေရာယူလာနိုင်ပြီပဲ ဖြစ်ပါတယ်။

Ref. www.wonderlist.com

Did you find apk for android? You can find new Free Android Games and apps.
Loading