ကမ္ဘာပေါ်က အန္တရာယ်အရှိဆုံးဒေသတွေ အများကြီးရှိပါတယ်။ ဒီအထဲကမှ အန္တရာယ်ရှိပြီး ဘေးထွက်ဆိုးကျိုးတွေရှိနေတဲ့ နေရာဒေသတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ပထမဆုံးဒေသကတော့ ရုရှားနိုင်ငံထဲက Verkhoyansk ပါ။ ဒီဒေသဟာ ဆားဘီးယားနိုင်ငံထဲပါဝင်ပြီး မော်စကို အရှေ့ဘက် မိုင် ၃၀၀၀ အဝေးမှာ ရှိပါတယ်။
ဒီဒေသဟာ ကမ္ဘာ့အအေးဆုံးဒေသဖြစ်ပါတယ်။ အအေးလှိုင်းက အမြဲလိုလိုဖြတ်နေလေ့ရှိပြီး တနှစ်မှာ ကိုးလလောက်က ရေခဲနေတတ်ပါတယ်။ ဆောင်းတွင်းမှာဆိုရင်တော့ အပူချိန်က အနုတ် ၄၀ ဒီဂရီကနေ ၆၀ ဒီဂရီကြားရှိနေတတ်ပါတယ်။ စက်တင်ဘာလကနေ မတ်လအထိ နေရောင်ခြည်က ပျမ်းမျှ တနေ့လုံးနေမှ ၅ နာရီလောက်ပဲ ရပါတယ်။
(၂) နောက်တနေရာကတော့ ကွန်ဂိုနိုင်ငံနဲ့ ရဝမ်ဒါနိုင်ငံကြားက Kivu ရေကန်ပါပဲ။ ဒီရေကန်ဟာ အာဖရိကရဲ့ အကြီးဆုံး ရေကန်တွေထဲက တကန်ဖြစ်ပါတယ်။ ဒါပေမယ့် မီသိန်းဓာတ်ငွေ့တွေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေက လေထဲမှာ အမြဲပျံနှံ့နေတတ်ပါတယ်။ လူပေါင်း ၂ သန်းလောက်ကတော့ ဆူနာမီကြောင့် အသက်ဆုံးရှုံးခဲ့ကြရပါတယ်။
(၃) နောက်တနေရာကတော့ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းမှာရှိတဲ့ Minqin ပါပဲ။ သဲကန္တာရဒသဖြစ်ပြီး စိုက်ပျိုးမြေ အများစုကတော့ သဲဖုံးသွားခဲ့ပါပြီ။ ဒီဒေသမှာရှိတဲ့ အိုအေဆစ်ဧရိယာဟာ သဲတွေဖုံးလာတဲ့အတွက် တဖြည်းဖြည်း သေးငယ်လာနေပါတယ်။ နေထိုင်သူအများစုဟာ စိုက်ပျိုးရေးသမားတွေဖြစ်ကြပေမယ့် လုပ်ကိုင်စားသောက်ဖို့ မလွယ်ကူတော့ပါဘူး။ ၁၉၅၀ ခုနှစ်တုန်းကလည်း နိုင်ငံဧရိယာရဲ့ ၁၀၀ စတုရန်းမိုင်လောက်ကို သဲဖုံးသွားခဲ့ပါတယ်။
ရွာသူ၊ ရွာသားတွေဟာ သဲကန္တာရရဲ့ စားကျက်လုတာကို အမြဲကြုံနေရပြီး အိမ်တွေနဲ့ စိုက်ပျိုးသီးနှံတွေလည်း သဲကန္တာရကြောင့် ပျက်ဆီးဆုံးရှုံးပေါင်းများခဲ့ပါတယ်။
(၄)ရုရှားနိုင်ငံက Verkhpyansk ဟာ ကမ္ဘာ့အအေးဆုံးဒေသဆိုရင် အီသီယိုးပီးယားနိုင်ငံက Dallol က အပူဆုံးဒေသပါပဲ။
အီသီယိုးပီးယားနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ Danakil သဲကန္တာရကနေ ၅ နာရီလောက်သွားလိုက်ရင် ဒီဒေသကိုရောက်ရှိမှာပါ။ Dallol ကို လူတွေက ငရဲသို့သွားရာဂိတ်ဝ လို့လည်းခါ်တတ်ကြပါသေးတယ်။ကမ္ဘာကြီးရဲ့အပူဆုံးအပိုင်းဖြစ်တဲ့ ဒီဒေသဟာ ရာသီဆိုရင်တာ့ အပူချိန်ဟာ ၁၄၈ ဒီဂရီဖာရင်ဟိုက်ထက်တောင်ကျော်ပါသေးတယ်။ နေ့စဉ် ပျှမ်းမျှအပူချိန်ကတော့ ၉၄ ဒီဂရီဝန်းကျင်လောက်မှာ ရှိပါတယ်။
(၅)ဟေတီနိုင်ငံဟာ ကျွန်ကုန်ကူးတာကိုတွေကို ပပျောက်အောင်ဆောင်ရွက်တဲ့နိုင်ငံတခု ဖြစ်ပေမယ့်လည်း လက်ရှိ အခြေအနေမှာတော့ တိုးတက်မှုနှောင့်နှေးနေတုန်းပါပဲ။
ကမ္ဘာ့အဆင်းရဲ ဆုံးနိုင်ငံတွေထဲမှာ ဟေတီနိုင်ငံလည်း ပါဝင်ပါတယ်။ ဒီဒေသမှာတရားမဝင် မူးယစ်ဆေးရောင်းဝယ်မှု တွေက အမြဲတမ်းလိုလိုရှိနေပါတယ်။ လူသတ်တာတွေ ၊ လက်နက်နဲ့ခြိမ်းခြောက်ပြီး ဓားပြတိုက်တာတွေ ၊လူပါပြန်ပေးဆွဲတာတွေ ၊ မုဒိမ်းမှုတွေနဲ့ လူသားမဆန်တဲ့ လူစုလူဝေးနဲ့ အကြမ်းဖက်တိုက်ခိုက်တာတွ အများဆုံးဖြစ်နေတဲ့နိုင်ငံတနိုင်ငံပါပဲ။
ဟေတီမှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကိုထိန်းချုပ်နိုင်ဖို့ကလည်း ရဲဝန်ထမ်းတွေက မလုံလောက်ပါဘူး။
(၆) နောက်တနေရာကတော့ ဘရာဇီးနိုင်ငံမှာရှိပါတယ်။ မြွေပေါများတဲ့ ကျွန်းတကျွန်းဖြစ်ပြီး ဒေသအခေါ်ကတော့ Iha de Queimada Grande လို့ခေါ်ပါတယ်။ ကမ္ဘာကြီးရဲ့ အန္တရာယ်အများဆုံးဒေသထဲကတခုဖြစ်ပြီး မြွေအမျိုးအစားကလည်း အစုံဆုံးပါပဲ။
ဘရာဇီးနိုင်ငံ ၊ Sao Paulo ပင်လယ် ကမ်းစပ်နဲ့ဆက်နေပါတယ်။ အဆိပ်ပြင်းတဲ့မြွေတွေ အများဆုံးရှိတဲ့ဒေသဖြစ်လို့ ဘရာဇီးအစိုးရက ကမ္ဘာလှည့်ခရီးသည်တွေ သွားရောက်မလည်ပတ်ဖို့ တားမြစ်ထားပါတယ်။
(၇) ဘိုလီဗီးယားနိုင်ငံက အမျိုးသားဥယျာဉ်ဖြစ်တဲ့ Madidi ဟာ ကြည့်လိုက်ရင်တော့ ရင်သပ်ရှုမာအောင်လှတဲ့ နေရာတနေရာပါပဲ။ ဒါပေမယ့်လည်း ဒီနေရာက အန္တရာယ်ရှိတဲ့နေရာတနေရာပါပဲ။ ဘိုလီဗီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ ဒီဥယျာဉ်မှာလည်း အဆိပ်ရှိတဲ့သတ္တဝါတွေပေါများပြီး ခရီးသွားတွေကို နေရာမရွေးကနေတိုက်ခိုက်နိုင်လို့ပါပဲ။
ကမ္ဘာကြီးရဲ့ ၁၁ ရာခိုင်နှုန်းသော ငှက်မျိုးစိတ်တွေက ဥယျာဉ်မှာရှိပါတယ်။ တိုက်သတ္တဝါမျိုးစိတ်ပေါင်း ၂၀၀ ကျော် ၊ ငါးမျိုးစိတ်ပါင်း ၃၀၀ ကျော် ရှိပါတယ်။ ဒါ့အပြင် စွန့်ပစ်ပစ္စည်းတွေကြောင့်လည်း နေအိမ်တွေက အဆိပ်သင့် နေတတ်ပါသေးတယ်။
တနေ့တခြား တိုးပွားလာနေတဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် အရေပြားယားယံတာတွေ ၊ အဖုအပိန့်ထွက်တာတွေ ၊ မူးဝေတာမျိုးတွေ ဖြစ်တတ်ပါသေးတယ်။
Ref : allthatsinteresting.com