ကမ္ဘာပေါ် ဆန့်ကျင့်ဘက်အရာတွေ ရှိတတ်ကြသလို မြို့တွေထဲမှာလည်း အကြီးဆုံးမြို့ နဲ့ အသေးဆုံးမြို့တွေရှိနေပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ အကြီးဆုံးမြို့၊ လူဦးရေ အများဆုံးမြို့နဲ့ အသေးဆုံးမြို့နဲ့ လူဦးရေ အနည်းဆုံးမြို့တွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။
၁။ Tokyo
လူဦးရေအများ ဆုံးမြို့ကတော့ တိုကျိုမြို့ ဖြစ်ပြီး လူဦးရေ ၃၅ သန်းကျော်မှာရှိပါတယ်။ ဒါက ၁၉၆၅ခုနှစ် ကနေ ၁၉၇၀ခုနှစ် အတွင်းက စာရင်းအရပါ။ လူဦးရေထူထပ်တယ်ဆိုတဲ့ တရုတ်နိုင်ငံက ရှန်ဟိုင်းနဲ့ဘေကျင်းမှာ တောင် ၂၂ သန်း နဲ့ ၂၅ သန်းကြားမှာပဲရှိပါတယ်။
အိန္ဒိယနိုင်ငံ ဒေလီမှာတော့ ၂၇ သန်းရှိပါတယ်။ ဒါက ၂၀၁၈ လူဦးရေစာရင်းအရပါ။ အခုဆိုရင်တော့ တိုကျိုလူဦးရေက ၃၈ သန်းကျော်သွားခဲ့ပါပြီ။ ဂျပန်ရဲ့ အိုဆာကာမြို့ကလည်း လူဦးရေ သန်း၂၀ ကျော်နေထိုင်တဲ့ မြို့ပါပဲ။
၂။ Hum
လူဦးရေးအနည်းဆုံးနေထိုင်တဲ့မြို့ကတော့ ခရိုအေးရှားနိုင်ငံ အနောက်မြောက်ပိုင်းက Hum မြို့လေးပါပဲ။ ၂၀၁၁ ခုနှစ် လူဦးရေစာရင်းအရဆို ၂၀ နဲ့ ၃၀ ကြားမှာရှိပါတယ်။ ဒီမြို့ မှာတော့ လမ်းကလည်း ၂ လမ်းပဲရှိပါတယ်။
လူဦးရေနဲ့ခွဲပြီးသွားတော့ အခုတခါ မြေဧရိယာအကျယ်အဝန်းနဲ့ မြို့တွေကို ဖော်ပြပေးချင်ပါတယ်။
၃။ Nagqu
မြေဧရိယာအကျယ်အဝန်းနဲ့ ခွဲမယ်ဆိုရင်တော့ တိဘက်နိုင်ငံထဲက Nagqu မြို့ ဖြစ်ပြီး စုစုပေါင်း ၄၅၀၅၇၃ ကီလိုမီတာ ကျယ်ဝန်းပါတယ်။
၄။ Vatican City
နာမည်ကျော် ဗာတီကန်နန်းတော်ရှိရာ ဗာတီကန်မြို့ကတော့ ကမ္ဘာ့မြေဧရိယာ အနည်းဆုံး မြို့ပါပဲ။ ဒီမြို့တော်ဟာ ဘာသာရေးမြို့တော် ဖြစ်တာနဲ့အညီ မြေဧကအနေနဲ့ကလည်း ၁၀၈ ဧက ကျော်ကျော်လောက်ပဲ ရှိပါတယ်။
Ref : timesofindia.indiatimes.com