၂၀၁၉ ခုနှစ်မှာတော့ Disney World ကို ယခုလက်ရှိ အခြေအနေထက် ထပ်ပြီး တိုးချဲ့မယ့် အစီအစဉ်အသစ်တွေ ရှိလာတော့မှာ ဖြစ်ပါတယ်။ အပန်းဖြေ အနားယူသူတွေကို စိတ်ကျေနပ်ရရှိစေဖို့ ရည်ရွယ်ပြီး Disney ရဲ့ Mickey Mouse နဲ့ သူ့ သူငယ်ချင်းတွေဟာ ဘယ်လို ရင်ခုန်စိတ်လှုပ်ရှားဖွယ်တွေကို ပြုလုပ်ပေးမလဲဆိုတာ ဖော်ပြပေးပါမယ်။
(၁) Orlando မှာ တည်ရှိတဲ့ Disney Studio ဟာဆိုရင် ၂၀၁၉ ခုနှစ်မှာပဲ သူတို့ရဲ့ လူသိများတဲ့ ဇာတ်ကောင် Mickey Mouse နဲ့အတူ စီးနင်းလိုက်ပါနိုင်ဖို့ ပတ်လမ်းတခုကို စတင်ဖွင့်လှစ်တော့မှာဖြစ်ပြီး အဲဒီပတ်လမ်းရဲ့ ပတ်ပတ်လည် မြင်ကွင်းတွေကို နောက်ထပ် ထွက်ရှိလာမယ့် ဇာတ်လမ်းထဲက ဇာတ်ဝင်ခန်း အချို့နဲ့အတူ ပုံဖော်တည်ဆောက်ထားပါတယ်။
(၂) မေလ ၁ရက် ၂၀၁၉ ခုနှစ်မှာ Disney Studio ရဲ့ ရပ်တည်မှုဟာ နှစ် ၃၀ ပြည့်မြောက်တော့မှာဖြစ်ပြီး အဲဒီနေ့မှာပဲ Mickey Mouse နဲ့အတူ Disney ရဲ့ ဖြတ်သန်းမှုတွေကို Disney ရဲ့ ဟန်အတိုင်း ပြန်လည် ပြသသွားမှာ ဖြစ်ပါတယ်။
(၃) ၂၀၁၉ ခုနှစ်ထဲမှာပဲ Disney ဟာ Riviera အပန်းဖြေစခန်းကို ထပ်မံဖွင့်လှစ်သွားမှာဖြစ်ပြီး အနုပညာပစ္စည်းတွေ၊ ဗိသုကာအလှ၊ အစားအစာတွေအပြင် မြေထဲပင်လယ်ဒေသ ကမ်းရိုတန်းပုံစံအတိုင်း တည်ဆောက်ထားပါတယ်။
(၄) Disney ဟာ ဂျပန်နိုင်ငံရဲ့ ခရီးသွားလာရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အပန်းဖြေခရီးစဉ်တခုကိုလည်း လုပ်ဆောင်သွားမှာပါ။ ဒီခရီးစဉ်မှာတော့ စိုက်ပျိုးရေးပြုလုပ်တဲ့ ရွာတွေဆီ လှည့်လည် သွားလာခြင်း၊ စပါးပင်တွေကြား ရေကြောင်း ခရီးသွားလာခြင်းတွေအပြင် အခြားသော စိတ်လှုပ်ရှားဖွယ် အစီအစဉ်တွေ ပါဝင်ပါတယ်။
(၅) ၂၀၁၉ ခုနှစ်မှာပဲ Disney ဟာ သူ့ရဲ့ ၈ ညအိပ် ရေကြောင်းခရီးစဉ် တခုဖြစ်တဲ့ ကမ္ဘာကျော် သမိုင်းဝင်နေရာတွေကိုလည်း စီစဉ်ထားပါတယ်။ အဲဒီ ခရီးစဉ်မှာတော့ ပြင်သစ်နိုင်ငံရဲ့ အထင်ကရ နေရာတွေဖြစ်တဲ့ Monte Carlo, Cannes, Nice၊ အီတလီနိုင်ငံရဲ့ Positano, Amalfi, Pompeii Florence, Pisa နေရာတွေအပြင် စပိန်နိုင်ငံ Barcelona အထိ ပါဝင်မှာ ဖြစ်ပါတယ်။
Ref: www.rd.com