ဒီလေယာဉ်ပျံကတော့ ဘိုးရင်း 777 လေယာဉ် ဖြစ်ပြီး Sara Shakeel ရဲ့ လက်ရာဖြစ်ပါတယ်။ ဒီ လေယာဉ်ပျံဟာ အစ္စလာမာဘတ်လေဆိပ်ကနေ အီတလီနိုင်ငံရဲ့ မြို့တော် မီလန်ကို ပျံသန်းမှာပါ။
မီလန်ကို မပျံသန်းခင်အချိန်မှာဘဲ Sara Shakeel က ဖန်တီးခဲ့တာဖြစ်ပါတယ်။ သွားဆရာဝန် တယောက် ဖြစ်တဲ့ Sara Shakeel ဟာ သူမရဲ့ Instagram အကောင့်မှာလည်း ခုလိုမျိုး ရတနာတွေစီခြယ်ထားတဲ့ ဓာတ်ပုံတွေ တင်လေ့ ရှိပါတယ်။ စိန်အုပ်ထားတဲ့ ဒီ ဘိုးရင်း 777 ပုံကို သူမရဲ့ Instagram မှာတင်ပြီးတဲ့နောက်မှာတော့ လူစိတ်ဝင်စားမှုများခဲ့ပြီး လူသန်းပေါင်းများစွာ ကြည့်ရှုခဲ့ပါတယ်။
လေကြောင်းလိုင်းကလည်း ဒီပုံကိုပဲ Sara Shakeel ဒီဇိုင်းထုတ်ပေးထားတဲ့ အစ္စလာမ်ကမ္ဘာရဲ့ ဘိုးရင်း 777 ဆိုပြီး သူတို့အကောင့်တွေမှာ ပြန်တင်ခဲ့ကြပါတယ်။
အွန်လိုင်း အသုံးပြုသူတချို့တော့ ဒီလေယာဉ်ဟာ တကယ့်စိန်အုပ်ထားတဲ့ လေယာဉ်လို့ ယုံကြည်ကြပေမယ့် တချို့ကတော့ ဓာတ်ပုံပညာနဲ့ ပြန်ပြင်ထားတဲ့လေယာဉ်လားလို့ မေးခွန်း ထုတ်လာကြပါတယ်။
Instagram အသုံးပြုသူတယောက်ဖြစ်တဲ့ manasatluri ဆိုသူကတော့“ဒီလေယာဉ်က တကယ်အစစ်လား ၊ ဒါမှမဟုတ် ကျနော် အိပ်မက်မက်နေတာလား။ တကယ် အစစ်သာဆိုရင်တော့ သိပ်လှတာပဲဗျာ”လို့ မှတ်ချက်ရေးခဲ့ပါတယ်။
တကယ်အစစ်သာ ဆိုရင်တော့ မေးစရာမေးခွန်းတွေ ရှိလာပါတယ်။ စိန်တွေညွှတ်နေအောင် စီထားမှတော့ ဒီလေယာဉ်ပျံက လေထဲ ဘယ်လိုပျံမှာပါလဲ။ နောက်တယောက်ကတော့ သူ့အမြင်ကို အခုလိုပဲပြောပါတယ်။“နည်းပညာအရလည်း မဖြစ်နိုင်ပါဘူး၊ လေယာဉ်တွေက တန်ပိုသယ်ဆောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ အလွန်အန္တရာယ်များပါတယ်”လို့ ဆိုထားပါတယ်။
လက်ခံသူတွေနဲ့ လက်မခံသူတွေအတွက် Sara ပြန်ပေးတဲ့အဖြေကတော့ “ဒီ ချစ်စရာကောင်းပြီး စိတ်လှုပ်ရှားစရာလည်း ကောင်းတဲ့လေယာဉ်ကို ကျမ ရိုးရိုးသားသားနဲ့ တကယ် ဖန်တီးခဲ့တာပါ”လို့ ဆိုထားပါတယ်။
Ref:dailymail