• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

“Le Bal des Debutantes” ပွဲမှာ ပါဝင်ခဲ့တဲ့ Huawei Founder ရဲ့ သမီး

by Crayon
13 December 2018
in Trend
A A
Huawei Founder ရဲ့ သမီး Annabel Yao

Huawei Founder ရဲ့ သမီး Annabel Yao

6.7k
VIEWS
Share on FacebookShare on Twitter

Paris မှာကျင်းပတဲ့ Le Bal des Debutantes ပွဲမှာ ပါဝင်တဲ့အမျိုးသမီးတွေဟာ အသက် ၁၆ နှစ်ကနေ ၂၁နှစ် အတွင်းရှိရပြီး ရုပ်ရည်၊ ပညာအရည်အချင်း၊ နောက်ခံမိသားစု အသိုင်းအဝိုင်းကောင်းက ဖြစ်ရပါတယ်။ ဒီလိုပွဲမှာ စီးပွားရေး၊ အနုပညာနယ်ပယ်နဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက မိသားစုရဲ့ သားသမီးတွေ ပါဝင်ရပါတယ်။

လှပတဲ့ ညနေခင်း ပွဲတက်ဝတ်စုံတွေနဲ့အတူ တွဲဖက် အမျိုးသားတယောက်နဲ့ ဓာတ်ပုံရိုက်တာမျိုး၊ အင်တာဗျူး ဖြေတာမျိုးတွေ လုပ်ရပါတယ်။ ဒီပွဲမှာ ပါဝင်ဆင်နွှဲသူတွေထဲက နာမည်ကြီးသူအချို့ကတော့ Ludmilla Von Oppenheim, AT&T Founder ရဲ့သမီးဖြစ်သူ Julia McCaw, Huawei Founder ရဲ့သမီးဖြစ်သူ Annabel Yao တို့ပဲ ဖြစ်ပါတယ်။

RelatedPosts

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
755
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
333
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
407

“ဒီပွဲကနေ ကျမဟာ ကမ္ဘာကြီးကို စတင်ထိတွေ့ရတော့မယ့်သူလို့ ခံစားလာရတယ်။ အခုကစလို့ ကျမဟာ ကိုယ်ပိုင် ဘဝထဲမှာနေထိုင်တဲ့ ကောင်မလေး မဟုတ်တော့ဘူး။ ကိုယ့်ရဲ့ လုပ်ရပ်တွေအတွက် ကိုယ်တိုင်က သတိထား ဆင်ခြင်ပြီး စောင့်ကြည့်ရမှာဖြစ်သလို သူများတွေရဲ့စောင့်ကြည့်ခြင်းကို ခံရတော့မယ်”လို့ Annabel Yao ကပြောပါတယ်။

Le Bal des Debutantes ပွဲမှာ ပြင်သစ်၊ ပေါ်တူဂီ၊ ဘယ်လ်ဂျီယံ၊ ဂျာမဏီ၊ အိန္ဒိယနဲ့ ဖိလစ်ပိုင်အစရှိတဲ့ နိုင်ငံပေါင်းစုံက အမျိုးသမီးငယ်လေးတွေ ပါဝင်ပါတယ်။ Yao ဟာအသက် ၂၁ နှစ်ရှိပြီး ဟားဗတ်တက္ကသိုလ်မှာ Computer Science ဘာသာရပ်ကို သင်ကြားနေပါတယ်။ ဘဲလေးအကကို ဝါသနာပါပြီး ဟောင်ကောင်၊ ရှန်ဟိုင်းနဲ့ ဗြိတိန်မှာ တလှည့်စီနေထိုင်နေတယ်လို့ သိရပါတယ်။

ဒီပွဲက အမျိုးသမီးတွေအားလုံးဟာ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်ပြီး ကူညီတတ်ကြပါတယ်။ ရိုးသားပွင့်လင်းပြီး ပကာသနကင်းပါတယ်။ အများစုက Stanford, Brown နဲ့ Columbia တို့လို နာမည်ကြီးတက္ကသိုလ်က ကျောင်းသူတွေဖြစ်ပြီး အလုပ်ကြိုးစားတတ်တဲ့သူတွေ ချည်းပါပဲလို့ Yao က ဆိုပါတယ်။

လူကုံထံအသိုင်းအဝိုင်းနဲ့ အောင်မြင်ကျော်ကြားသူတွေရဲ့အသိုင်းအဝိုင်းကြား စတင်မိတ်ဆက်တဲ့သဘောသက်ရောက်တဲ့ Le Bal des Debutantes ပွဲကို မိန်းမပျိုလေးတွေဟာ ပါရီကို ပွဲမစခင် ၂ ရက်အလို ကြိုရောက်နေပြီး တဦးနဲ့တဦး မိတ်ဆက်ခြင်း၊ မေးခွန်းအမေးအဖြေတွေကို လုပ်ရပါတယ်။

“ဒီပွဲကို တက်ရောက်ခွင့်ရတဲ့အတွက် ကျမအရမ်းကို ဝမ်းသာမိပါတယ်။ ဒီပွဲဟာ တကမ္ဘာလုံးက မိန်းကလေး ၁၉ ယောက်ကိုသာ ရွေးချယ်ထားတာဖြစ်တဲ့အတွက် ကျမ အလုပ်ကြိုးစားပြီး ကောင်းမွန်တဲ့အရာတွေကို လုပ်ဆောင်သွားရမှာဖြစ်သလို မိန်းမပျိုလေးတွေရဲ့ စံပြကောင်းတယောက်ဖြစ်အောင် နေထိုင်သွားရမယ်ထင်တယ်”လို့ သူမက ဆိုပါတယ်။

“အကူအညီလိုအပ်နေတဲ့သူတွေကို ကူညီနိုင်ဖို့ ပရဟိတလုပ်ငန်းတွေမှာလည်း ပါဝင်ချင်ပါတယ်။ အရင်က သာမန်မိန်းကလေးလိုသာ နေထိုင်ခဲ့ပြီး ကျမရဲ့နေ့စဉ်ဘဝက ငြီးငွေ့ဖွယ်ကောင်းပါတယ်။ ကျမက သာမန်ကျောင်းသူတယောက်လိုသာ နေထိုင်ခဲ့တာပါ”လု့ိ Yao က ဆိုပါတယ်။

သူမဟာ Computer Science ဘာသာရပ်က ခက်ခဲတာကြောင့် စာအများကြီးကိုလေ့လာရပါတယ်။ အားလပ်ချိန်တွေမှာတော့ ဘဲလေးအကနဲ အချိန်ဖြုန်းလေ့ ရှိပါတယ်။ သူမက Microsoft မှာ Internship ဆင်းထားပြီး ဖက်ရှင်နဲ့ အနုပညာပိုင်းမှာလည်း ဝါသနာပါတယ်လို့ သိရပါတယ်။ Coding ရေးဆွဲရတာကို သဘောကျပေမယ့် အနာဂတ်မှာ စီမံခန့်ခွဲမှုဘက်ကိုသာ အားထည့်သွားမယ်လို့လည်း ဆိုပါတယ်။

သူမဟာ Le Bal ပွဲနောက်ပိုင်းမှာ လူပိုစိတ်ဝင်စားခြင်းခံလာရတပါတယ်။ အခုဆိုရင် သူမကို စောင့်ကြည့်သူတွေကလည်း အနည်းနဲ့ အများတော့ ရှိလာနေပါပြီ။

Ref: www.scmp.com

Your Thoughts …
Tags: Annabel YaoHuawei FounderLe Bal des Debutantes
Crayon

Crayon

Similar Picks:

No Content Available
Next Post
ပန်းချီဆွဲတဲ့ ခွေးလေး Jumpy

အနုပညာဗီဇ ပါလာတဲ့ တိရစ္ဆာန်လေးများ

အိန္ဒိယအချမ်းသာဆုံးသူဌေးကြီးရဲ့ သမီးရဲ့ မင်္ဂလာပွဲ

ဒေါ်လာသန်း ၁၀၀ အကုန်အကျခံ ကျင်းပခဲ့တဲ့ အိန္ဒိယအချမ်းသာဆုံးသူဌေးကြီးရဲ့သမီး မင်္ဂလာပွဲ

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate