ပျော်ရွှင်မှုဟာ လူတိုင်းနဲ့ ထိုက်တန်တဲ့ အရာတခုပါ။ တိုးတက်လာတဲ့ ခေတ်အခြေအနေအရ လူသားတိုင်းဟာ အနည်းနဲ့အများဆိုသလို စိတ်ဓာတ်ကျတဲ့ ရောဂါတွေကို ရင်ဆိုင်နေပါတယ်။
မြန်မာနိုင်ငံမှာလည်း လူအများကြားမှာ အရှိန်ပြင်းပြင်းနဲ့ ဆိုရှယ်မီဒီယာကို သုံးစွဲမှုများလာပြီး အင်တာနက်ပေါ်မှာ ခြိမ်းခြောက်ခြင်း ၊ကဲ့ရဲ့ခြင်း၊ နှိမ့်ချခြင်း စတာတွေကို ဂရုမပြုဘဲ ပြုလုပ်နေကြပါတယ်။
အဲဒီအစား အပြုအဘောဆောင်တဲ့ လောကကို ပိုပြီး သွားဖို့ လိုလာပါတယ်။ ဒါကတော့ စကားချပ်ပါ။ သိပ္ပံပညာဟာလည်း ဖွံ့ဖြိုးလာပြီး လူတွေဟာ ဘယ်လို အချိန်တွေမှာ ပျော်ရွှင်လေ့ရှိလဲ ဆိုတဲ့ စစ်တမ်းကို ကောက်ယူခဲ့ပါတယ်။ အဲဒီစစ်တမ်းအရ ပျော်ရွှင်အောင်နေနည်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) သင့်အမေကို ဖုန်းဆက်ပါ
သင့်အမေက သင့်အကြောင်းကို အသိဆုံးလူ ဖြစ်ပါတယ်။ ဒါကြောင့် သင်ကြုံတွေ့နေရတဲ့ လောကဓံတရားတွေကို သင့်အမေက မဖြေရှင်းပေးနိုင်ရင်တောင် သင့်ကို လုံခြုံမှုတွေ ပေးနိုင်ပါလိမ့်မယ်။ သိပ္ပံပညာရှင်တွေရဲ့ ပြောစကားက မိခင်တွေရဲ့ အသံဟာ စိတ်ဖိစီးမှုကို လျော့ချပေးနိုင်ပါတယ်။ မိခင်ရဲ့ အသံကို ကြားရတဲ့ အခါ ဟော်မုန်းအပြောင်းအလဲ ဖြစ်ပြီး ပျော်ရွှင်စေတဲ့ ဟောမုန်းကို ထုတ်ပေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဖုန်းများများဆက်ပါ။
(၂) အပြုသဘောဆောင်တဲ့ သီချင်းတွေကို နားထောင်ပါ
သီချင်းနားထောင်ခြင်းကလည်း သင့်စိတ်ကို ပြောင်းလဲစေတယ်ဆိုတာ သင်သိမှာပါ။ စိတ်ချမ်းသာချင်တယ်ဆိုရင် အပြုသဘောဆောင်တဲ့ သီချင်းတွေကို ပိုမိုနားထောင်ဖို့ တိုက်တွန်းချင်ပါတယ်။ သင့်ကို အတွေးပေါင်းစုံ ဝင်စေမယ့် သီချင်းတွေအစား ပျော်စရာအတွေးဝင်တဲ့ သီချင်းတွေကို ရွေးဖို့လိုပါတယ်။
ဥပမာ တေလာဆွဖ်ရဲ့ “Look What You Make Me Do” ထက်စာရင် Pharrell Willam ရဲ့ “Happy” လို သီချင်းမျိုးကို နားထောင်ဖို့ အကြံပေးချင်ပါတယ်။
(၃) အပြင်သွားပါ
အခန်းထဲအောင်းပြီး လူတွေနဲ့ မတွေ့ဘဲနေတာက သင့်ကို ပိုစိတ်ဓာတ်ကျစေပါတယ်။ ပြင်ပလောကမှာ သင်မသိတာတွေနဲ့ လေ့လာစရာတွေ အများကြီးရှိနေပါတယ်။ မိတ်ဆွေအသစ်ဖွဲ့ဖို့လည်း မကြောက်ပါနဲ့။ ရာသီဥတု သာယာတဲ့ နေရာတွေကို ခရီးထွက်ပါ။ ခရီးစဉ်တလျှောက် သင့်စိတ်ကြိုက်အနားယူပြီး ပျော်ရွှင်မှုကို ဖန်တီးဖို့ လိုအပ်ပါတယ်။
(၄) ဖုန်းသုံးတာကို လျှော့ပါ
သုသေသနတွေအရ ဖုန်းအသုံးပြုမှု များတာဟာ သင့်ကို စိတ်မလုံခြုံမှုနဲ့ အဖော်ကင်းမဲ့မှုကို ပိုပြီး ဖြစ်စေပါတယ်။ လျှပ်စစ်ပစ္စည်းတွေက ထုတ်တဲ့ ဓာတ်တွေ ပြီးတော့ ဆိုရှယ်မီဒီယာရဲ့ အကျိုးသက်ရောက်မှုတွေကြောင့် လူငယ် အယောက် ၅၀၀ မှာ ၄၅၀ ကျော်ဟာ အထီးကျန်မှုနဲ့ ကိုယ့်ဘဝကို အလိုမကျမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဖုန်းကို ပိတ်ပြီး လက်တွေ့ဘဝမှာ ပိုမိုပျော်ရွှင်အောင် နေကြည့်ပါ။
(၅) လက်ရှိမှာ နေထိုင်ပါ
စိတ်ဓာတ်ကျတဲ့ သူအများစုဟာ အတိတ်ထဲက မထွက်နိုင်လို့ပဲ ဖြစ်ပါတယ်။ လက်ရှိမှာ နေထိုင်ဖို့ ခက်ခဲတာကို နားလည်ပါတယ်။ ဒါပေမယ့် တတ်နိုင်သလောက်ကြိုးစားပြီး နေပေးဖို့ တိုက်တွန်းချင်ပါတယ်။ သင့်သူငယ်ချင်းတွေနဲ့ ခရီးသွားနေတဲ့ အချိန်၊ မုန့်စားနေတဲ့ အချိန်တွေမှာ သင့်ရဲ့ လက်ရှိကိုပဲ တွေးထားပါ။
လည်ပတ်ပြီး ပြန်ရင် နောက်နေ့ဘယ်လို့ ရှေ့ဆက်ရမယ်၊ အရင်က လုပ်ခဲ့တဲ့ အမှားတွေကို ထိုင်တွေးနေမယ် ဆိုရင်တော့ သင် ပျော်ရွှင်မှုနဲ့ ဝေးနေဦးမှာပါပဲ။
Ref ; brightside