လူတိုင်းလူတိုင်း ကလေးဘဝမှာ အနည်းဆုံး အရုပ်တရုပ်တော့ ကိုယ်စီ ပိုင်ဆိုင်ခဲ့ဖူးကြမှာပါ။ ကလေးဘဝမှာ အရုပ်တွေနဲ့ ကစားရတာကို နှစ်သက်ပြီး အိပ်တဲ့အချိန်ထိ ဘယ်သွားသွား အရုပ်လေးတွေကိုပါ ခေါ်သွားလေ့ရှိတာတွေကလည်း စာရေးသူတို့ အတွက် ငယ်ဘဝ အမှတ်ရစရာတွေပါ။
ဒါပေမယ့် အရုပ်တိုင်းဟာ ချစ်စရာကောင်းနေတာမျိုး မဟုတ်ဘဲ ပိုင်ရှင်ကိုပါ ထိခိုက်စေတတ်တာတွေလည်း ရှိတဲ့အတွက်ကြောင့် ကမ္ဘာပေါ်မှာ ဘယ်လိုအရုပ်မျိုးတွေက ကြောက်စရာကောင်းလဲ ဆိုတာကို ဖော်ပြပေးပါမယ်။
(၁) Elmo အရုပ်တွေဟာ ကလေးငယ်တွေကြားမှာ ရေပန်းစားတဲ့ အရုပ်တရုပ်ဖြစ်ပြီး Bowman မိသားစုရဲ့ ၂ နှစ်အရွယ် ကောင်လေးမှာလည်း အဲဒီအရုပ်တရုပ် ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ Elmo အရုပ်ရဲ့ ပရိုဂရမ်ကတော့ အရုပ်ပိုင်ရှင်တွေရဲ့ နာမည်ကို အသံသွင်းခေါ်ဆိုတတ်စေဖို့ ရေးဆွဲထားခဲ့တာဖြစ်ပြီး ကောင်လေးရဲ့ အမေဟာ သူမနဲ့ မလှမ်းမကမ်းဆော့ကစားနေတဲ့ဆီကနေ အသံတခုကြားလိုက်ရပါတယ်။
အဲဒါကတော့ “Janes ကို သတ်” ဆိုတာပဲဖြစ်ပြီး သူမဟာ သွားရောက်ကြည့်ရှုခဲ့ပေမယ့် ဘာသံမှ ထပ်မကြားရတော့ဘဲ နောက်ထပ် ရက်အနည်းငယ်အကြာမှာ အရုပ်ဆီကနေ “Jaens ကို သတ်” ဆိုတာကိုပဲ သီချင်းတပုဒ်လို သီဆိုနေခဲ့တာဖြစ်တဲ့အတွက်ကြောင့် Bowman တမိသားစုလုံး ချောက်ချားခဲ့ကြပါတယ်။
(၂) Amelia လို့ခေါ်တဲ့ ကောင်မလေးအရုပ်လေးကတော့ ၁၈၀၀ ပြည့်နှစ်မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အရုပ်သမိုင်းမှာတော့ သူဟာ ရှေးအကျဆုံး အရုပ်တရုပ်လည်း ဖြစ်ပါတယ်။ ဒီအရုပ်ကိုတော့ အီတလီဘုရင်က ပိုင်ဆိုင်ခဲ့တာလို့ သိရှိရတာဖြစ်ပြီး အဲဒီအချက်ကြောင့်ပဲ Amelia ဟာ နာမည်ကြီးခဲ့တာလည်း ဖြစ်ပါတယ်။
အရုပ်ရဲ့ ထူးခြားချက်ကတော့ သူ့အမေကို အော်ဟစ်ငိုယိုနေခဲ့တာကြောင့်ဖြစ်ပြီး အရုပ်ရဲ့ ပရိုဂရမ်မှာ ပါဝင်တဲ့ အသံပစ္စည်းတွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက ပျက်စီးနေခဲ့တာလည်း ဖြစ်ပါတယ်။
(၃) Annabelle အကြောင်းကို စာဖတ်သူတွေ Annabelle နဲ့ The Conjuring ရုပ်ရှင်တွေကြောင့် အတော်အသင့် သိရှိခဲ့ကြပြီး ဖြစ်ပါလိမ့်မယ်။ ရုပ်ရှင်တွေမှာတော့ ကြောက်စရာပုံသဏ္ဍာန်မျိုး ပြုလုပ်ထားတာဖြစ်ပေမယ့် တကယ့်အရုပ်ကတော့ ပုံမှန်မျက်နှာမျိုးနဲ့ နှစ်လိုဖွယ်အပြုံးတွေနဲ့သာ တွေ့မြင်ရမှာဖြစ်ပါတယ်။ အဲဒီအရုပ်မှာ တစုံတခု ပူးကပ်ခံနေရတာဖြစ်ပြီး အရုပ်နဲ့ ဝေးဝေးမှာနေဖို့ အရုပ်ရဲ့ မျက်လုံးတွေကိုအကြာကြီး စိုက်မကြည့်မိဖို့ ပြတိုက်အနေနဲ့ သတိပေးထားပါတယ်။
Ref: wonderlist.com